ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများတွင် မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားရမည်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁၆


ပညာရေးဝန်ကြီးဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည် တော် ရှိ   ပညာရေးဝန်ကြီးဌာန   အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊    တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲ တမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီး ဌာနရှိ ဦးစီးဌာနများမှ   ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊  ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိက ပညာရေးကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနရှိ  အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍများမှ ပါမောက္ခချုပ်များ၊ ပညာရေးမှူးများသည် တိုင်းဒေသကြီး၊  ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဒေသ ဆိုင်ရာကြီးကြပ်ရေးအဖွဲ့များ၊    လုပ်ငန်းအဖွဲ့များ ဖွဲ့စည်း၍  အကောင်အထည်ဖော်   ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများနှင့် International School များတွင် ပုဂ္ဂလိကပညာရေး ဥပဒေနှင့်အညီ မြန်မာစာ၊ မြန်မာ့ပထဝီ၊ မြန်မာ့ သမိုင်းဘာသာရပ်များကို မဖြစ်မနေသင်ကြားကြရ မည်ဖြစ်ပြီး နေ့စဉ် နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်းများ  ပြုလုပ်ကြရမည် ဖြစ်ကြောင်း၊ ခရိုင်ပညာရေးမှူးများအနေဖြင့် မိမိတို့ ခရိုင်အတွင်းရှိ   ဆရာ ဆရာမနှင့်   ကျောင်းသား ကျောင်းသူစာရင်းများ၊ သင်ကြားသင်ယူနေမှုအခြေ အနေနှင့်  တည်ဆောက်ရေးလုပ်ငန်းများကို ထဲထဲ ဝင်ဝင် ကြီးကြပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသရှိ မိမိတို့တက္ကသိုလ်ရှိ ဆရာ ဆရာမများ ပညာရေးအရည်အသွေးမြှင့်တင်ပေးရန် သင်တန်း များ  ဖွင့်လှစ်ပို့ချ‌ပေးရန်လိုအပ်ကြောင်း၊   ဆရာ ဆရာမများ  အရည်အသွေးမြင့်နေမှသာ   အရည် အသွေးရှိသော မျိုးဆက်သစ်များကို ပြုစုပျိုးထောင် ပေးနိုင်မည်ဖြစ်ကြောင်း၊    ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံးက  ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ   ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီး‌ ဒေါက်တာဇော်မြင့်က ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများ မှတ်ပုံတင်‌ရေးဆိုင်ရာ များ၊ ပုဂ္ဂလိကကျောင်းမှတ်ပုံတင်ရေးနှင့် ပုဂ္ဂလိက ကျောင်းဆရာမှတ်ပုံတင်လက်မှတ် သင်တန်းဖွင့်လှစ် ရေးဆိုင်ရာကိစ္စရပ်များကို  လည်းကောင်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပုဂ္ဂလိက ကိုယ်ပိုင် ကျောင်းများဆိုင်ရာ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် နွေရာသီတွင်  အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၌ ပူးပေါင်းပါဝင်ဆောင်ရွက်ရေးကိစ္စရပ်များ  ကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။ 


ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ ဝင်းထွန်းတို့က ကဏ္ဍအလိုက်ပူး‌ပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာသူများ၏       တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း  သတင်း ရရှိသည်။   


သတင်းစဉ်