
ပါရီ ဒီဇင်ဘာ ၂၃
ပြင်သစ်နိုင်ငံ ပါရီမြို့အလယ်ပိုင်းတွင် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ နှစ်ဦးထက်မနည်း သေဆုံးပြီး လေးဦး ဒဏ်ရာရရှိကြောင်း ပါရီမြို့အစိုးရရှေ့နေ ရုံးက ကြေညာခဲ့သည်။
အဆိုပါပစ်ခတ်မှုမှာ ပါရီမြို့ အစိုးရနယ်မြေ ၁၀ တွင် ဖြစ်ပွားခြင်းဖြစ်ပြီး သံသယရှိသူမှာ အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း ပါရီရဲတပ်ဖွဲ့က ၎င်း၏ လူမှု ကွန်ရက်တွင် ပြောကြားသည်။ ပါရီအစိုးရရှေ့နေရုံးက လူသတ်မှုနှင့် ပိုမိုဆိုးရွားလာသည့် အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သတင်းချန်နယ် ဘီအက်ဖ်အမ်တီဗွီသို့ ပြောကြားသည်။
ပါရီရဲမှုခင်းတပ်ဖွဲ့သည် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ချက်ချင်းဖမ်းဆီးခဲ့သည့် သံသယရှိသူကို စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ဘီအက်ဖ်အမ်တီဗွီတွင် ဖော်ပြထား သည်။ ဆင်ဟွာ