ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာလုပ်ငန်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၁၇


ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်   ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ    လုပ်ငန်းကော်မတီ  ဒုတိယအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌   Hybrid ပုံစံဖြင့် ကျင်းပသည်။

 


ရှေးဦးစွာ  ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာ         လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးထွန်းအုံက ပထမအကြိမ် အစည်းအဝေးတွင်          ချမှတ်ဆုံးဖြတ်ခဲ့သည့် လုပ်ငန်းစဉ် (၆)ရပ်အနက် မူဝါဒနှင့်မဟာဗျူဟာဖွံ့ဖြိုး ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်ထောင်စု  နယ်မြေ (နေပြည်တော်)၊  တိုင်းဒေသကြီး/ ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး      ဦးစီးဌာနများက ပတ်ဝန်းကျင်စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက်များ ထည့် သွင်းရေးဆွဲချမှတ်ပြီး  စီမံချက်ပါ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်၊ မြန်မာ နိုင်ငံ  အမျိုးသားအဆင့်    ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့်   လိုက်လျောညီထွေရှိစေရေးဆိုင်ရာ လုပ်ငန်းအစီအစဉ် (Nationally Determined Contributions-NDCs) အရ  ကဏ္ဍအလိုက် ရည်မှန်း ချက်များနှင့် ကတိကဝတ်များကို  သတ်မှတ်ကာလ အတွင်း ပြည့်မီစေရေးအတွက်  ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်       ဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်  ရာသီဥတုပြောင်းလဲ မှုဆိုင်ရာ ကိစ္စရပ်များသည်  ကဏ္ဍစုံချိတ်ဆက်နေပြီး တစ်ဦးတစ်ယောက်တည်းဆောင်ရွက်၍     မရနိုင် သည့်အတွက်  ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပါဝင်ပတ်သက်သူများ၊ အထူးသဖြင့် ဖွံ့ဖြိုး တိုးတက် မှု     လုပ်ငန်းဆောင်ရွက်သည့်    လုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုသည်        အလွန်အရေးကြီး ပါကြောင်း။

 


 လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှုများကို  ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် အနာဂတ်တွင်   ကြုံတွေ့လာနိုင်သည့်   ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို ကြိုတင်ကာကွယ်နိုင်ရန် အတွက်      ပတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ   ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊          ထို့အပြင် ပတ်ဝန်းကျင်စာရင်းအင်း   ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဘောင်အရ    ပတ်ဝန်းကျင်ဆိုင်ရာ စာရင်းအင်း ညွှန်းကိန်း (၁၀၀)  ဆိုင်ရာ   အချက်အလက်များကို ဆက်စပ်ဌာနများမှ   ပံ့ပိုးပေးနိုင်ရေး  ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်    တိုက်တွန်းလိုပါကြောင်း နှင့်    လုပ်ငန်းကော်မတီဝင်များအနေဖြင့်   ထိရောက် အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်နိုင် ရန် ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်း ပြောကြားသည်။ 

 


ဆက်လက်၍     ပတ်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ   လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်   ဦးအောင်ကျော်မိုးက လုပ်ငန်းကော်မတီ ဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို တင်ပြသည်။

 


ထို့နောက် သက်ဆိုင်ရာဌာနအသီးသီးမှ လုပ်ငန်း ကော်မတီအဖွဲ့ဝင်များက    မိမိတို့ဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးခဲ့ကြ ပြီး လုပ်ငန်းကော်မတီ  ဒုတိယဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်    ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လိုအပ်သည်များကို ထပ်မံ ဖြည့်စွက်၍     ရှင်းလင်းပြောကြားခဲ့ပြီး    လုပ်ငန်း ကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန       ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား     ပြောကြားခဲ့ကြောင်း   သိရ သည်။ 


သတင်းစဉ်