ပထမအကြိမ် တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေး အမှတ်စဉ်- ၁/၂၀၂၂ ကျင်းပ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေးကင်းရှင်းစွာ ပြည်သူ့အကျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်မည်

 

 

နေပြည်တော်   ဇန်နဝါရီ   ၁၇
ယနေ့ နံနက်ပိုင်းက တရားလွှတ် တော်ရှေ့နေများကောင်စီ၏ ပထမ အကြိမ် အစည်းအဝေး အမှတ်စဉ်- ၁/၂၀၂၂ ကို နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် နေပြည် တော်    အားကစားလေ့ကျင့်ရေး စခန်း Cluster–1 တိုက်အမှတ် (၆)ရှိ    တရားလွှတ်တော်ရှေ့နေများ ကောင်စီရုံးတွင်      ကိုဗစ် - ၁၉ ကာကွယ်  ထိန်းချုပ်ရေးဆိုင်ရာ Social    Distancing     နှင့်အညီ ကျင်းပပြုလုပ်သည်။
ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်
အစည်းအဝေးတွင်   ဥပဒေ ရေးရာဝန်ကြီးဌာန၊ တရားလွှတ် တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည် ထောင်စုရှေ့နေချုပ်   ဒေါက်တာ သီတာဦးက   တရားလွှတ်တော် ရှေ့နေများကောင်စီ အဖွဲ့ဝင်များ အနေဖြင့်   နိုင်ငံရေးကင်းရှင်းစွာ ပြည်သူ့အကျိုးကို   ကျယ်ကျယ် ပြန့်ပြန့်   ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း၊   တရားလွှတ်တော် ရှေ့နေများကောင်စီ၏    အဓိက လုပ်ငန်းစဉ်များတွင်  တရားလွှတ် တော်ရှေ့နေများအပေါ်တိုင်ကြား သည့်  တိုင်ကြားစာများကို  ပြည် ထောင်စု တရားလွှတ်တော်ချုပ်မှ လိုအပ်သလို အရေးယူဆောင်ရွက် နိုင်စေရန် စိစစ်ပြီး လွှဲပြောင်းပေး သင့်သော     တိုင်ကြားစာများကို လွှဲပြောင်းပေးကြောင်း၊   တရား လွှတ်တော်ရှေ့နေများ၏   ရှေ့နေ ကျင့်ဝတ်ဖောက်ဖျက်မှုနှင့် စပ်လျဉ်း ၍    တရားလွှတ်တော်ရှေ့နေများ ကောင်စီ အက်ဥပဒေပုဒ်မ ၁၀(၁)အရ ထိုက်သင့်သည့် အရေးယူမှု ပြုလုပ်ရန် သင့်-မသင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သဘော ထား တောင်းခံသည့် ကိစ္စရပ်များ၌ တရားလွှတ်တော်     ရှေ့နေများ ကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မျက်နှာ စုံညီ အစည်းအဝေးများ   ကျင်းပ ပြုလုပ်ပြီး   ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ်သိက္ခာ၊  တာဝန်၊ အခွင့် အရေးများနှင့်အညီ    ထိုက်သင့် သော ပြစ်ဒဏ်များ သဘောထား ပြန်ကြားရကြောင်း၊ တရားလွှတ် တော်ရှေ့နေအဖြစ်   စာရင်းတင် သွင်းခွင့်ပြုရန် လျှောက်ထားလာ သော လျှောက်လွှာများကို တရား လွှတ်တော် ရှေ့နေများကောင်စီက  ကန့်ကွက်ရန် ရှိ-မရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က သဘော ထား   တောင်းခံသည့်  ကိစ္စကို လည်း    တရားလွှတ်တော်ရှေ့နေ များကောင်စီ Enroll စိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍    ဝင်ခွင့်နည်းဥပဒေနှင့် အညီ ကန့်ကွက်ရန်မရှိက   မရှိ ကြောင်း သဘောထား ပြန်ကြား ပေးခြင်း ပြုလုပ်ရကြောင်း။
တိုင်ကြားစာများလွှဲပြောင်း
ပြည်ထောင်စု  ဝန်ကြီးဌာန  အသီးသီးတွင် တာဝန်ထမ်းဆောင် နေသော    နိုင်ငံ့ဝန်ထမ်းများနှင့် ရန်ကုန်    အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနမှ  Online ဖြင့် ဖွင့်လှစ်သင်ကြားသော   ဘွဲ့လွန် ဥပဒေပညာ   ဒီပလိုမာသင်တန်း (Post Graduate Diploma in Law) အောင်မြင်သူများက တရား လွှတ်တော်ရှေ့နေအဖြစ် စာရင်း တင်သွင်းခွင့်ပြုရန် လျှောက်ထား မှုများကို   ပြည်ထောင်စုတရား လွှတ်တော်ချုပ်က   ကောင်စီကို သဘောထား   တောင်းခံသည့် ကိစ္စများတွင်   တရားလွှတ်တော် ရှေ့နေ    ဝင်ခွင့်အချက်များနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်လေ့လာ ပြီး ဝင်ခွင့်နည်းဥပဒေများနှင့်အညီ ကန့်ကွက်ရန်မရှိက ကန့်ကွက်ရန် မရှိကြောင်း သဘောထားပြန်ကြား ဆောင်ရွက်ပေးကြောင်း၊   ပြည် ထောင်စုဝန်ကြီးဌာန၊ အစိုးရအဖွဲ့ အစည်းများက   လွှဲပြောင်းပေးပို့ လာသော တရားလွှတ်တော်ရှေ့နေ များအပေါ် တိုင်ကြားလာသော တိုင်ကြားစာများနှင့် စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ပြည်ထောင်စုတရားလွှတ်တော် ချုပ်ကို တိုင်ကြားစာများလွှဲပြောင်း ပေးရန်  အတည်ပြုပေးရကြောင်း ပြောကြားသည်။
တက်ရောက်
အစည်းအဝေးသို့ ဥပဒေရေးရာ ဝန်ကြီးဌာန    တရားလွှတ်တော် ရှေ့နေများကောင်စီ   ဥက္ကဋ္ဌနှင့် အတူ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူ ကြီး ဦးမျိုးတင့်၊ တရားလွှတ်တော်  ရှေ့နေများကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီး ဌာန  ဒုတိယဝန်ကြီးနှင့်  ဒုတိယ ရှေ့နေချုပ်   ဦးစန်းလွင်၊   တရား လွှတ်တော်ရှေ့နေများ   ဖြစ်ကြ သော  ဦးမြသိန်း၊  ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးမြင့်၊  ဦးစိုးသိန်း၊ ဦးဝင်းဖေ၊ ပြည်ထောင်စုတရား  လွှတ်တော်ချုပ်၊   ပြည်ထောင်စု  တရားစီရင်ရေး   ကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ်   ဒေါ်တင် နွယ်စိုးနှင့် ကောင်စီအတွင်းရေးမှူး ဥပဒေရေးရာဝန်ကြီးဌာန   ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသီသီ မြင့်တို့     တက်ရောက်ကြောင်း သိရသည်။                 သတင်းစဉ်