
နေပြည်တော် ဒီဇင်ဘာ ၁
ပထမအကြိမ် မြန်မာ-ရုရှား ပူးတွဲ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီအစည်းအဝေး ဒုတိယ နေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ဆက်လက်ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာ ရှိချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်းနှင့် ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြ ပြီး ရုရှားတပ်မတော်မှ စစ်ဦးစီး ချုပ်ရုံးအကြီးအကဲနှင့် ပထမ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ-ရုရှား အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် အပြန်အလှန်ဆွေးနွေး ခဲ့ကြပြီး မြန်မာ-ရုရှား ပူးတွဲ အကြမ်းဖက် တိုက်ဖျက်ရေး ကော်မတီ ပူးတွဲဥက္ကဋ္ဌများက အစည်းအဝေး မှတ်တမ်းကို အတည်ပြုလက်မှတ် ရေးထိုးကြ ကာ အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်လဲလှယ်ကြသည်။
ထို့နောက် မြန်မာ-ရုရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး ကော်မတီ ပူးတွဲဥက္ကဋ္ဌများဖြစ်ကြ သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ရုရှားတပ်မတော် စစ်ဦးစီးချုပ်ရုံး အကြီးအကဲနှင့် ပထမဒုတိယကြည်းတပ်ဦးစီးချုပ် Colonel-General Kim Alexey Rostislavovich တို့က နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကြ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်