
ပုဗ္ဗသီရိ ဇန်နဝါရီ ၁၂
ပြည်ထောင်စုနယ်မြေ နေပြည် တော် ဇေယျာသီရိခရိုင် ပုဗ္ဗသီရိ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူး ရုံးက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၌ အိမ်ထောင်စု စာရင်း မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူခြင်း လုပ်ငန်းများကို ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက် ပေးလျက်ရှိသည်။
ပုဗ္ဗသီရိမြို့နယ်အတွင်း မြေပြင် ကွင်းဆင်း စာရင်းကောက်ယူ နိုင်ရေး လုပ်ငန်းစဉ်တစ်ရပ်လုံးပြီး မြောက် အောင်မြင်စေရေးအတွက် ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊ အဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ဇေယျာမင်း၊ ခရိုင်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင် ရာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့် တာဝန် ရှိသူများက မင်္ဂလာဒီပရပ်ကွက် အတွင်းရှိ အိမ်ထောင်စုများတွင် လူတစ်ဦးချင်းစီ၏ အချက်အလက် များ မှန်ကန်စေရေး၊ မြေပြင် လူဦးရေစာရင်းများ တိကျမှန်ကန် စေရေး၊ လူဦးရေဆိုင်ရာ စာရင်း အချက်အလက်များနှင့် မသန်စွမ်း ငါးမျိုး စာရင်း တစ်အိမ်တက်ဆင်း ကောက်ယူနေသည့် အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ပူးပေါင်းဆောင်ရွက် ပေးသည်။
ပုဗ္ဗသီရိ မြို့နယ်အတွင်းရှိ အခြား ရပ်ကွက်/ကျေးရွာများ တွင်လည်း စာရင်းကောက်ယူရေး အဖွဲ့များက တစ်ပြိုင်တည်း ကွင်းဆင်း ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် စာရင်းကောက်ယူ နေမှုများကို မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ နောက်ဆုံးထား၍ စာရင်း ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
သန္တာလင်း (ပြန်/ဆက်)