ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသည့် ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပစ္စည်းများ ထပ်မံရောက်ရှိ


 

ရန်ကုန် အောက်တိုဘာ ၂၅


နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံ တာဝန်ကျ ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ဝယ်ယူထားသော ပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့တွင် အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိကြသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အထူးလေယာဉ်များသည် နံနက် ၃ နာရီ ၂၅ မိနစ်တွင်လည်း ကောင်း၊ နံနက် ၅ နာရီ မိနစ် ၄၀ တွင် လည်းကောင်း၊ နံနက် ၈ နာရီ ၅ မိနစ် တွင် လည်းကောင်း၊ နံနက် ၉ နာရီ မိနစ် ၄၀ တွင်လည်းကောင်း၊ ညနေ ၅ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ ည ၁၀ နာရီ ၅ မိနစ်တွင် လည်းကောင်း ရောက်ရှိကြသည်။
အထောက်အကူပစ္စည်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့မှ တစ်ဆင့် အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ အထူးလေယာဉ်များဖြင့် ဆက်လက်ရောက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်