ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ် ရေးနှင့်     တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများ    စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့    နံနက်ပိုင်းက နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။

 


အဆိုပါ  သင်တန်းကို ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှု   တားဆီးကာကွယ်ရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်    လုပ်ငန်းစီမံ ချက်(၂၀၂၁-၂၀၂၂)ကို အကောင် အထည်ဖော်  ဆောင်ရွက်လျက် ရှိသည့်  သက်ဆိုင်ရာဌာန/အဖွဲ့ အစည်းများမှ ဝန်ထမ်းများအနေ ဖြင့် ပဋိပက္ခအတွင်း လိင်အကြမ်း ဖက်မှုဆိုင်ရာ   တုံ့ပြန်ဖြေရှင်း ဆောင်ရွက်မှု အသိပညာ၊ ဗဟု သုတများရရှိပြီး  အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပါ   လုပ်ငန်းစဉ် များကို အကောင်အထည်ဖော်ရာ တွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်   ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။

 


ယင်းအခမ်းအနားသို့    လူမှု ဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန     ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်   တက် ရောက်၍      ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ  အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့်     လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း၊   ပထမအကြိမ် သင်တန်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လ တွင် ဖွင့်လှစ်ခဲ့ပြီး  ယခုသင်တန်း မှာ ဒုတိယအကြိမ်မြောက် ဖွင့်လှစ် ခြင်းဖြစ်ကြောင်း၊  ဆွေးနွေးသွား မည့် ဘာသာရပ်များမှာ တိုင်ကြားမှုအပေါ်အရေးယူဆောင်ရွက်ခြင်း၊ အမှုတိုင်ကြားမှုအပေါ် ဆောင်ရွက် မှု အဆင့်ဆင့်၊ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ Conflict-related Sexual Violence (CRSV) ဆိုင်ရာ နှစ်စဉ် အစီရင်ခံစာနှင့် မြန်မာနိုင်ငံ ကို အစီရင်ခံစာ၏ နောက်ဆက်တွဲ စာရင်းတွင် ထည့်သွင်းထားခြင်း၊ လက်နက်ကိုင်  ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်  ကြီး လေးသော        ကျူးလွန်မှုများ မှ  ကာကွယ်တားဆီးရေးဆိုင်ရာ ဆောင်ရွက်ချက်များ    လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနှင့်စပ်လျဉ်း သည့်     ပြစ်မှုများအကြောင်း၊ ကုလသမဂ္ဂ  လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်     ၁၃၂၅၊ UNSCR-1325 ၊    လူမှုဝန်ထမ်း ဦးစီးဌာန၏ Help-line ဝန်ဆောင် မှုနှင့်      တစ်နေရာတည်းတွင်   အမျိုးသမီးများကို    ဝန်ဆောင်မှု ပေးခြင်း   One Stop Women  Support  Centre- OSWSC နှင့် လူ့အခွင့်အရေးဆိုင်ရာ ဘာသာ ရပ်တို့  ပါဝင်ကြောင်း ရှင်းလင်း ပြောကြားသည်။

 


ထို့အတူ  ဒုတိယဝန်ကြီးက ပဋိပက္ခအတွင်း  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ် ရေးနှင့်   တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ      အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို    အကောင် အထည်ဖော် ဆောင်ရွက်နေမှုများ ကို  ပြောကြားခဲ့သည်။
ယင်းသင်တန်းသို့ ဌာနဆိုင်ရာ အသီးသီးနှင့် မြန်မာနိုင်ငံ အမျိုး သမီးရေးရာအဖွဲ့ချုပ်တို့မှ   သင် တန်းသား   သင်တန်းသူ   ၅၀  တက်ရောက်ခဲ့ကြကြောင်း  သိရ သည်။                     
 

သတင်းစဉ်