
ပုဗ္ဗသီရိ မေ ၁၈
ရှေးဦးအရွယ် ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ)သင်တန်း (၁/၂၀၂၂)ကို မေ ၁၆ ရက်က ပြည်ထောင်စု နယ်မြေ နေပြည်တော် ပုဗ္ဗသီရိ မြို့နယ်ရှိ သီရိရတနာ မူလတန်း ကြိုကျောင်းခန်းမ၌ ကျင်းပရာ နေပြည်တော် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ယခု သင်တန်းကို တက်ရောက်လာကြ သည့် သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင် စိတ်ပါဝင်စား စွာ လေ့လာသင်ယူပေးကြရန် လိုကြောင်း၊ သင်ခန်းစာများကို လေ့လာပြီး ကလေးငယ်များအား အနာဂတ်၏ ကြယ်ပွင့်ကလေး များဖြစ်အောင် ပြုစုပျိုးထောင်နိုင် ကြလိမ့်မည်ဟု ယုံကြည်ပါ ကြောင်း၊ သင်ခန်းစာများကို ကြိုးစားသင်ယူ မှတ်သားကြပြီး သင်တန်းက ရလာသော အတွေ့ အကြုံ ပညာရပ်များကို အသုံးချ ကာ ကလေးငယ်လေးများ ဘဝ တစ်လျှောက်လုံး ကောင်းမွန်သော ဘဝများဖြစ်အောင် စွမ်းဆောင် ပေးကြရန်လိုကြောင်း အမှာ စကား ပြောကြားသည်။
အဆိုပါ ရှေးဦးအရွယ် ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုး ရေးဆိုင်ရာ(အခြေခံ) သင်တန်း (၁/၂၀၂၂)ကို ပြည်ထောင်စု နယ်မြေ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ သင်တန်းကို စိတ်ပါဝင်စားသူ သင်တန်းသား သင်တန်းသူ ၃၀ အား မေ ၁၆ ရက် မှ ဇွန် ၁၃ ရက်အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
မျိုးသီဟ(ပြန်/ဆက်)