ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) Myanmar Health Sciences Conference (2023)

Type

 

ဒေါက်တာကျော်ဇံအောင်  (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)
 

ကျန်းမာရေးဝန်ကြီးဌာန၏ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့် မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (၂၀၂၃) “Myanmar Health Sciences Conference (2023)” ကို ၂၀၂၃ ခုနှစ် မတ် ၁၁ ရက်နှင့် မတ် ၁၂ ရက်တို့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၌ ကျင်းပသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကျန်းမာရေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (Myanmar Health Sciences Conference) ၏ အဓိကဦးတည်ချက်ခေါင်းစဉ် (Main Theme) အနေဖြင့် အရည်အသွေးရှေးရှု ကျန်းမာရေးစောင့်ရှောက်မှု (Quality Care in Medical Practice) ဟု သတ်မှတ်၍ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲ (Symposium) ၄၉ ခုနှင့် ဆေးလက်တွေ့ဆွေးနွေးခြင်းကဏ္ဍ (Clinical Sessions) လေးခုအပြင်  အာရှနှင့်အရှေ့တောင်အာရှဒေသတွင်းမှ ဆေးပညာရှင် ၁၁ ဦး၏ Special Talks များကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။
ရည်ရွယ်ချက်များအနေဖြင့်          ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူများ  အချင်းချင်း ချစ်ကြည် ရင်းနှီးမှု               ရရှိစေရန်အတွက်လည်းကောင်း၊ ကျန်းမာရေးကဏ္ဍ  နယ်ပယ်အသီးသီးမှ  ပညာရှင် များ ပါဝင်ဆင်နွှဲနိုင်စေခြင်းဖြင့် ခေတ်မီဆေးပညာရပ် များ          ဖွံ့ဖြိုးတိုးတက်နေမှုများနှင့်    ပတ်သက်၍ သိရှိနားလည်နိုင်စေရန်အတွက်         လည်းကောင်း၊ ကျန်းမာရေးနယ်ပယ်အသီးသီးမှ ဆေးပညာရပ်များ ဆိုင်ရာပညာရှင်များ      အချင်းချင်းအပြန်အလှန် ပေါင်းစပ်ညှိနှိုင်း သင်ကြားရေးနှင့်  ကုသရေးကိစ္စရပ် များ      ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်လည်း ကောင်း၊ ဆေးနှင့်ဆေးနှီးနွှယ် ပညာရှင်များအနေဖြင့် တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ်များကို စဉ်ဆက်မပြတ်  လေ့လာဆည်းပူးလိုသည့်   အစဉ် အလာ          ဖြစ်ထွန်းစေရန်အတွက်လည်းကောင်း၊ ပြည်သူလူထုအား    အရည်အသွေး   ပြည့်ဝသော ကျန်းမာရေး            စောင့်ရှောက်မှုများပေးရာတွင် အထောက်အကူပြုနိုင်စေရန် အတွက်လည်းကောင်း ရည်ရွယ်၍  မြန်မာနိုင်ငံ   ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို   ပထမဆုံးအကြိမ်   ကျင်းပရခြင်း ဖြစ်သည်။
အဆိုပါနှီးနှောဖလှယ်ပွဲကို   ကျန်းမာရေးဝန်ကြီး ဌာနတွင်            တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးနှင့် သက်ဆိုင်သည့် နယ်ပယ်အသီးသီးမှ ဆေးနှင့်ဆေးနှီးနွှယ်ပညာရှင်များ၊      ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ရုံးအောက်ရှိ     တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆေးပညာရှင်များ၊  အငြိမ်းစားကျန်းမာရေးပညာရှင် များ၊  အငြိမ်းစားတပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် များ၊        ပြင်ပဆရာဝန်များ    စသည့်မြန်မာနိုင်ငံရှိ ဆေးပညာရှင်များသာမက   အာရှနှင့်အရှေ့တောင် အာရှဒေသတွင်းမှ             ဆေးပညာရှင်များလည်း တက်ရောက်  ဟောပြောဆွေးနွေးကြမည် ဖြစ်သည်။
နှီးနှောဖလှယ်ပွဲအကြိုကာလအနေဖြင့်  ဆောင်ရွက် မည့် အလုပ်ရုံဆွေးနွေးပွဲများ (Pre-Conference Workshops)
၂၀၂၃ ခုနှစ်   မတ်   ၁၀   ရက်တွင်     နှီးနှော ဖလှယ်ပွဲ အကြိုကာလအနေဖြင့်   ဆောင်ရွက်မည့် အလုပ်ရုံဆွေးနွေးပွဲများ           (Pre-Conference Workshops)  ဖြစ်သော   ထိုင်းနိုင်ငံ   Mahidol တက္ကသိုလ်မှ Professor Weerasak Muangpaisan ဦးဆောင်ပါဝင်သည့်  Geriatric  medicine,  mild cognitive   impairment   and    dementia အကြောင်းအရာနှင့်    ပတ်သက်သည့်    ဟောပြော ဆွေးနွေးပွဲကို  နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန   (MICC-II)   တွင် လည်းကောင်း၊     စင်ကာပူနိုင်ငံမှ   ဆေးပညာရှင်  Dr. Tan Soo Yong   ဦးဆောင်ပါဝင်သော  Pitfalls in Histopathology Diagnosis  နှင့်  ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲကို    နေပြည်တော်     ခုတင် (၁၀၀၀)   အထွေထွေရောဂါကု       ဆေးရုံကြီးတွင် လည်းကောင်း၊ High quality  CPR  and  early defibrillation, Emergency management of cardiac  arrest  patient  in  hospital  setting အကြောင်းအရာနှင့်    ပတ်သက်သည့်     အလုပ်ရုံ ဆွေးနွေးပွဲကို     အရေးပေါ်အသက်ကယ်သင်တန်း ကျောင်း (နေပြည်တော်) တွင်လည်းကောင်း၊  Basic Point-of-Care  Ultrasound  Training  Course ကို  နေပြည်တော်ရှိ သားဖွားမီးယပ်ရောဂါအထူးကု ဆေးရုံကြီးတွင်လည်းကောင်း ၊ Basic Laparoscopy Course ကို    နေပြည်တော်ရှိ   ကလေးရောဂါ အထူးကုဆေးရုံကြီးနှင့်       Gastric   Cancer Awareness and Gastrectomy အကြောင်းအရာနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော် ပြည်သူ့ဆေးရုံကြီး   ခုတင်  (၁၀၀၀)    တို့တွင် လည်းကောင်း ကျင်းပသွားမည် ဖြစ်သည်။
နှီးနှောဖလှယ်ပွဲ အကြိုကာလအနေဖြင့် ဆောင်ရွက် မည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ 
(Pre-Conference Activities)
ထို့ပြင်           အကြိုနှီးနှောဖလှယ်ပွဲအနေဖြင့် ဆောင်ရွက်မည့်   ပြည်သူ့အကျိုးပြုလုပ်ငန်းများ (Pre-Conference Activities) ဖြစ်သည့် နှုတ်ခမ်းကွဲ (Cleft Lip)၊ အာခေါင်ကွဲလူနာများ (Cleft Palate) ကို   နေပြည်တော်   ခုတင် (၁၀၀၀)   အထွေထွေ ရောဂါကုဆေးရုံကြီး၊   ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၊  သံတွဲမြို့ရှိ   ခရိုင် ပြည်သူ့ဆေးရုံကြီးတို့တွင် ခွဲစိတ်ကုသမှုများ ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်သည်။ မျက်စိ  အတွင်းတိမ် ရောဂါ    ခွဲစိတ်ကုသပေးခြင်း   (Cataract Surgery)  များကို    နေပြည်တော်ရှိ    မျက်စိ၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ          အထူးကုဆေးရုံကြီး တွင်လည်းကောင်း၊  ရန်ကုန်မြို့ရှိ   မျက်စိအထူးကု ဆေးရုံကြီးတွင်လည်းကောင်း၊        ပုသိမ်မြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီး ခုတင်  (၅၀၀) တွင် လည်းကောင်း၊ မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီး   ခုတင်  (၅၀၀)  တွင်လည်းကောင်း၊ မအူပင်မြို့ရှိ  အထွေထွေ ရောဂါကုဆေးရုံကြီးတွင် လည်းကောင်း၊ စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံကြီးနှင့် အခြားပြည်နယ်နှင့်    တိုင်းများတွင်လည်းကောင်း ခွဲစိတ်ကုသမှုများ               ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့ပြင် ကျောင်းသား ကျောင်းသူများကို မျက်စိစမ်းသပ်ပေးခြင်းနှင့်   မျက်မှန်များ  အခမဲ့ ပေးဝေခြင်းတို့ကို      နေပြည်တော်ရှိ   ကျောင်း ရှစ်ကျောင်းတွင်   ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
လုပ်ငန်းကော်မတီများ        သတ်မှတ်ထားရှိကာ ဆောင်ရွက်ခြင်း
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “မြန်မာနိုင်ငံကျန်းမာရေး ပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ    (Myanmar   Health   Sciences Conference)” အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးပညာရပ်ဆိုင်ရာ     နှီးနှောဖလှယ်ပွဲ ကျင်းပရေးဦးစီးကော်မတီ၊    စာပေရေးရာလုပ်ငန်း ကော်မတီ၊    အခမ်းအနား       ပြင်ဆင်ရေးလုပ်ငန်း ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊    ဧည့်ခံကျွေးမွေးရေးလုပ်ငန်း ကော်မတီ၊ သယ်ယူ ပို့ဆောင်ရေးနှင့် တည်းခိုနေရာချ ထားရေး လုပ်ငန်းကော်မတီ၊   လုံခြုံရေးလုပ်ငန်း ကော်မတီ၊  ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊    ပြခန်း ခင်းကျင်းပြသရေးလုပ်ငန်းကော်မတီနှင့် ပြန်ကြား ရေး၊ သတင်းထုတ်ပြန်ရေးနှင့်    မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီစသည့် လုပ်ငန်းကော်မတီများ အသီးသီး ဖွဲ့စည်းထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏           အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့် လစ်ဟာမှု မရှိအောင် အထူးကြိုးစား ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
ပြခန်းများ ခင်းကျင်းပြသခြင်း
ဆေးပညာရပ်ဆိုင်ရာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဘာသာရပ် Society အစုံပါဝင်သည့် ပြခန်း များနှင့်   ဆေးနှင့်ဆေးပစ္စည်း   ကုန်သည်ကြီးများ အသင်းမှ ပြခန်းများ ခင်းကျင်းပြသသွားမည် ဖြစ်ပေ သည်။ ၎င်းပြခန်းများတွင် မိမိသက်ဆိုင်ရာ ဘာသာ ရပ်နှင့် ပတ်သက်သည့် ခေတ်မီစက်ကိရိယာများနှင့် ဆေးဝါးများကို       ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ကျန်းမာရေး ပညာပေးအစီအစဉ်များလည်း ပါဝင် မည် ဖြစ်သည်။     ထို့ပြင်    ကျန်းမာရေးဝန်ကြီး ဌာန၏ ပြခန်း၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ ဆေးပညာရပ်ဆိုင်ရာပြခန်းများ၊ စက်မှုဝန်ကြီးဌာန ၏  ဆေးနှင့်ဆေးပစ္စည်းကိရိယာများ   ထုတ်လုပ်မှု ဆိုင်ရာပြခန်းများနှင့်    ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၏ ပြခန်းများလည်း ပါဝင်   ခင်းကျင်းပြသသွားမည်ဖြစ်သည်။    အဆိုပါ ပြခန်းများတွင်       သက်ဆိုင်ရာဦးစီးဌာနများ၏ စွမ်းဆောင်နိုင်ခဲ့မှု         မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု မှတ်တမ်း ဓာတ်ပုံများ၊    ခေတ်မီသင်ထောက်ကူပစ္စည်းများ၊ စာအုပ်စာစောင်များ၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို နိုင်ငံတကာအဆင့်မီ    အခြေအနေတစ်ရပ်အထိ အောင်မြင်စွာ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်နိုင်ခဲ့မှုများ နှင့် အခြားစိတ်ဝင်စားဖွယ်  အကြောင်းအရာများကို ဝေဝေဆာဆာဖြင့်         ခင်းကျင်းပြသသွားမည် ဖြစ်သည်။  
ဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်နှင့် 
သူနာပြု စသည့်ဆေးပညာရှင်များပါဝင်ခြင်း
ယခုကဲ့သို့ ပထမဆုံးအကြိမ်အဖြစ် ကျင်းပမည့်   မြန်မာနိုင်ငံ  ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲတွင်    ဆရာဝန်များ၊     သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် သူနာပြုများစသည့် ဆေးပညာရှင် များသည် မိမိတို့နှင့်သက်ဆိုင်သော  ဆေးပညာရပ် များကို     ဆွေးနွေးပြောကြားမည်     ဖြစ်သည်။ ထို့ပြင်    ပြည်ပမှ     ဆေးပညာရှင်များကလည်း ၎င်းတို့၏ အတွေ့အကြုံများနှင့် ဆေးပညာရပ်များ ကို  အသီးသီးဆွေးနွေးပြောကြားမည် ဖြစ်သည်။   နောင်လာမည့်   နှီးနှောဖလှယ်ပွဲများတွင် ဆေးဝါး ပညာရှင်များနှင့်            ဆေးဘက်ပညာရှင်များ၏ အခန်းကဏ္ဍများပါ   ပါဝင်နိုင်အောင်   ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။        


ကျန်းမာရေးပညာရှင်များအချင်းချင်း အပြန်အလှန် သင်ယူခြင်း/ပူးပေါင်းလုပ်ဆောင်ခြင်း 
(Interprofessional Education - IPE)
အရည်အသွေးပြည့်မီသော၊   ကျွမ်းကျင်သော ဘွဲ့ရများမွေးထုတ်ရေး၊  ကျန်းမာရေး  လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်        စေ့စပ် သေချာသော ရေတို ရေရှည် စီမံကိန်းများ ချမှတ် လုပ်ဆောင်မှု၊  လျောက်ပတ်သင့်လျော်သည့် မဟာ ဗျူဟာများကျင့်သုံးမှုနှင့် အချိန်/လူ/ပစ္စည်း အရင်း အမြစ်မြှုပ်နှံမှုတို့      လိုအပ်သည်။      ကျန်းမာရေး စောင့်ရှောက်မှု အရည်အသွေး ခြုံငုံတိုးတက်စေရေး အတွက်  နည်းလမ်းရှာကြရာတွင်   ကျန်းမာရေး ပညာရှင်များ  အချင်းချင်း   အပြန်အလှန်သင်ယူမှု (IPE) က နည်းလမ်းတစ်ခုဖြစ်ကြောင်း ယခုအခါ လက်ခံလာကြပြီ    ဖြစ်သည်။     ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်   အင်အားချို့တဲ့မှုကို ပြန်လည်ဖြည့်ဆည်းမိရန်၊          လုပ်ငန်းခွင်ရှိ ကျန်းမာရေးဝန်ထမ်းများ၏  စွမ်းဆောင်ရည်နှင့် စွမ်းဆောင်မှု တိုးတက်မြင့်မားလာစေရန် လုပ်နိုင် သော  နည်းလမ်းအဖုံဖုံအနက်  တစ်ခုတည်းသော နည်းလမ်းက  IPE   ကို   စတင်လုပ်ဆောင်ခြင်းဖြစ် သည်။    ကျန်းမာရေးပညာရှင်များ         အချင်းချင်း အပြန်အလှန်သင်ယူမှု (IPE) ကို  ကမ္ဘာတစ်ဝန်းလုံး အရှိန်အဟုန်မြှင့်    ကြိုးစားလုပ်ဆောင်နေသည်ကို တွေ့ရမည် ဖြစ်သည်။
IPE ကို အဓိပ္ပာယ်ဖွင့်ဆိုရလျှင် ကွဲပြားခြားနား သော ဘာသာရပ်နှစ်ခု  သို့မဟုတ်   နှစ်ခုအထက် နယ်ပယ်အတွင်းမှ   သင်တန်းသားများ    တစ်ဦး အကြောင်းကို   တစ်ဦးကသင်ယူခြင်း၊  အချင်းချင်း အပြန်အလှန်သင်ယူခြင်း၊ အတူတူပူးတွဲသင်ယူခြင်း တို့ကြောင့် ကျန်းမာရေးဝန်ဆောင်မှု ပိုမိုထိရောက် လာခြင်း၊  အချင်းချင်း ပါဝင်ပူးပေါင်းမှု မြင့်မားလာ ခြင်း၊  ကျန်းမာရေးညွှန်းကိန်းများ/  ရလဒ်များ ပိုမိုကောင်းမွန် တိုးတက်လာခြင်းတို့ ဖြစ်ထွန်းခဲ့ပါက ကျန်းမာရေး ပညာရှင်များအကြား သင်ယူခြင်းကိစ္စ ပြီးမြောက်သည်ဟု ဆိုနိုင်သည်။  IPE  ဆိုသည်မှာ မတူညီသော   ဘာသာရပ်နှစ်ခု   သို့မဟုတ်   နှစ်ခု အထက် နယ်ပယ်အတွင်း လေ့ကျင့်သင်ယူနေသည့် သင်တန်းသားများနှင့်ရော၊ သင်တန်းဆရာများနှင့် ရော  သက်ဆိုင်သည့် ကိစ္စဖြစ်သည်။   ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်           ဦးစီးဌာနအနေဖြင့် အရည်အချင်း ပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်များ     မွေးထုတ်ပေးနိုင်ရေးအတွက် ဆေးနှင့်ဆေးပညာနှီးနွယ်   တက္ကသိုလ်    ၁၆    ခု၊ သူနာပြုနှင့်     သားဖွားသင်တန်းကျောင်း  ၅၃ ခု ဖွင့်လှစ်ပြီး သင်ရိုးညွှန်းတမ်းများကို  လိုအပ်ချက် နှင့်အညီ  ပြုပြင်ပြောင်းလဲကျင့်သုံးလျက်ရှိသည်။ ဆေးပညာကို အမှန်တကယ်   စိတ်ပါဝင်စားသူများ ကိုသာ   ပြုစုပျိုးထောင်ပေးနိုင်ရေးအတွက်လည်း တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ၏ သတ်မှတ် ရမှတ်ပေါင်းတွင် အင်္ဂလိပ်၊ ဓာတုဗေဒနှင့်  ဇီဝဗေဒ စသည့် ဘာသာရပ် သုံးဘာသာ ရမှတ်ပေါင်း အများ အနည်းအလိုက်    ရွေးချယ်ပြီး    လူတွေ့နှုတ်မေး စာမေးပွဲပြုလုပ်ကာ စိစစ်ရွေးချယ်၍ ဝင်ခွင့်ပြုသည့် စနစ်ကို ၂၀၂၂ ခုနှစ် ပညာသင်နှစ်မှ စတင်၍ ကျင့်သုံး နေပြီ  ဖြစ်သည်။   ဆေးပညာသင်ရိုးညွှန်းတမ်းကို နိုင်ငံတကာ အဆင့်တန်းမီစေရန်အတွက် မျှော်မှန်း ရလဒ် အခြေခံသော စုစည်းချိတ်ဆက် သင်ကြားခြင်း စနစ် (Outcome Based Integrated Curriculum) သို့ ပြောင်းလဲသင်ကြားလျက်ရှိပြီး ဆေးပညာရပ်များ သာမကဘဲ       ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာများပါ ထည့်သွင်း    သင်ကြားနေသည်။    ကျန်းမာရေး ပညာရှင်များ အချင်းချင်း   အပြန်အလှန်သင်ယူခြင်း (IPE) / ပူးပေါင်းလုပ်ဆောင်ခြင်း (Interprofessional collaborative practice- IPCP) တို့ကိုပါ ထည့်သွင်း သင်ကြားပေးနေသည်။   ထို့ကြောင့် အရည်အချင်း ပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် များ ဖွံ့ဖြိုးတက်ရန်အတွက်   လိုအပ်တဲ့ကိစ္စရပ်များ ဖြစ်သည့် ကျန်းမာရေးပညာရှင်များ   အချင်းချင်း အပြန်အလှန်သင်ယူခြင်း (IPE)/ ပူးပေါင်းလုပ်ဆောင် ခြင်း  (Interprofessional collaborative  practice- IPCP) နှင့် ပတ်သက်သည့် Symposium ဖြစ်သော Essential Strategy for Quality Care in Medical Practice ကို ယခုကျင်းပမည့် နှီးနှောဖလှယ်ပွဲတွင် ထည့်သွင်း ဟောပြောဆွေးနွေးကြမည် ဖြစ်သည်။
မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ (Myanmar Aca-demy of Medical Science) နှင့်  စာပေရေးရာ လုပ်ငန်းကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်
မြန်မာနိုင်ငံ        ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ   (၂၀၂၃)   “Myanmar Health Sciences Conference (2023)” ကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် Academic Program ကို မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့             (Myanmar Academy of Medical Science) နှင့် စာပေရေးရာ လုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌဖြစ်သည့်   ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန  ညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်ထွန်း ဦးဆောင်သော စာပေ ရေးရာလုပ်ငန်းကော်မတီဝင်များနှင့် အတွင်းရေးမှူး အဖွဲ့ဝင်များသည်   အကြိမ်ကြိမ်  ညှိနှိုင်းဆွေးနွေး ခဲ့ရပြီး   ကျန်းမာရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့်   Academic    Program   ကို အသေးစိတ်       စီစဉ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ ဆွေးနွေးပွဲ (Symposium) ၄၉ ခုနှင့် ဆေးလက် တွေ့ဆွေးနွေးခြင်းကဏ္ဍ (Clinical Sessions) လေးခု ကျင်းပသွားမည်ဖြစ်ပြီး         အာရှနှင့်အရှေ့တောင် အာရှဒေသတွင်းမှ      ဆေးပညာရှင်များဖြစ်သော ထိုင်းနိုင်ငံမှ Major General Professor Dr. Oupp-atham Supasyndh သည်  Role of Calcitriol in the management of Chronic Kidney Disease အကြောင်းအရာနှင့်     ပတ်သက်သည့်     ဟောပြော ဆွေးနွေးပွဲကိုလည်းကောင်း၊            ဂျပန်နိုင်ငံမှ ဆေးပညာရှင်  MD  Takayuki  Inagaki  သည် Updates in Neurosurgery အကြောင်းအရာနှင့် ပတ်သက်သည့်     ဟောပြောဆွေးနွေးပွဲကိုလည်းကောင်း၊   အိန္ဒိယနိုင်ငံမှ   ဆေးပညာရှင်  Dr. Sanjay Kalra သည် Basal Insulins: Addressing the Fasting Plasma Glucose Challenge အကြောင်း အရာနှင့်  ပတ်သက်သည့်   ဟောပြောဆွေးနွေးပွဲကို လည်းကောင်း၊    စင်ကာပူနိုင်ငံမှ    ဆေးပညာရှင် Dr. Tan Soo Yong သည် Challenges in Diagnosis of Lymphoma အကြောင်းအရာနှင့် ပတ်သက်သည့်      ဟောပြောဆွေးနွေးပွဲကိုလည်းကောင်း၊   ထိုင်းနိုင်ငံ မှ  ဆေးပညာရှင်  Dr. Taweesak Chotivatanapong သည် IHD:  Stable  Angina  and  Long term treatment   အကြောင်းအရာနှင့်   ပတ်သက်သည့် ဟောပြောဆွေးနွေးပွဲကိုလည်းကောင်း၊ ကိုရီးယား နိုင်ငံမှ   ဆေးပညာရှင်  Dr.  Jieun Choi သည် Approach to  the  patients  with  CNS  infection and   encephalopathy     အကြောင်းအရာနှင့်     ပတ်သက်သည့်        ဟောပြောဆွေးနွေးပွဲကို လည်းကောင်း၊   ကိုရီးယားနိုင်ငံမှ ဆေးပညာရှင် Dr.  Ha  Nee  Bae  သည်  Minimally  Invasive Implant Treatment      အကြောင်းအရာနှင့် ပတ်သက်သည့်     ဟောပြောဆွေးနွေးပွဲကိုလည်း ကောင်း၊ ကိုရီးယားနိုင်ငံမှ  ဆေးပညာရှင် Dr. Hijin You သည် Introduction of Craniofacial Surgery အကြောင်းအရာနှင့်     ပတ်သက်သည့်     ဟောပြော ဆွေးနွေးပွဲကိုလည်းကောင်း၊       ဂျပန်နိုင်ငံမှ ဆေးပညာရှင် Dr. Naoko Kishi သည် Compr-ehensive  Treatment  for Cleft  Lip  and  Palate အစရှိသည့်   ဟောပြောဆွေးနွေးပွဲများ    (Special Talks) ကို MICC-II ရှိ အခန်း (၆) ခန်းတွင် နှစ်ရက် ဆက်တိုက် ကျင်းပသွားမည် ဖြစ်သည်။
တစ်မျိုးသားလုံး  သက်ရှည်ကျန်းမာသည့် 
ကျန်းမာရေးစနစ်ဖြစ်ပေါ်လာရေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဦးတည် ချက်  (၁၂)    ရပ်အနက်     လူမှုရေးဦးတည်ချက် ဖြစ်သည့် နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက်မှု ကို ပိုမိုခိုင်မာအောင်တည်ဆောက်၍  တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့်  ကျန်းမာရေးစနစ်ဖြစ်ပေါ် လာရေးအတွက်      ယခုကျင်းပမည့်    မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ်ဆိုင်ရာ  နှီးနှောဖလှယ်ပွဲမှရရှိ မည့် ပညာရပ်ဆိုင်ရာ အတွေ့အကြုံများ၊  ဗဟုသုတ များနှင့် နည်းပညာသစ်များကို သေချာစွာ လေ့လာ သုံးသပ်ပြီး အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြ ရမည် ဖြစ်ပေသည်။ ယခုလိုကျင်းပခြင်းဖြင့် ပြည်သူ များသည် ကျန်းမာရေးဝန်ကြီးဌာနက  ဆောင်ရွက် ပေးနေသည့် အရည်အသွေးပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကို  မွေးထုတ်ပေးနိုင် မှုအခြေအနေများ၊  အဆင့်မြင့်  ကုသရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊    ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ပြည်သူလူထုအား ဘေးဥပဒ် မဖြစ် စေရေးနှင့် လုံခြုံစိတ်ချရရေးအတွက် ဆောင်ရွက်နေ သည့်    အစားအသောက်နှင့်   ဆေးဝါးကွပ်ကဲမှု အခြေအနေများ၊ အသစ်ထပ်မံတွေ့ရှိသော အဆင့်မြင့် ဆေးသုတေသနဆိုင်ရာ    တွေ့ရှိချက်လုပ်ငန်းများ၊ တိုင်းရင်းဆေးပညာရပ်များအပါအဝင် ကျန်းမာရေး နှင့် သက်ဆိုင်သော ပြည်သူလူထု အကျိုးပြုလုပ်ငန်း များကို သိရှိနားလည်လာမည်ဖြစ်သည်။ ပြည်သူ လူထုအနေဖြင့်   လိုက်နာကျင့်သုံးကြမည်ဆိုပါက ပြည်သူများ၏ မျှော်မှန်းသက်တမ်း တိုးတက်မြင့်မား လာမည်ဖြစ်ပြီး လူတိုင်းသက်တမ်းစေ့ နေထိုင်နိုင် ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းစေရေးဆိုသည့် ရည်မှန်းချက်များကို        အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်      ဖြစ်သည်။     ဆောင်ရန် ရှောင်ရန်များကို  သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုသည်     မိမိတို့၏    ကိုယ်ပိုင်ငွေကြေး စိုက်ထုတ်သုံးစွဲရသည့် ကုန်ကျစရိတ် ပိုမိုသက်သာ လာမည်ဖြစ်ပြီး ပြည်သူအားလုံး လက်လှမ်းမီသည့် အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက် မှု စနစ်တစ်ရပ်   ဖြစ်ပေါ်လာမည်ဖြစ်သည်။  ယခု ကျင်းပမည့်     မြန်မာနိုင်ငံ     ကျန်းမာရေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲမှရရှိမည့် အကျိုးကျေးဇူးများ ကို  အသုံးချပြီး  ပြည်သူလူထုအား  အကောင်းဆုံး ကျန်းမာရေး       စောင့်ရှောက်မှုပေးနိုင်ရုံသာမက နောင်အခါ ထပ်မံကျင်းပမည်ဆိုလျှင် အတွေ့အကြုံ ကောင်းများရရှိပြီးဖြစ်၍ ဆေးနှင့်ဆေးနှီးနွှယ်ပညာ ရှင်များအနေဖြင့်    တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ်များကို     စဉ်ဆက်မပြတ်      လေ့လာ ဆည်းပူးလိုသည့်    အစဉ်အလာဖြစ်ထွန်းပေါ်ပေါက် လာမည်ဖြစ်ကြောင်း             ရေးသားဂုဏ်ပြုလိုက် ပါသည်။       ။