
စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ပေါများရေးသည် အခြေခံလိုအပ်ချက်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ပေါများရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ စီးပွားရေးပညာရှင်များ၊ ဥပဒေပညာရှင် များ၊ နည်းပညာရှင်များ၊ ဆောက်လုပ်ရေးပညာရှင်များ၊ ဆရာဝန်များ၊ သူနာပြုများလည်း ပေါများရန်လိုအပ်ကြောင်း၊ ဒေသ အလိုက် ပညာတတ်များ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အားပေး ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာတတ်များပေါကြွယ်ဝခြင်းသည် နိုင်ငံအတွက် ဂုဏ်ယူဖွယ်ဖြစ်ကြောင်း၊ နိုင်ငံအတွင်း ပညာတတ်များပေါများအောင် ဆောင်ရွက်ရေးသည် မိမိတို့အစိုးရအဖွဲ့၏ ပထမဦးဆုံး ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်ကြောင်း။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၁၀-၈-၂၀၂၁ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၁)၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)