ပထမဆုံး ပြည်တွင်းထုတ် ကိုဗစ်-၁၉ ဆေးကြောင့် ရောဂါကို အထိရောက်ဆုံး ကာကွယ်သွားနိုင်တော့မယ့် ဂျပန်နိုင်ငံ

 

လင်းဟန်သစ်

 

ဂျပန်နိုင်ငံဟာ သူ့ရဲ့ပထမဆုံးပြည်တွင်းထုတ် ကိုဗစ်-၁၉ ကာကွယ်ကုသဆေးဖြစ်တဲ့  ဇိုကိုဗာကို ဖြန့်ချိလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းမှာ ဖော်ပြလိုက်ပါတယ်။ ဒီဆေးကို နိုဝင်ဘာလနှောင်းပိုင်းမှာ ကိုဗစ်-၁၉ ရောဂါ ကုသဖို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီးနောက် အခုလိုဖြန့်ချိလိုက်တာပဲဖြစ်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံအတွက်တော့ သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ပြည်တွင်းထုတ် ကိုဗစ်-၁၉ ဆေးကို ဖြန့်ချိလိုက်တဲ့အတွက် ဂျပန်ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကို အထိရောက်ဆုံးကာကွယ်မှုတွေ၊ ကုသမှုတွေ လုပ်ဆောင်နိုင်တော့မှာဖြစ်ပါတယ်။   

 


သောက်ဆေးဖြစ်ပြီး ဘေးကင်းစိတ်ချရ 


ရှီအိုနိုဂီဆေးဝါးကုမ္ပဏီက  ထုတ်လုပ်လိုက်တဲ့   ကိုဗစ်-၁၉ ကာကွယ်ဆေး    ဇိုကိုဗာဟာ   သောက်ဆေးအမျိုးအစားဖြစ်ပြီး ဘေးကင်းစိတ်ချရတယ်လို့    ကျန်းမာရေးဝန်ကြီးဌာနက  အတည်ပြု ထားပါတယ်။   ဒီဆေးဟာ အသက်  ၁၂  နှစ်အထက်ရှိသူတွေကို   ကုသတဲ့နေရာမှာ ထိရောက်မှုရှိမှာဖြစ်ပါတယ်။ 

 


ဒီဆေးဟာ ကိုဗစ်-၁၉ အပျော့စားလက္ခဏာတွေကို ကောင်းစွာ သက်သာစေမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုများအရ ဒီဆေးဟာ ၂၄ နာရီ အတွင်း ရောဂါလက္ခဏာကို သက်သာစေကြောင်း လက်တွေ့ပြသခဲ့ပါ တယ်။   ဒီဆေးကို တစ်နေ့တစ်ကြိမ်နဲ့ ငါးရက်ဆက်သောက်ရမှာ  ဖြစ်ပါတယ်။   လူနာအများစုကတော့  သုံးရက်အတွင်းမှာ   ရောဂါ လက္ခဏာ ပြကြပါတယ်။ 

 


ရွေးချယ်မှုပိုမိုလုပ်နိုင်မယ် 


အခုချိန်အထိ ဂျပန်ဆေးရုံတွေနဲ့ ဆေးခန်းတွေဟာ ပြည်ပက တင်သွင်းတဲ့ အရည်အသွေးစိတ်ချရတဲ့ ကိုဗစ်-၁၉ ဆေးဝါးတွေကိုသာ အားထား    မှီခိုနေရပါတယ်။   ပြည်တွင်းထုတ်  ဇိုကိုဗာဆေးကို တဖြည်းဖြည်း ထောက်ပံ့ပေးနိုင်ခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကို ကုသတဲ့နေရာမှာ ရွေးချယ်မှု ပိုမိုလုပ်လာနိုင်မှာဖြစ်ပါတယ်။
အိုင်ချီဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ ဧည့်ပါမောက္ခ မိုရီရှီမာဆူ နီယိုက  ဆေးရဲ့ အရေးပါမှုဟာ အန္တရာယ်နည်းတဲ့အမျိုးအစားမှာရှိ တဲ့သူတွေကို ပေးတဲ့အပေါ်လည်း မူတည်နေတယ်လို့  ပြောကြား လိုက်ပါတယ်။ 

 


ကိုဗစ်-၁၉ ဟာ ရောဂါအခံရှိသူတွေကို အခြေအနေပိုဆိုးစေ 


အိုမီခရွန်မျိုးကွဲနဲ့အတူ ကပ်ရောဂါသေဆုံးနှုန်းဟာ ကျဆင်းလာခဲ့ တယ်လို့    မိုရီရှီမာဆူနီယိုက    မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။ သို့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဟာ ရောဂါအခံရှိသူတွေကို အခြေအနေ ပိုမို ဆိုးရွားစေပြီး တုပ်ကွေးထက်ကို သေဆုံးနှုန်း ပိုမိုများပြားစေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။ 
တခြားနိုင်ငံတွေထက် ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု နှုန်း နည်းပါးကြောင်း ၎င်းက  ဆက်လက်ထောက်ပြ  ပြောဆိုခဲ့ပါတယ်။ ကိုဗစ်-၁၉ ဟာ နေ့စဉ်လူနေမှုဘဝကို ခြိမ်းခြောက်လျက်ရှိသော်လည်း ကျန်းမာရေးနည်းလမ်းများအတိုင်း    လိုက်နာနေထိုင်မယ်ဆိုပါက ရောဂါကူးစက်ဖြစ်ပွားမှုဒဏ်က ကာကွယ်နိုင်မှာဖြစ်ပါတယ်။ 

 


ဆေးရဲ့ဘေးထွက်ဆိုးကျိုးအလွန်နည်း 


တိုကျိုမြောက်ပိုင်း ဆိုင်တာမာခရိုင်ရှိ ဆေးခန်းတစ်ခုကတော့ ကိုဗစ်-၁၉ လူနာကို ဇိုကိုဗာ  ကိုဗစ်-၁၉   ဆေးပေးနေပြီဖြစ်ပါတယ်။ အဲဒီဆေးခန်းက    ဆရာဝန်တစ်ဦးက    လည်ချောင်းနာရောဂါနဲ့ ချောင်းဆိုး ခြင်းအတွက်  အဲဒီဆေးကို လူငယ်တွေနဲ့ ရောဂါအခံရှိတဲ့ နာတာရှည် ဝေဒနာသည်တွေက   လိုချင်ကြောင်း  ပြောခဲ့ပါတယ်။ သို့သော်လည်း ဒီဆေးရဲ့   ထိရောက်မှုကို    ပြောဖို့စောလွန်းနေသေး တယ်လို့   ၎င်းက ပြောကြားလိုက်သော်လည်း   ဆေးရဲ့ဘေးထွက် ဆိုးကျိုးကတော့ အတော်နည်းတယ်လို့ ပြောပါတယ်။ 

 


ဆေးကုမ္ပဏီနဲ့ စာချုပ်ချုပ် 


ကျန်းမာရေးဝန်ကြီးဌာနဟာ ပြည်သူတစ်သန်းကို ကုသဖို့ လိုအပ် တဲ့ ကိုဗစ်-၁၉ ဆေးတွေရရှိဖို့ ရှီအိုနိုဂီဆေးကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့ပါ တယ်။ ကျန်းမာရေးဝန်ကြီးဌာနဟာ လာမယ့်သီတင်းပတ်မှာ ဒီဆေး ကို နိုင်ငံ တစ်ဝန်းဖြန့်ချိနိုင်ဖို့ စီစဉ်လျက်ရှိပါတယ်။ 


ရှီအိုနိုဂီဟာ ဒီဆေးကို ထုတ်လုပ်နိုင်ဖို့ ဂျပန်နိုင်ငံနဲ့ တခြားနိုင်ငံ နှစ်ခုမှာ ဖေဖော်ဝါရီလမှ ဇူလိုင်လလယ်အထိ လူနဲ့စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရှီအိုနီုဂီဟာ ဒီဆေးကို အသက် ၁၂ နှစ်မှ ၆၀ ကြားရှိ လူပေါင်း ၁၈၂၁ ဦးနဲ့ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။  စမ်းသပ်မှုမှာ အပျော့စားနဲ့ အလယ်အလတ်စားကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသူ တွေ ပါဝင်ပါတယ်။ 

 


ဆေးရဲ့ရလဒ်က ထိရောက်မှုရှိ 


စက်တင်ဘာနှောင်းပိုင်းမှာတော့ ရှီအိုနိုဂီဆေးကုမ္ပဏီက ဒီဆေးရဲ့ ရလဒ်က ထိရောက်မှုရှိတယ်လို့  ကြေညာခဲ့ပါတယ်။  ဒီဆေးဟာ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေကို လျော့ပါးသက်သာစေပြီး ရောဂါ ခံစားရတဲ့    ကာလကိုလည်း   တိုစေတယ်လို့    ပြောကြားလိုက်  ပါတယ်။   
ဒီဆေးနဲ့ ပတ်သက်ပြီး ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ ကုမ္ပဏီ က ပြောပါတယ်။ ဒီဆေးဟာ BA.5 အိုမီခရွန်   ဗီဇပြောင်းမျိုးကွဲ အပါအဝင် ဗီဇပြောင်း  ကိုဗစ်-၁၉ ရောဂါများကို ကုသနိုင်စွမ်းရှိကြောင်း ကုမ္ပဏီ က ပြောကြားလိုက်ပါတယ်။   ဒီဆေးကို   အခုနှစ်မှစပြီး  ဂျပန်နိုင်ငံ တစ်ဝန်းမှာ  ရောင်းချဖို့ သဘောတူညီချက် ရထားပါတယ်။       ။

ကိုးကား-အင်န်အိတ်ချ်ကေ