ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ရှေးဟောင်းရေကန် ၄၆ ကန်အား ပြန်လည်တူးဖော်ထိန်းသိမ်းလျက်ရှိရာ ရဟန်းရှင်လူပြည်သူများအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်ခြင်း

 

နေပြည်တော်   ဖေဖော်ဝါရီ     ၈
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင်   ရှေးဟောင်းရေကန်   ၄၆   ကန်အား    ပြန်လည်တူးဖော် ထိန်းသိမ်းလျက်ရှိရာ   ရဟန်းရှင်လူပြည်သူများအနေဖြင့်   တတ်စွမ်းသမျှ   လှူဒါန်းလိုသည်ဖြစ်စေ၊ ရေကန်တစ်ကန်ချင်း လှူဒါန်းလိုသည်ဖြစ်စေ အလှူငွေများကို လက်ခံသွားမည်ဖြစ်ပြီး ပါဝင်လှူဒါန်း လိုပါက ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စီမံ/ဘဏ္ဍာဌာနခွဲ)၊  နေပြည်တော် (ဖုန်း၊ ၀၆၇-၃၄၀၈၄၁၈)၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန   ရန်ကုန်ဌာနခွဲ   (ဖုန်း ၊ ၀၉-၅၀၆၁၈၃၂ ၊ ၀၁-၇၅၁၃၈၉၇) ၊    ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့်  အမျိုးသားပြတိုက်ဦးစီးဌာန   မန္တလေးဌာနခွဲ  (ဖုန်း၊   ၀၉-၂၀၀၂၁၉၅၊ ၀၂-၄၀၆၀၀၆၁)၊ ညွှန်ကြားရေးမှူး ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ (ဖုန်း၊ ၀၉-၂၀၀၁၉၀၆၊ ၀၆၁-၂၄၆၀၂၆၉) နှင့် KBZ Bank NYAUNG OO BRANCH  ACCOUNT No.06713906701442701    တို့သို့    ပေးပို့ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း    အသိပေးနှိုးဆော်အပ် ပါသည်။                                   
 သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန