ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်းရှိ ရေကန်ကြီးများတွင် ဆောင်းခိုငှက်များ လာရောက်ကျက်စားမှုများလာ

 

ညောင်ဦး  ဇန်နဝါရီ  ၁၃


မန္တလေးတိုင်းဒေသကြီး ပုဂံ - ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရေကန်ကြီးများတွင် ဆောင်းခိုငှက်များ  လာရောက်ကျက်စားကြကြောင်း သိရသည်။

 


ညောင်ဦးခရိုင်    ညောင်ဦးမြို့နယ်    ပုဂံမြို့၊  ငါ့သရောက်မြို့များသည် အပူပိုင်းရပ်ဝန်း မိုးခေါင် ‌ရေရှားဒေသတွင်ပါဝင်ပြီး ၂၀၂၁ခုနှစ်တွင် မိုးရွာသွန်း မှု   ၄၆ လက်မအထိ ရွာသွန်းခဲ့ကာ ပုဂံ- ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ     ရေကန်ကြီးများ ရေပြည့်ရေလျှံသည်အထိ  ရေဝင်ရောက်ခဲ့ရာ ယခုနှစ် ဆောင်းရာသီအထိ    ရေများမခန်းခြောက်ဘဲ ဆောင်းခိုငှက်များ   လာရောက်ကျက်စားခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပုဂံဒေသခံ ငှက်ဝါသနာရှင် ဦးနေဝင်း မောင်က ပြောသည်။

 


ညောင်ဦးမြို့နယ်  ပုဂံ-ညောင်ဦး  ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ   ရှေးရေကန်များဖြစ်သည့် အလံပုဂံကန်၊   အလယ်ကန်၊     လေးထောင့်ကန်၊ ညောင်လက်ဖက်ကန်၊ ဖိုးသူတော်ကန်ခေါ် စူဠာမဏိ ကန်၊ ဦးကျည်ပွေ့ကန်၊ ရွှေနန်းရင်တော်ကန်ခေါ် ထိန် ကန်၊ ရွှေထီးကန်၊ မန်ကျည်းကန်၊  ဇေယျသွပ်ကန်၊ မင်္ဂလာကန်၊ ဖွားစောကန်(မွန်တိန်း)၊ ကိုမောက်ကန်၊ ကန်သစ်ကန်၊ ကန်စွန်းတော်ဘုန်းကြီးကျောင်းကန်၊ မနူကန်မရွဲကန်၊ အုတ်ဖုတ်ကန်၊ဆည်ကန်၊ ကန်သစ် ကြီး၊   ကျောက်ရိုးကန်၊   တောင်ကျောင်းကန်နှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သောက်သုံးရေ ကန်ကြီး၊ ရေကန်ငယ်များ ရေပြည့်လျှံနေကြောင်း  သိရပြီး ဆောင်းခိုငှက်များသည် ရေရှိသော ရေကန် ကြီးများသို့  စူးစမ်းဆင်းသက်၍ ခရီးတစ်ထောက်နား သည်လည်း  ဖြစ်နိုင်ကြောင်း၊  ပုဂံမြို့ လောကနန္ဒာ ဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင် က သုံးသပ်ပြောကြားသည်။

 


ဆောင်းခိုငှက်များ     လာရောက်ခိုနားသည့် ရေကန်ကြီးများသည်   အခါတိုင်းနှစ်များ  ရေဝင် ရောက်မှုမရှိဘဲ ယခုနှစ်တွင်မှသာ ရေကန်များ ရေရှိ နေသောကြောင့် ဆောင်းခိုငှက်များ လာရောက်ခိုနား ခြင်းဖြစ်ကြောင်း၊ ရေကြက်အုပ်များ၊ ခရုစုတ်၊ ခရုတုတ် ငှက်အုပ်များ၊ တင်ကျီးငှက်အုပ်များနှင့် ရေကျီးကန်း များ၊ ရေပိန်ညင်းငှက်တို့ကို  ခွဲခြား၍ရပြီး အခြား ငှက်များကို     အတိအကျ    မပြောနိုင်ကြောင်း၊ ငှက်ကြည့်တယ်လီကင်မရာများဖြင့်သာ အဖြေပေး နိုင်မည်ဖြစ်ကာ ပုဂံ- ညောင်ဦး ရှေးဟောင်းယဉ်ကျေး မှုနယ်မြေရှိ ရေကန်များတွင် ဆောင်းခိုငှက်များလာရောက်ခိုနားမှု   အများအပြားတွေ့ရကြောင်း ငှက် ဝါသနာရှင် ဦးနေဝင်းမောင်က ပြောသည်။


မောင်မောင်ထိန်(ကျောက်ပန်းတောင်း)