
နေပြည်တော် မတ် ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြန်မာ ရေးရာလေ့လာရေးအဖွဲ့က စီစဉ်ကျင်းပ သော ပထဝီစီးပွားရေးနှင့် မြန်မာနိုင်ငံ (အခွင့်အလမ်းတွေ ဘယ်လိုရယူမလဲ) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာရေးရာ လေ့လာရေးအဖွဲ့မှ သုတေသနပညာရှင် ဦးကိုကို (ကိုကို - စက်မှုတက္ကသိုလ်)၊ မြန်မာလူမှုစီးပွားဖွံ့ဖြိုးမှု အဖွဲ့အစည်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဦး၊ Financial Management ၊ Vancouver, Canada ငွေကြေးစီမံခန့်ခွဲ မှုပညာရှင် ဦးဝီလျှံအောင်၊ ဝန်ကြီးဌာန များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ဦးစွာ ပထဝီနိုင်ငံရေးနှင့် ပထဝီ စီးပွားရေးဆိုင်ရာ မှတ်တမ်းဗီဒီယိုကို ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံအနေ ဖြင့် နိုင်ငံ၏စီးပွားရေး တည်ငြိမ်ရေး အတွက် အထောက်အကူဖြစ်စေမည့် စီးပွားရေးမူဝါဒများ စနစ်တကျ ချမှတ် နိုင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ နိုင်ငံ ၏ တည်ရှိမှုအရ ကမ္ဘာတွင် လူဦးရေအများ ဆုံးနှင့် ဒုတိယအများဆုံး နိုင်ငံနှစ်နိုင်ငံ အကြားတွင် ရှိနေပါကြောင်း၊ နှစ်နိုင်ငံလုံး ၏ မဟာဗျူဟာအကျိုးစီးပွားတချို့သည် မြန်မာနိုင်ငံနှင့် သက်ဆိုင်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
ယင်းနိုင်ငံများ လိုအပ်နေသည့် ကုန်စည်များ၊ ထုတ်ကုန်များကိုသာ အရည်အသွေးမီ ထုတ်လုပ်တင်ပို့နိုင်မည် ဆိုပါက အကြီးမားဆုံး ဈေးကွက်ကြီးများ သည် လက်တစ်ကမ်းအနီးအနားတွင် ရှိနေပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် ပထဝီစီးပွားရေးကို ကောင်းကောင်း အသုံးချနိုင်ရန်သာ လိုအပ်နေခြင်းဖြစ်ပါ ကြောင်း၊ ဦးဆောင်ဆွေးနွေးကြမည့် ပညာရှင်များဆီမှ တန်ဖိုးရှိသည့် ဆွေးနွေး သုံးသပ်ချက်များ၊ အကြံပြုချက်များ ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ထို့ပြင် မိမိတို့တွင် ပထဝီစီးပွားရေးအရ အားသာချက်များ၊ အခွင့်အလမ်းများ ရှာဖွေ ပြီး ဘယ်လိုအသုံးချနိုင်မည်ဆိုသည့် ဆွေးနွေးချက်၊ အကြံပြုချက်များကိုလည်း ရရှိလာလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
ယနေ့ ဆွေးနွေးပွဲမှ ထွက်ပေါ်လာမည့် ဆွေးနွေး အကြံပြုချက်များအပေါ်တွင် လည်း တလေးတစား တန်ဖိုးထားပါ ကြောင်း၊ တက်ရောက်လာကြသူများ အနေဖြင့် သိလိုသည်များကို ပွင့်ပွင့် လင်းလင်း မေးမြန်းပူးပေါင်းပါဝင်ဆွေးနွေး ကြစေလိုကြောင်း၊ နောင်တွင်လည်း အလျဉ်းသင့်သလို ယခုကဲ့သို့ ဆွေးနွေးပွဲ များကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် သဘာပတိအဖြစ် မြန်မာရေးရာလေ့လာရေးအဖွဲ့မှ သုတေ သနပညာရှင် ဦးကိုကို (ကိုကို - စက်မှု တက္ကသိုလ်) က ဆောင်ရွက်ပြီး မြန်မာ လူမှုစီးပွားဖွံ့ဖြိုးမှု အဖွဲ့အစည်းမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ ဇော်ဦးနှင့် Financial Management ၊ Vancouver, Canada ငွေကြေးစီမံခန့်ခွဲ မှုပညာရှင် ဦးဝီလျှံအောင်တို့က ပထဝီ စီးပွားရေးနှင့် မြန်မာနိုင်ငံ (အခွင့်အလမ်း တွေ ဘယ်လိုရယူမလဲ) ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
ချိတ်ဆက်ဆောင်ရွက်သင့်
ဒေါက်တာ ဇော်ဦးက ပထဝီနိုင်ငံရေး နှင့် ပထဝီစီးပွားရေးဆက်စပ်နေမှု၊ ကုန်သွယ်ရေးအုပ်စုများ စုဖွဲ့ဆောင်ရွက် လာမှု၊ ပင်မဝင်ငွေရနိုင်မည့် စီးပွားရေး လမ်းကြောင်းများ၊ ဈေးကွက်ရှာဖွေရေး၊ ပို့ကုန်မြှင့်တင်ရေး၊ ကိုဗစ် - ၁၉ ကြောင့် ပြောင်းလဲသွားသည့် ကမ္ဘာ့ဈေးကွက် အခြေအနေ၊ ကိုဗစ် - ၁၉ ဖြစ်ပွားနေ သည့်ကြားမှ ပြောင်းကုန်သည်များ၏ ကြိုးစားမှုကြောင့် ထိုင်းနိုင်ငံသို့ ပြောင်း များ တင်သွင်းနိုင်ခဲ့မှု၊ အိန္ဒိယနိုင်ငံသို့ ပဲများ ပိုမိုတင်သွင်းနိုင်ခဲ့မှု၊ အထည်ချုပ် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုမှ အလုပ် အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေရရှိ မှု၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း နည်းပါးမှုကြောင့် ပြည်ပသို့ လုပ်သား စီးဆင်းမှုများပြားသော်လည်း မိဘများ၊ မိသားစုများထံ ငွေများ လွှဲပြောင်းပေးပို့မှုမှ တစ်ဆင့် နိုင်ငံ့ဝင်ငွေရရှိမှု၊ တရုတ်၊ အိန္ဒိယ နိုင်ငံတို့နှင့် ပင်လယ်ရေကြောင်း ဆက်စပ် မှုရှိနေသည်ဖြစ်၍ အခွင့်အလမ်းများ ရှိနေ မှု၊ ပထဝီနိုင်ငံရေး ကောင်းမွန်မှုအခြေခံ၍ ပထဝီစီးပွားရေး ကောင်းမွန်အောင် ပြောင်းလဲဖော်ဆောင်နိုင်မှု၊ မြန်မာနိုင်ငံ က ဆောင်ရွက်သည့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအတွက် မြန်မြန်စတင်၊ အခွန်အခရယူနိုင်သည့် အခြေအနေ၊ စီမံကိန်းလုပ်ငန်းတွင် ချေးငွေဖြင့် ပူးပေါင်းပါဝင်မှုမပြုလုပ်ဘဲ Passive Income ကိုသာ ရယူနိုင် ပါက ပိုမိုကောင်းမွန်မှု၊ ထိုင်းနိုင်ငံနှင့် လည်း စီးပွားရေးပိုမိုချိတ်ဆက်ဆောင်ရွက် သင့်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားသည်။
ထို့နောက် ဦးဝီလျှံအောင်က ပထဝီ နိုင်ငံရေး အယူအဆဘယ်လောက် ကျယ်ပြန့်လာနေသလဲ ဆိုသည်ကို နိုင်ငံတော်အကြီးအကဲ၏ ရုရှားနိုင်ငံ၌ ပြောကြားခဲ့သော မိန့်ခွန်းနှင့်စတင်လိုမှု၊ နိုင်ငံတော်အကြီးအကဲက အာရှ - ပစိဖိတ် ဒေသသည် ပထဝီနိုင်ငံရေးအနေအထား အရ ကမ္ဘာပေါ်တွင် လွန်စွာ အရေးပါသော ဒေသတစ်ခုဖြစ်ကြောင်း၊ အာရှ - ပစိဖိတ် ဒေသသည် ကမ္ဘာ့စီးပွားရေးဈေးကွက်၏ သုံးပုံတစ်ပုံခန့်ကိုလည်း ပိုင်ဆိုင်ထားပြီး အရေးပါသော အဓိက ပင်လယ်ရေလမ်း ကြောင်းများတည်ရှိရာ ဒေသတစ်ခုလည်း ဖြစ်ကြောင်း စသည်ဖြင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင်ကျင်းပသည့် (၉) ကြိမ်မြောက် မော်စကို နိုင်ငံတကာလုံခြုံရေး ညီလာခံ ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တက်ရောက်ဆွေးနွေးရာ၌ ထည့်သွင်း ပြောကြားခဲ့မှု၊ မြန်မာနိုင်ငံပါဝင်သည့် အာရှ - ပစိဖိတ်ဒေသသည် စီးပွားရေးအရ ဖြစ်စေ၊ လုံခြုံရေးအရဖြစ်စေ လွန်စွာ အရေးပါသည့် ဒေသတစ်ခုဖြစ်မှု။
ကမ္ဘာ့စီးပွားရေးတွင် အိမ်နီးချင်း တရုတ်နိုင်ငံ၏ စီးပွားရေးဖြန့်ကြက် ဖော်ဆောင်နေမှု၊ အင်အားကြီးနိုင်ငံများ သည် စီးပွားရေးဖော်ဆောင်ရာတွင် မိမိနိုင်ငံအတွက် အမျိုးသားအကျိုးစီးပွား ထားရှိဆောင်ရွက်မှု၊ ပထဝီ နိုင်ငံရေးတွင် သူနိုင် - ငါရှုံး သဘောတရားကို အခြေခံ သော်လည်း ပထဝီစီးပွားရေးတွင် သူနိုင်- ငါနိုင် အကျိုးစီးပွားကို အခြေခံမှု၊ မြန်မာ နိုင်ငံ၏ ပင်မဝင်ငွေစီးကြောင်းများကို ဖော်ထုတ်သင့်မှု၊ အိမ်နီးချင်းနိုင်ငံများ ဖြစ်သော တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့မှာ စုစုပေါင်း လူဦးရေ သန်း ၃၀၀၀ ကျော်ရှိပြီး ကမ္ဘာ့ကုန်သွယ်မှု ၏ ၄၀ ရာခိုင်နှုန်းရှိမှု၊ စီးပွားရေးအခွင့် အလမ်းများဖော်ဆောင်ရာတွင် နည်းပညာ၊ အရင်းအနှီး၊ ဈေးကွက်တို့ထက် ပထဝီ အနေအထားအရ မြန်မာနိုင်ငံသည် Logistic Transit မှ အခွင့်အလမ်းရအောင် ဖန်တီးနိုင်မှု၊ ကုန်သွယ်ရေးတွင် သယ်ယူ ပို့ဆောင်ရေးသည်အရေးပါပြီး စရိတ် သက်သာသည့် လမ်းကြောင်းများ ဖော်ဆောင်သင့်မှု၊ မြန်မာနိုင်ငံ ကမ်းရိုး တန်းပိုင်ဆိုင်မှုအပေါ် အခြေခံပြီး ရေကြောင်းကုန်သွယ်မှု၊ ရေထွက်ကုန်တို့ မှ ဝင်ငွေရရှိအောင် ဆောင်ရွက်နိုင်မှု၊ ထို့ပြင် လောင်စာဆီနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်မှု၊ ရန်ကုန် စတော့အိတ်ချိန်းကို ပိုမိုအသက်ဝင်အောင် ဆောင်ရွက်ရန်လိုအပ်မှု၊ နိုင်ငံ့စီးပွားရေး တိုးတက်ရေးအတွက် အခြားနိုင်ငံမှ ပုံတူ ကူး၍မရဘဲ မှီငြမ်းပြီး မိမိတို့နှင့် ကိုက်ညီသည့်ပုံစံကို ဆောင်ရွက်သင့်မှု တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား သည်။
ဆွေးနွေးပြောကြား
ဆွေးနွေးမှုများအပေါ် ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ယခင်ကတည်းက ပြင်ဆင် ထားမှုများ၊ ယခုကာလ တွေ့ကြုံရသည့် စိန်ခေါ်မှုများ၊ နှစ်ပေါင်းများစွာ ဧရာဝတီ မြစ်ကူးတံတားတစ်စင်းသာ ရှိခဲ့ရာမှာ နဝတ၊ နယက လက်ထက်တွင် မြစ်ကူး တံတားပေါင်းများစွာ တည်ဆောက်နိုင် ခဲ့သဖြင့် မြစ်အနောက်ဘက်ခြမ်းဒေသများ ဖွံ့ဖြိုးတိုးတက်လာမှု၊ ရခိုင်ပြည်နယ်တွင် လမ်းများ ဖောက်လုပ်ပေးခဲ့မှု၊ ကျောက်ဖြူ စီမံကိန်းကိုလည်း ယခင်နှစ်ပေါင်းများစွာ ကပင် စဉ်းစားပြင်ဆင်ခဲ့မှု၊ မြစ်ဆုံစီမံကိန်း သာ ဆောင်ရွက်နိုင်ခဲ့ပါက နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ သုံးစွဲ နိုင်မည့်အခြေအနေ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နှင့်ပူးပေါင်း၍ ဆက်သွယ်ရေး လမ်းကြောင်းများ ဖောက်လုပ်ရန် စီစဉ်ခဲ့ သည့် အခြေအနေ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့မှု၊ Dry Port Zone များ တည်ဆောက်ရန် လျာထားစဉ်းစားခဲ့မှု၊ အထူးစီးပွားရေးဇုန် များ တည်ဆောက်ရန် လျာထားစဉ်းစား ခဲ့မှု၊ လက်ရှိကာလ ပိတ်ဆို့မှုများနှင့် အစိုးရ၏ ဖြေရှင်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သဘာဝအရင်းအမြစ် ကုန်သွယ်မှုနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်သွယ်မှု ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်းသည် ပထဝီစီးပွားရေး၏ အချက်များဖြစ်မှု၊ ယနေ့ ကမ္ဘာ့နိုင်ငံများ သည် Economic Nationalism ကို ပြောင်းလဲဖော်ဆောင်လာမှု၊ ဒေါ်လာ အပေါ် မှီခိုသည့် စီးပွားရေးကို ကျော်လွှား နိုင်ရေး ကြိုးစားဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက်များသာမက ဒေသတွင်း စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုများကို အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ စီးပွားရေး တိုးတက်မှုအတွက် တီထွင်ဆန်းသစ် ခြင်း၊ နည်းပညာနှင့်အညီ လုပ်ဆောင် ခြင်း၊ စွမ်းအင်လုံခြုံရေး၊ ငွေကြေးခိုင်မာ ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်လာမှုတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကျေးဇူးတင်စကား ပြောကြားသည်။
ပြန်လည်ဖြေကြား
ဆက်လက်၍ တက်ရောက်လာကြ သည့် ဝန်ကြီးဌာနများမှ အရာရှိများ က သိရှိလိုသည်များကို မေးမြန်းကြရာ ဒေါက်တာ ဇော်ဦးနှင့် ဦးဝီလျှံအောင်တို့က ပြန်လည်ဖြေကြားကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အလုပ်ရုံဆွေးနွေး ပွဲ သဘာပတိနှင့် ဆွေးနွေးဟောပြော သည့် ပညာရှင်များအား ဂုဏ်ပြု လက်ဆောင်များပေးအပ်ပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဦးမောင် မောင်အုန်းတို့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် မြန်မာရေးရာ၊ တိုင်းရင်းသားရေးရာနှင့် ကမ္ဘာရေးရာ စာအုပ်များကို ကြည့်ရှုလေ့လာခဲ့ကြသည်။
သတင်းစဉ်