ပထဝီဝင်ပညာရပ်ကိုအခြေခံပြီး လူ့စွမ်းအားအရင်းအမြစ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း

Type
99


 

ချိုချိုခိုင်

 

ပထဝီဝင်ပညာဆိုသည်မှာ ကမ္ဘာ့မျက်နှာပြင်ပေါ်တွင် နေရာဒေသနှင့် အချိန်ကာလကိုလိုက်၍ ကွဲပြားခြားနားစွာ တည်ရှိနေကြသော သဘာဝအခြင်းအရာများနှင့် လူသားအခြင်းအရာများကို စနစ်တကျ စူးစမ်းလေ့လာ  ရှင်းလင်းတင်ပြသည့် ပညာရပ်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့မျက်နှာပြင်ပေါ်ရှိ အရာခပ်သိမ်းကိုပြုပြင် ပုံသွင်းပေးနေသော သဘာဝအခြင်းအရာများနှင့် လူမှုစီးပွားအခြင်းအရာများကို လည်းကောင်း၊ အဆိုပါဖြစ်စဉ်များနှင့် လူတို့သည် မည်သို့မည်ပုံအပြန်အလှန် ပြုပြင်မှု၊ ဆက်သွယ်နေမှုကိုလည်းကောင်း လေ့လာရှင်းလင်းတင်ပြသည့် ပညာရပ်ဖြစ်သောကြောင့် လူ့အဖွဲ့အစည်းအတွက် အလွန်အဖိုးတန်သော ပညာရပ် တစ်ခု ဖြစ်သည်။

တစ်နည်းအားဖြင့်  ပထဝီဝင်ပညာရပ်သည် ဝိဇ္ဇာပညာရပ်နှင့် သိပ္ပံပညာရပ်ကို ပေါင်းကူးပေးနိုင် သည့်  တစ်ခုတည်းသော  ပညာရပ်ဖြစ်သည်။ ပညာရပ်တစ်ခုအနေနှင့် ဝိဇ္ဇာဖြစ်သည်၊ သိပ္ပံဖြစ် သည် ဆိုသောအချက်မှာ   ပဓာနမကျဘဲ   ယင်း ပညာရပ်သည်    သက်ဆိုင်ရာ     လူ့အဖွဲ့အစည်း၊ သက်ဆိုင်ရာတိုင်းပြည်နှင့်          လူမျိုးအတွက် မည်သည့် အတိုင်းအတာအထိ ထိထိရောက်ရောက် အကျိုးကျေးဇူး ဖြစ်ထွန်းနိုင်သည်၊ အထောက်အကူ ဖြစ်စေနိုင်သည်ဆိုသောအချက်သည်သာ   ပဓာန ကျပေသည်။
ပညာရပ်၏ လေ့လာမှုနယ်ပယ်
နိုင်ငံတစ်နိုင်ငံ ဖြစ်တည်မှုအတွက် 
      (၁)      မြေနေရာ
     (၂)      လူနှင့်
      (၃)      အချိန်တာ  ဟူသော  အဓိကအင်္ဂါရပ်ကြီး သုံးရပ် လိုအပ်ပါသည်။
မြေနေရာနှင့် လူကို ပထဝီဝင်ပညာက ဦးစား ပေး  လေ့လာပြီး လူနှင့်အချိန်တာကို သမိုင်းပညာ က အလေးပေးလေ့လာကြသည်။  သမိုင်းကိုလေ့လာ ရာတွင် အတိတ်က  အမှားမျိုးထပ်မမှားရအောင်  သင်ခန်းစာယူပြီး    ဆင်ခြင်တုံတရားဖြင့် ရှောင်ရှား ကာ  အမှန်ကိုဆောင်ယူနိုင်သည်။   အားနည်းချက် များကို အားသာလာအောင်၊ အားသာချက်များကို  ပိုမိုအားကောင်းလာအောင်      သတိတရားဖြင့် ဆောင်ရွက်နိုင်သည်။ ဤသို့ဖြင့်  သာယာလှပသော အနာဂတ်ကို ဖြစ်ပေါ်စေနိုင်သည်။ 
အလားတူပင် ပထဝီဝင်ပညာကို လေ့လာခြင်း ဖြင့် သဘာဝ သယံဇာတအရင်းအမြစ်များ၊ လူသား များ၏   သဘောသဘာဝများနှင့်   ပျံ့နှံ့တည်ရှိပုံ၊ ယင်းတို့ကို     သက်ဆိုင်ရာနိုင်ငံနှင့်   ဒေသများ ထုတ်ယူသုံးစွဲပုံ၊ စနစ်တကျ  ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပုံ၊  ကြုံတွေ့ရသော   အခက်အခဲနှင့် ပြဿနာများ၊   ယင်းတို့ကို   ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများစသည်တို့ကို နားလည်သဘောပေါက် နိုင်သည်။ ဤသို့ဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ကောင်းစွာဖွံ့ဖြိုးအောင်   ပြုလုပ်နိုင်ပြီး  ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင် မည် ဖြစ်သည်။
နိုင်ငံတော်၏ လိုအပ်သော 
အခြေခံသဘောတရားများ
နိုင်ငံတစ်နိုင်ငံ   ဖြစ်တည်ရန်   လိုအပ်သော အင်္ဂါရပ် (၃)ခုကို အခြေခံပြီး ပိုမိုပြည့်စုံသည့် အခြေခံ သဘောတရားများကို ဖော်ပြရမည်ဆိုလျှင်-
    (၁)      လူဦးရေ။
    (၂)      တိကျသောနေရာဒေသ   (ပိုင်နက်နယ် မြေ)။
    (၃)      အစိုးရ။
    (၄)  အချုပ်အခြာအာဏာ   ပိုင်ဆိုင်မှုတို့ပင် ဖြစ်သည်။
လူဦးရေ
နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်အတွက် သင့်တင့်မျှတသော   လူဦးရေရှိရန်လိုအပ်သည်။ နေထိုင်သူမရှိသောဒေသတွင် နိုင်ငံတစ်နိုင်ငံသည် မရပ်တည်နိုင်ပေ။ နိုင်ငံတစ်နိုင်ငံတွင် နေထိုင်သူ လူများသည်  နိုင်ငံသားများပင်ဖြစ်သည်။    နိုင်ငံ တစ်နိုင်ငံ၏  နိုင်ငံသားများအနေဖြင့်  ခံစားထိုက် သော အခွင့်အရေးများကို ခံစားနိုင်သည်။ နယ်မြေ အတွင်း  နေထိုင်သူများတွင်  နိုင်ငံသားမဟုတ်သူ များလည်း  ရှိနိုင်သည်။  သို့ရာတွင် သူတို့သည် နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်မှုကို ခံယူနိုင် ပြီး   ရသင့်ရထိုက်သည့်    အကျိုးအမြတ်များကို လည်း ခံစားခွင့်ရှိသည်။ 
နိုင်ငံတစ်နိုင်ငံ တည်ထောင်ရန်အတွက် လူဦး ရေမည်မျှရှိရမည်ဟု    အတိအကျသတ်မှတ်၍ မရပေ။ သို့ရာတွင် နိုင်ငံဟူသော အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရန်အတွက် လုံလောက်သော လူဦးရေ ရှိဖို့  လိုအပ်သည်။   ထိုလူဦးရေသည်  နယ်မြေ အကျယ်အဝန်းထက်          မများသင့်သကဲ့သို့ နိုင်ငံတော်ရှိ သယံဇာတများက ထောက်ပံ့နိုင်သည့် အတိုင်းအတာနှင့် လိုက်လျောညီထွေရှိသင့်သည်။
နိုင်ငံတော်၏ ပိုင်နက်နယ်မြေ
နိုင်ငံတစ်နိုင်ငံဖြစ်တည်ဖို့   ပိုင်နက်နယ်မြေ ရှိဖို့လိုသည်။ သတ်မှတ်ထားသော  နယ်မြေမရှိဘဲ နိုင်ငံတည်ဆောက်၍ မဖြစ်နိုင်ပေ။ နိုင်ငံတစ်နိုင်ငံ အတွက်   ပိုင်နက်နယ်မြေသည်   အတိုင်းအတာ သတ်မှတ်ချက်မရှိပေ။
နိုင်ငံတစ်နိုင်ငံ၏ပိုင်နက်နယ်မြေတွင် မြေပြင်၊ ရေပြင်နှင့်   ဝေဟင်တို့   ပါဝင်ပါသည်။    နိုင်ငံ တစ်နိုင်ငံ၏စီရင်ပိုင်ခွင့်သည် မိမိပိုင်နက်နယ်မြေနယ်နိမိတ်အတွင်းရှိ မြေပေါ်မြေအောက် အရင်း အမြစ်များပါဝင်အကျုံးဝင်သည်။ အများအားဖြင့် သတ်မှတ်ထားသော ရေပြင်ပိုင်နက်အကျယ်မှာ ကမ်းခြေမှ သုံးမိုင်အထိဖြစ်သည်။ ကျန်ရှိသော ကမ်းဝေးပင်လယ်ပြင်ကို    ကမ်းဦးရေတိမ်ပိုင်း၊ ဆက်စပ်ဇုန်၊ သီးသန့်စီးပွားရေးဇုန်၊ နိုင်ငံတကာ ရေပြင်ဟု ထပ်မံခွဲခြား  သတ်မှတ်ထားပါသည်။   နိုင်ငံတစ်နိုင်ငံသည် မိမိပိုင်နက်နယ်မြေရှိ ဝေဟင် နှင့်  ရေပြင်ပိုင်နက်များအပေါ်တွင်   အချုပ်အခြာ အာဏာ အပြည့်အဝရှိသည်။
အစိုးရ
သတ်သတ်မှတ်မှတ်ရှိသော နယ်မြေတစ်ခုတွင် နေထိုင်သောသူများလည်းရှိပါက နိုင်ငံတစ်နိုင်ငံ အတွက် လိုအပ်ချက်တစ်ခုမှာ  လူတစ်ဦးချင်းအပေါ် တွင် အာဏာကျင့်သုံးနိုင်မည့် နည်းလမ်းကို ရှာဖွေ ရန်ပင်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုရှိရမည်ဖြစ်ပြီး ယင်းအဖွဲ့အစည်းမှတစ်ဆင့်   နိုင်ငံတော်သည် မိမိ၏ဆန္ဒကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ သို့ဖြစ် ၍  အစိုးရဟူသည်  နိုင်ငံတော်၏   အဖွဲ့အစည်း သို့မဟုတ်    ယန္တရားပင်ဖြစ်သည်။    အစိုးရသာ မရှိပါက ပြည်သူတို့သည် ထိန်းမနိုင် သိမ်းမရဖြစ်ပြီး မင်းမဲ့ဆန်သော  လူအုပ်ကြီး  ဖြစ်လာနိုင်သည်။ စုပေါင်းလုပ်ဆောင်နိုင်ခြင်းလည်း မရှိပေ။ နိုင်ငံရေး အသိုက်အဝန်းတွင် ပါဝင်သောအဖွဲ့ဝင်အားလုံးသည် နိုင်ငံတော်တွင်ပါဝင်သည်။ ခေတ်သစ်နိုင်ငံများတွင် အစိုးရအဖွဲ့၌ သင့်တင့်သောအချိုးအစားဖြင့် အဖွဲ့ ဝင်များပါဝင်သည်။ အစိုးရအဖွဲ့တွင် နိုင်ငံတော်၏ ဆန္ဒကို စီမံခန့်ခွဲပေးသည့် ပုဂ္ဂိုလ်များပါဝင်သည်။ ဥပဒေပြုရေး၊  တရားစီရင်ရေးနှင့်  အုပ်ချုပ်ရေး အဖွဲ့အစည်းများသည်လည်း အုပ်ချုပ်ရေးတွင် တစ်စိတ်တစ်ပိုင်းအဖြစ်  ပါဝင်သည်။   သို့ဖြစ်၍ အစိုးရဟူသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ များကို ကျင့်သုံးသောအဖွဲ့အစည်းများကို စုပေါင်း ထားခြင်းဖြစ်သည်ဟု  အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ အစိုးရအဖွဲ့ မရှိဘဲ နိုင်ငံတော်သည် မရပ်တည်နိုင်ပေ။ အစိုးရသည်  နိုင်ငံတော်၏ အဖွဲ့အစည်းအဖြစ်သာ ရပ်တည်နိုင်သည်။   သို့ဖြစ်၍   အစိုးရဟူသည် နိုင်ငံတော်နှင့်  ပြည်သူတို့အကြား  ညှိနှိုင်းပေး ခြင်းဖြစ်၍  နိုင်ငံအချင်းချင်းဆက်ဆံရေးကိုလည်း ထိန်းသိမ်းပေးသည်။ 
နိုင်ငံတော်အချုပ်အခြာအာဏာ
တိတိကျကျ  သတ်မှတ်ထားသောနယ်မြေတွင် လူများနေထိုင်ပြီး အစိုးရတစ်ခုတည်းအောက်တွင် ရှိရုံမျှဖြင့် နိုင်ငံဟူ၍မဆိုနိုင်ပေ။ နိုင်ငံတစ်နိုင်ငံသည် စုစည်းမှုရှိရမည့်အပြင် အစိုးရတည်းဟူသော အဖွဲ့ အစည်းအဖြစ်   ပြည်သူများအပေါ်   အာဏာကို ကျင့်သုံးနိုင်ရမည်။    အခြားနိုင်ငံများ၏   ဩဇာခံ မဖြစ်အောင် ထိန်းသိမ်းနိုင်ရမည်။
အချုပ်အခြာအာဏာသည်    မည်သည့်အဖွဲ့ အစည်းကမှ     အမြဲတမ်းမထိန်းချုပ်နိုင်သော လွတ်လပ်မှုရှိခြင်းဟု  အဓိပ္ပာယ်သက်ရောက်သည်။ အချုပ်အခြာအာဏာ၏      ထူးခြားသောသွင်ပြင် လက္ခဏာမှာ   နိုင်ငံရေးအသိုက်အဝန်း၏    လိုအင် ဆန္ဒကို ထုတ်ဖော်သည့်အနေဖြင့် ဥပဒေချမှတ်ခြင်း ဖြစ်သည်။
ပြည်ထောင်စုသမ္မတ    မြန်မာနိုင်ငံအနေဖြင့် ယင်းအခြေခံ သဘောတရားများ ပြည့်စုံပြီး ရှိသင့် ရှိထိုက်သည့်  အင်္ဂါရပ်များနှင့်လည်း ပြည့်စုံသော နိုင်ငံ ဖြစ်ပါသည်။
သဘာဝကပေးသောလက်ဆောင်ပညာရပ်
ပထဝီဝင်ပညာရပ်များသည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်း တတ်မြောက်နေကြသည့် သဘာဝ ကပေးသည့်        လက်ဆောင်ပညာရပ်တစ်ခုပင် ဖြစ်သည်။  မိမိနေထိုင်ရာ  အမိမြန်မာနိုင်ငံတော် ကြီး၏ တော၊ တောင်၊ ရေမြေဟူသော ပိုင်နက်နယ် မြေ၊ နိုင်ငံတော်အတွင်း  မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမတည်းဟူသော လူဦးရေတို့၏ သဘောသဘာဝကို သိရှိနားလည် ခြင်းသည်ပင်လျှင်  ပထဝီဝင်ပညာကို   သိရှိခြင်း ဖြစ်သည်။ ထိုသို့ သိရှိခြင်းကြောင့် နိုင်ငံတော်၏ လုံခြုံရေး၊ လူမှုရေး၊  စီးပွားရေးအခွင့်အလမ်းများ အတွက်  ပထဝီဝင်ဆိုင်ရာ   အချက်အလက်များ ဖြစ်သော တည်နေရာ၊ အကျယ်အဝန်း၊ မြေမျက်နှာ သွင်ပြင်၊ ရာသီဥတု၊ မြေဆီလွှာ၊ သဘာဝပေါက်ပင် စသည့် ရူပပထဝီဝင်တို့ကိုလည်းကောင်း၊ လူဦးရေ၊ လူမျိုးစသည့် လူမှုရေးပထဝီဝင်ကို လည်းကောင်း၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တော၊ တွင်းထွက်ပစ္စည်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်ရေးစသည့် စီးပွားရေးပထဝီဝင်ကိုလည်းကောင်း  ကောင်းစွာ သိရှိကြခြင်းဖြင့် ပထဝီဝင်ဆိုင်ရာ အခြေခံအချက် အလက်များနှင့်  လိုက်လျောညီထွေဖြစ်မည့် စီမံ ကိန်းများ၊ လုပ်ငန်းများ အကောင်အထည်ဖော်ရမည့် အစီအစဉ်များကို   လေ့လာစိစစ်ပြီး  နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နိုင်ကြပေမည်။

သို့ရာတွင်  ပထဝီဝင်ပညာရပ်ကို   သိနားလည်မှု တစ်ခုတည်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်မဟုတ်ပါ။ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် မြေပေါ်မြေအောက် သယံဇာတ အရင်းအမြစ်များထက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးမှုက ပိုအရေးကြီးသည်ကို   နားလည်သဘော ပေါက်ရပါမည်။
လူ့စွမ်းအား အရင်းအမြစ်ဆိုသည်မှာ
အရင်းအမြစ်နှစ်မျိုးရှိသည်။  သဘာဝအရင်း အမြစ် (မြေပေါ်မြေအောက်၊ ရေပြင်နှင့်  မြေမျက် နှာပြင်အနီးရှိ လေထုမှရသော  အရင်းအမြစ်များ) နှင့် လူသားအရင်းအမြစ်တို့ ဖြစ်သည်။
သဘာဝအရင်းအမြစ်များကို လူသားအကျိုးပြု ပစ္စည်းများအဖြစ်   လူသားများအား  ဖန်တီးပေးရ သည်။ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံ ရေး ဖွံ့ဖြိုးမှုတွင် လူသားအရင်းအမြစ်မှာ အဓိက အရေးပါသောအချက်ဖြစ်သည်။ သဘာဝအရင်း အမြစ်များ မည်မျှကြွယ်ဝစေကာမူ လူသားအရင်း အမြစ် မကြွယ်ဝပါက နိုင်ငံတိုးတက်မည်မဟုတ်ပေ။ သဘာဝအရင်းအမြစ်များ  မကြွယ်ဝ  (မရှိ)သည့် တိုင်အောင် လူသားအရင်းအမြစ် ကြွယ်ဝမှုကြောင့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများလည်း      ရှိသည်။ (ဥပမာ- စင်ကာပူနိုင်ငံ)   လူသားအရင်းအမြစ် ကြွယ်ဝမှုသည် လူဦးရေပမာဏပေါ် မတည်ပေ။ လူသားတို့၏  အသိပညာ၊   အတတ်ပညာကျွမ်းကျင် တတ်မြောက်မှုသာလျှင် အဓိကကျသောအချက် ဖြစ်သည်။  လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် လာစေရန် နိုင်ငံအစိုးရများသည် ကျန်းမာရေးနှင့် ပညာရေးကဏ္ဍတွင် ပို၍ရင်းနှီးမြှုပ်နှံရန်  လိုအပ် သည်။
ယခင်က ရုပ်ဝတ္ထုဆိုင်ရာ ငွေကြေးသယံဇာတ ပစ္စည်း ပိုင်ဆိုင်မှု ပေါကြွယ်ဝမှုကို အလေးထားရာမှ နောက်ပိုင်းတွင်  လူသားတို့၏   စွမ်းဆောင်မှု၊ လူ့အရင်းအနှီး (Human Capital) ရှိမှသာ ရေရှည် တည်တံ့နိုင်မည့် ပိုမိုပြည့်စုံသော  လူမှုစီးပွားရေး ဘက်စုံတိုးတက်မှုရရှိနိုင်မည်ဟု  စီးပွားရေးပညာ ရှင်များက ကောက်ချက်ချခဲ့ကြသည်။ ယခု အချိန် အခါတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု (HRD) သဘောတရားသည် လွန်စွာကျယ်ပြန့်လာ ပြီဖြစ်သည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် လူ့စွမ်း အား  အရင်းအမြစ် တည်ရှိမှုသည် အဓိက အခန်း ကဏ္ဍမှ  ပါဝင်ပါသည်။ သို့ရာတွင်  လူ့စွမ်းအား အရင်းအမြစ်များ၏ အရွယ်အစားပမာဏ စသည့် ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းအပေါ်တွင်သာ မူတည် နေသည်မဟုတ်ဘဲ  နိုင်ငံတွင်း   မှီတင်းနေထိုင်ကြ သော  နိုင်ငံသူနိုင်ငံသားများ၏    စိတ်ပိုင်းဆိုင်ရာ အရည်အချင်းက   ပို၍အရေးပါသည်ဟု   လက်ခံ ယူဆနိုင်ပါသည်။ နိုင်ငံသားတစ်ဦးချင်း၏ ရုပ်ပိုင်း ဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုနှင့် နည်းပညာကျွမ်းကျင် တတ်မြောက်မှုတို့ရှိရန် လိုအပ်သကဲ့သို့ မှန်ကန် သော     အတွေးအခေါ် ၊  မှန်ကန်သောခံယူချက်များရှိရန် အလွန်အရေးကြီးပါသည်။  နိုင်ငံနှင့် လူမျိုးအပေါ် တန်ဖိုးထားချစ်ခင်မှုဖြင့်      မိမိတတ်ကျွမ်းသော နည်းပညာကို   နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်    စွမ်း ဆောင်ပေးနိုင်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။
လူသားအရင်းအနှီး ဖွဲ့စည်းခြင်း
လူ့စွမ်းအားအရင်းအမြစ်ကိုအခြေခံ၍  ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ရာ၌ လူသားအရင်းအနှီး ဖွဲ့စည်းခြင်းလုပ်ဆောင်ရန် လိုအပ်ပါသည်။
လူသားအရင်းအနှီးဆိုသည်မှာ  စီးပွားရေး အဆောက်အအုံတစ်ခုအတွင်း  ဝင်ငွေရှာဖွေသည့် ထုတ်လုပ်မှုပြုသည့်    ကိုယ်စားလှယ်များအဖြစ် လူသား၏ထုတ်လုပ်နိုင်မှု စွမ်းပကားပင် ဖြစ်သည်။  
လူသားအရင်းအနှီး ဖွဲ့စည်းခြင်းဆိုသည်မှာ ဖန်တီးနိုင်သည့်၊ ထုတ်လုပ်နိုင်သည့် အင်အားစု တစ်ရပ်အဖြစ် လူသားနှင့် ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာတို့၌ ရင်းနှီးမြှုပ်နှံမှု       ဖြစ်သည်။  ၎င်းမှာ  တိုင်းပြည်တစ်ပြည်ရှိ လူသားတို့၏  အသိပညာ၊ ကျွမ်းကျင်မှုနှင့် စွမ်းပကားတို့၌ တိုးတက်စေသည့် ဖြစ်စဉ်တစ်ရပ်ဖြစ်သည်။
လူသားအရင်းအနှီး ဖွဲ့စည်းခြင်းသည် အာဟာရ ပြည့်ဝမှုနှင့် ကျန်းမာရေးတိုးတက်မှု၊ အသိပညာနှင့် ကျွမ်းကျင်မှုများ၌ တိုးတက်မှုများကို ထင်ဟပ်ပြီး ထုတ်လုပ်မှုစွမ်းအား      တိုးတက်မှုကိုသာမက  လူ့ဘဝ အရည်အသွေးတိုးတက်မှုကိုပါ  တိုက်ရိုက် ဖော်ဆောင်ပါသည်။
လူသားအရင်းအနှီးတွင်    ရင်းနှီးမြှုပ်နှံခြင်း ကြောင့် ကုန်ထုတ်စွမ်းအား တိုးတက်မှုကိုလုပ်သား ၏ ကာယအင်အားမှ ကုန်ထုတ်လုပ်မှုတိုးတက်မှု၊ လူသားမဟုတ်သည့် စွမ်းအားစုများအားလုံး  အသုံး ချမှုနှင့် နည်းပညာအဆင့်အတန်းတို့ဖြင့် တိုင်းတာ ပါသည်။ ဘဝအရည်အသွေးတိုးမြှင့်မှုသည်   ပိုမို အသက်ရှည်စွာနေထိုင်နိုင်ခြင်း၊ ပိုမိုကောင်းမွန်စွာ ခံစားသုံးစွဲနိုင်ခြင်းနှင့် အသိပညာ ပိုမိုရရှိခြင်းစသည့် တစ်ဦးချင်းစီ၏ အခြေခံလိုအပ်ချက်များထက် ပိုမို အသုံးပြုနိုင်သူများကို ရည်ညွှန်းပါသည်။
လူသားအရင်းအနှီး ဖွဲ့စည်းမှု၏ အဓိကအစိတ် အပိုင်းများမှာ   အာဟာရဓာတ်ပြည့်ဝစေရေး၊ ကျန်းမာရေး၊ ပညာရေးတို့ ဖြစ်ကြပြီး ၎င်းတို့သည် လူဦးရေ  အရည်အသွေးတွင်  ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြောင်း သိရှိနားလည်သင့်ပါသည်။ 
မိမိတို့      တိုင်းရင်းသားအချင်းချင်းစည်းလုံး ညီညွတ်စွာ   လက်တွဲ၍      မြန်မာနိုင်ငံအတွင်း လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုးတိုးတက်အောင်  ဝိုင်းဝန်းကြိုးပမ်းကြစေလိုပါသည်။        အနာဂတ် မြန်မာနိုင်ငံတော်ကို   ဦးဆောင်ကြမည့်   မြန်မာ လူငယ်များအနေဖြင့် နိုင်ငံတော်၏  အချုပ်အခြာ အာဏာကို      ကာကွယ်ထိန်းသိမ်းနိုင်ရန်နှင့် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်ရန်အတွက် ပထဝီဝင်ဆိုင်ရာ အချက်အလက်များကို အသုံးချ ကာ   ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက် အောင် ကြိုးစားပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး အောင်  ဆောင်ရွက်ကြရမည်။
အထူးသဖြင့် မြန်မာတိုင်းရင်းသား  ပြည်သူ တစ်ရပ်လုံးသည် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ကောင်းစွာသဘောပေါက်ပြီး    ပထဝီဝင်ဆိုင်ရာ အချက်အလက်များကို  အခြေပြု၍   မိမိနိုင်ငံ၏ သဘောသဘာဝနှင့် လိုက်လျောညီထွေစွာ လုပ်ကိုင် ဆောင်ရွက်နိုင်စေရန် စွမ်းဆောင်ရည်အပြည့်ဖြင့် မြင့်မားသောစိတ်ဓာတ်၊    မှန်ကန်သောခံယူချက်၊ မြဲမြံသော အကျင့်စာရိတ္တများကို လက်ကိုင်ပြုပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား  အရင်း အမြစ်များ     ဖွံ့ဖြိုးတိုးတက်အောင်        အစွမ်းကုန် ကြိုးစားကြပါစေလိုကြောင်း    တိုက်တွန်းလိုက်ရ ပါသည်။      ။