
နေပြည်တော် ဒီဇင်ဘာ ၂၈
ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာများ စိစစ်သုံးသပ်ခြင်းဆိုင်ရာလုပ်ငန်း လမ်းညွှန်ချက်အပေါ် ရှင်းလင်း ဆွေးနွေးသည့်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သယံ ဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း များကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုး သက်ရောက်မှုများနှင့် ဆက်စပ် သက်ရောက်မှုများကို ဘက်စုံထောင့်စုံ စနစ်တကျ ဆန်းစစ်ဖော်ထုတ်၍ ဆိုးကျိုး များ ရှောင်ရှားနိုင်ရန်နှင့် လျှော့ချ နိုင်ရန် ဆောင်ရွက်ရမည့် ပြည့်စုံ သော လုပ်ငန်းအစီအစဉ်များ ရေးဆွဲပြုစုရာတွင် တတိယပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းများ၏ အခန်း ကဏ္ဍသည် အရေးကြီးကြောင်း။
ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်း၊ ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှုအစီအစဉ် အစီရင်ခံစာများ မှန်ကန်မြန်ဆန်စွာ စိစစ်သုံးသပ် နိုင်ရေးအတွက် “ပတ်ဝန်းကျင် ဆန်းစစ်ခြင်း အစီရင်ခံစာများ စိစစ်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်ချက်” ပြုစုထုတ်ပြန်ရန် လိုအပ်လျက်ရှိကြောင်း၊ “ပတ်ဝန်း ကျင် ဆန်းစစ်ခြင်း အစီရင်ခံစာ များ စိစစ်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်” ကို ဆက်စပ်ပုဂ္ဂိုလ်/ အဖွဲ့အစည်းများ နှင့် ဆွေးနွေး၍ အပြီးသတ် ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း။
အစီရင်ခံစာများ ရေးသားပြုစု တင်ပြသည့်အခါ အထောက် အကူ ပြုစေရန် ရည်ရွယ်၍ လမ်းညွှန် ချက်ကို ရှင်းလင်းချပြရခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင် ဆိုင်ရာ အစီရင်ခံစာများ စိစစ် သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်ချက် ပြဋ္ဌာန်းထုတ်ပြန် နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ရေးဌာန ညွှန်ကြားရေးမှူးတို့က စိစစ်သုံးသပ် ခြင်းဆိုင်ရာလမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးကြပြီး ပတ်ဝန်း ကျင်ထိခိုက်မှု ဆန်းစစ်ရေးအစီရင် ခံစာ စိစစ်သုံးသပ်ရေးအဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီ ရင်ခံစာ ရေးသားပြုစုသည့် တတိယ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ နှင့် တာဝန်ရှိသူများက စိစစ် သုံးသပ်ခြင်းဆိုင်ရာ လမ်းညွှန် ချက်များနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဦးထွန်အုံ နှင့် ဦးမင်းသူ၊ အမြဲတမ်းအတွင်း ဝန်၊ ဦးစီးရုံးချုပ်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
သတင်းစဉ်