
နေပြည်တော် မတ် ၁၃
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ဦးဆောင်ကျင်းပသည့် ပထမ အကြိမ် ဘင်းမ်စတက် ငါးလုပ်ငန်း နှင့် မွေးမြူရေးဆိုင်ရာ ကျွမ်းကျင် သူအဖွဲ့ အစည်းအဝေး (The First Meeting of BIMSTEC Expert Group on Fisheries and Live-stock) ကို ယမန်နေ့ နံနက် ၉ နာရီ က Virtual စနစ်ဖြင့် ကျင်းပ ခဲ့သည်။
တက်ရောက်ဆွေးနွေး
အစည်းအဝေးသို့ ဘင်းမ် စတက် အဖွဲ့ဝင်နိုင်ငံများဖြစ်ကြ သည့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်း နိုင်ငံနှင့် ဘင်းမ်စတက်အတွင်းရေး မှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန နှင့် မွေးမြူရေးသုတေသနဦးစီး ဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးအတည်ပြု
အစည်းအဝေးတွင် သဘာ ပတိအဖြစ် မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ ရဲထွန်းဝင်းက တာဝန်ယူဆောင်ရွက်ပြီး ဘင်းမ် စတက်အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များက နိုင်ငံ အလိုက် ငါးလုပ်ငန်းနှင့် မွေးမြူ ရေးဆိုင်ရာ နည်းပညာပူးပေါင်း ဆောင်ရွက်မှုများ၊ ငါးနှင့် တိရစ္ဆာန် ထွက်ကုန်များ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး၊ နိုင်ငံအဆင့် စားနပ်ရိက္ခာဖူလုံရေး မဟာဗျူဟာ များနှင့် မူဝါဒများဖွံ့ဖြိုးရေးတွင် ကောင်းမွန်သောကျင့်စဉ်များနှင့် အတွေ့အကြုံများ ဖလှယ်ရေး ဆွေးနွေးတင်ပြကြကာ ငါး လုပ်ငန်းနှင့် မွေးမြူရေးကဏ္ဍ ဆိုင်ရာ လုပ်ငန်းအစီအစဉ်နှင့် လုပ်ငန်းတာဝန်တို့ကို ညှိနှိုင်း ဆွေးနွေး အတည်ပြုခဲ့ကြသည်။
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ၌ ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်တွင် ကျင်းပသော (၁၇)ကြိမ်မြောက် ဘင်းမ်စတက်ဝန်ကြီးများအစည်း အဝေး၏ ဆုံးဖြတ်ချက်အရ ဘင်းမ် စတက် ငါးလုပ်ငန်းနှင့် မွေးမြူရေး ဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ဘင်းမ်စတက် ပူးပေါင်းဆောင်ရွက်မှုအောက်ရှိ ကဏ္ဍနှင့် ကဏ္ဍခွဲများကို ၂၀၂၂ ခုနှစ် မတ် ၃၀ ရက်တွင် သီရိ လင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ကျင်းပ ခဲ့သည့် ပဉ္စမအကြိမ် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး၏ အတည် ပြုချက်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ရာ ငါးလုပ်ငန်းကဏ္ဍသည် လယ်ယာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံ ရေးကဏ္ဍအောက်၌ ငါးလုပ်ငန်း နှင့် မွေးမြူရေးကဏ္ဍခွဲ ဖြစ်လာပြီး မြန်မာနိုင်ငံက ဦးဆောင်နိုင်ငံ အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်