ပုဂံဒေသရဲ့ ခရီးစဉ်ဒေသသစ်တစ်ခုဖြစ်လာတဲ့ တုရင်တောင်ကြောက သဘာဝအပန်းဖြေစခန်း

 

ယဉ်လာဒ်

         နေထိုင်မှု    မွန်းကျပ်မှု​ဘဝက​
     နေ ခဏတာလွတ်​မြောက်ရင်း သဘာဝတရားနဲ့    ​ကျေးလက်သဘာဝ​တွေကို       ထိ​တွေ့ခံစားကြည့်နိုင်ရန်    ရည်ရွယ်ပြီး        သဘာဝရှုခင်း​တွေနဲ့        လိုက်ဖက်ညီလှတဲ့     စိတ်ခံစားမှုရသကို      ပေးစွမ်းနိုင်စေတဲ့ မြန်မာတို့ရဲ့     အသည်း နှလုံးလို့ဆိုရတဲ့     ပုဂံဒေသ    တုရင် တောင်ကြောကြားက သဘာဝအပန်းဖြေ စခန်းဆီကို       သွားရောက်နိုင်စေဖို့  ဒီတစ်ပတ်    ခရီးသွားလမ်းညွှန်အနေနဲ့  ဖော်ပြပေးချင်ပါတယ်။
ပုဂံကိုရောက်တဲ့     ဧည့်သည်အများစု က     ပုဂံရဲ့နေဝင်ဆည်းဆာရှုခင်းကို တခုတ်တရ     သွားကြည့်ကြပါတယ်။ ဟိုးအရင်ကတော့  စေတီ၊  ပုထိုးတွေ ပေါ်ကနေ         တက်ကြည့်လို့ရပေမယ့် ခရီးသွားဧည့်သည်တွေ   များလာတဲ့အခါ စေတီ၊ ပုထိုးတွေရဲ့ ကြံ့ခိုင်မှုကို ကာကွယ် နိုင်ဖို့အတွက်       တက်ရောက်ခွင့်မပေး တော့ဘဲ  ရှုခင်းကြည့်တောင်ကုန်းတွေက နေပဲ ကြည့်လို့ရအောင် စီစဉ်ပေးလာခဲ့ပါ တယ်။ ခရီးသွားဧည့်သည် တချို့ကတော့ ရှုခင်းကြည့်       တောင်ကုန်းတွေထက် ကြည့်လို့ရနိုင်တဲ့     တုရင်တောင်ပေါ်က နေ     ပုဂံလွင်ပြင်       နေဝင်ဆည်းဆာ ရှုခင်းအလှကို  သွားရောက်ကြည့်ကြလေ့ ရှိပါတယ်။ 
ပုဂံဆိုရင်   ရှေးဟောင်းဘုရားပုထိုး စေတီတွေကပဲ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်တယ်လို့ ယူဆခဲ့ကြတာပါ။ တကယ်တော့ တုရင်တောင်ကြောအတိုင်း ခြေလျင်တောင်တက်ခရီးသွားတာ၊    ပုဂံ လွင်ပြင်ထဲမှာ  ခရီးကြမ်းစက်ဘီးစီးတာ၊ ရွာတွေမှာ Home Stay ခရီးစဉ်စီစဉ်တာ၊ ဒေသရဲ့ လူနေမှုဘဝတွေကို လေ့လာတာ ကိုပါ  ပြုလုပ်နိုင်ပါသေးတယ်။ 
အခုဆိုရင်  ခရီးသွားဧည့်သည်တွေ အတွက် ခရီးစဉ်ဒေသတစ်ခုအဖြစ်     ပုဂံ ဒေသ           တုရင်တောင်ကြောကြားက သဘာဝအပန်းဖြေစခန်း Tuyin Valley Eco Farm ကို ပုဂံဒေသရဲ့ ခရီးစဉ်အသစ် တစ်ခုအနေဖြင့်   ဖော်ဆောင်ခဲ့ပါတယ်။
ပုဂံဒေသကို ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုး စေပြီး   ဒေသရဲ့     လူနေမှုဘဝတွေကိုပါ မြှင့်တင်ပေးနိုင်ဖို့  ရည်ရွယ်ချက်နဲ့ တုရင် တောင်ကြောအလယ်မှာ ဧက၂၀ အကျယ် အဝန်းရှိတဲ့ Tuyin Valley Eco Farm ကို ပုဂံဒေသနဲ့ လိုက်လျောညီထွေစွာ   ပုံဖော် ဆောင်ရွက်ခဲ့ပါတယ်လို့     ပိုင်ရှင်ဖြစ်သူ က စာရေးသူကို ပြောပြပါတယ်။
ဧက၂၀ ​ကျော်ထဲမှာ   စက်ဘီးစီးပြီး ပတ်ကြည့်နိုင်သလို    ထန်းတောကြားထဲ လမ်းလျှောက်နိုင်ဖို့     လမ်းလေးတွေ ဖန်တီးပေးထားပါသေးတယ်။ ထန်းတော နဲ့လိုက်ဖက်မယ့်          အပင်မျိုးစုံကို လည်း မြင်တွေ့နိုင်ပြီး   စွန့်ပစ်ပစ္စည်းတွေ ကို ပြန်လည်အသုံးချ    ပေးထားပါသေး တယ်။
တုရင်တောင်မှာ ပုဂံမြို့ရဲ့    အရှေ့ တောင်ဘက်ခြောက်မိုင်အကွာမှာ တည်ရှိ ပြီး ညောင်ဦး-   ကျောက်ပန်းတောင်း ကားလမ်းရဲ့ အနောက်ဘက်    နှစ်မိုင် အကွာမှာ တည်ရှိပါတယ်။ တုရင်တောင် ပေါ်ကနေ    တောင်ဘက်     တုရင် တောင်ကြောတစ်လျှောက်၊     အနောက် ဘက်နဲ့ မြောက်ဘက်    ပုဂံလွင်ပြင်ရှုခင်း တွေကိုပါ       ရှုမျှော်မဆုံးမြင်တွေ့နိုင်ပါ တယ်။
ဒါ့ပြင်     မြကန်ရေလှောင်တမံကိုပါ မြင်တွေ့ရစေပါတယ်။    မြကန်ဆိုတာ သမိုင်းဆိုင်ရာ အမွေအနှစ်တစ်ခုဖြစ်ပြီး ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့တဲ့မြကန်ရေကန်ဖြစ်ပါတယ်။ 
တုရင်တောင်ကြောထဲမှာ   ဖွင့်လှစ် ထားတဲ့     သဘာဝအပန်းဖြေစခန်းဟာ တောင်ပတ်လည်ကာရံထားတဲ့  သဘာဝ အိုအေစစ်လေးတစ်ခုလို   ဖြစ်နေတာပါ။ Tuyin Valley Eco Farm မှာ မြင်းစီးချင်တဲ့ ခရီးသွားဧည့်သည်တွေအတွက် In door ရော   Out   Door ပါ     စိတ်တိုင်းကျ စီးနိုင်ပါသေးတယ်။    ဒါ့ပြင်     ခြံထဲ ပတ်ကြည့်ပြီး     ထန်းတောတွေကြားထဲ မြင်းစီးရတဲ့ရသကိုလည်း ရရှိစေနိုင်အောင် ဖန်တီးပေးထားပါတယ်။ 
သမိုင်း​ဝင်အထင်ကရ​တွေ ပတ်လည် ဝိုင်း​နေတဲ့​     နေရာ​မှာတည်ရှိတဲ့     တုရင်​တောင်​ကြောထဲမှာ Tuyin Valley Eco Farm ကို ထားရှိပြီး      မြောက်ဘက်မှာ မြကန်ရေကန်  တည်ရှိပါတယ်။    မြကန်ရဲ့ အ​ပေါ်မှာ    တုရင်​တောင် စွယ်​တော်မြတ်​စေတီ​တော်ကြီးတည်ရှိပြီး Tuyin Valley Eco   Farm  ကနေ       ကြည်ညိုဖွယ်ရာ ဖူး​မျှော်နိုင်ပါသေးတယ်။ ဒါ့ပြင်    အထင် ကရ        ကျောက်​ရေကန်ကြီးကလည်း အ​ရှေ့ဘက်​တောင်တန်း​ပေါ်မှာ      တည်ရှိ​နေပါတယ်။          ဒါတင်မကသေးပါဘူး။ အ​နောက်ဘက်​      တောင်တန်း​တွေကို​ ကျော်လိုက်ရင်​တော့       ပုဂံဘုရား​တွေကို    အ​ဝေးကနေ        ရင်သပ်ရှု​မောဖွယ် မြင်ကွင်းကို       မြင်တွေ့နိုင်ပါသေးတယ်။ 
တုရင်တောင်ခြေဟာ      ရာဇဝင်နဲ့ တည်ရှိခဲ့တဲ့နေရာလို့လည်း    ဆိုနိုင်ပါ တယ်။ နှုတ်ပြောရာဇဝင်မှာ     ထင်ရှားတဲ့ နေရာတစ်ခုဖြစ်ပြီး   ဦးပေါင်းကြားနဲ့ မြင်းဖြူရှင်ဟန်ဆောင်ကာ      အလောင်း စည်သူမင်းကြီးက မိမိမအို​သေးကြောင်း အစွမ်းပြခဲ့တဲ့နေရာလို့လည်း ပြောစမှတ် ရှိခဲ့သလို ရှင်အရဟံစျာပန    ကျင်းပခဲ့တဲ့ နေရာလို့လည်း ဆိုကြပါတယ်။ 
ဒါ့ပြင် တုရင်းတောင်မှာ       ဘုရား အလောင်းနုစဉ်အခါက ဆင်မင်းဘဝမှာ တစ်ကြိမ်၊ ခြင်္သေ့မင်းဘဝမှာ   တစ်ကြိမ်၊ သိမ်းငှက်မင်းဘဝမှာ တစ်ကြိမ် ကျင်လည် ကျက်စားဖူးခဲ့တဲ့    တုရင်တောင်ဖြစ်တာ မို့ တုရင်တောင်ကြောကြားထဲက    Tuyin Valley Eco Farm ခြံထဲကို လာရောက် လည်ပတ်တာနဲ့ သမိုင်းဝင်  အထင်ကရ နေရာ​တွေကိုပါ တစ်ပါတည်း​ရောက်နိုင် စေတာမို့    ပုဂံဒေသကို   လာရောက် လည်ပတ်ခဲ့ရင်  တုရင်တောင်ကြောကြား ထဲက Tuyin Valley Eco Farm ခြံထဲကို သွားရောက်လည်ပတ်နိုင်ဖို့   ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့    ရေးသား ဖော်ပြလိုက်ရပါတယ်။    ။