ပရီမီယာလိဂ်ပွဲစဉ် (၂၂) တွင် အာဆင်နယ်၊ လူတန်၊ ပဲလေ့စ်၊ ကာဆယ်တို့ နိုင်ပွဲရပြီး အဲဗာတန် သရေကျ

 

ပရီမီယာလိဂ်ပွဲစဉ်(၂၂)မှ နော်တင် ဟမ်ဖောရက်စ်နှင့်  အာဆင်နယ် အသင်းပွဲစဉ်တွင်  အာဆင်နယ် အသင်းက အကြိတ်အနယ်ကစား ပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ သည်။ အဆိုပါပွဲစဉ်ကို နော်တင် ဟမ်အသင်း အိမ်ကွင်း၌ ဇန်နဝါရီ ၃၁ ရက် နံနက် ၂ နာရီက ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်သည်။ 


တန်းဆင်းဇုန်      ဖိအားရှိ သည့်        နော်တင်ဟမ်အသင်း သည်       အာဆင်နယ်အသင်းကို အိမ်ကွင်းတွင်      လက်ခံကစား ရသော်လည်း ခြေစွမ်းပြသနိုင်ခြင်း မရှိဘဲ ပြိုင်ဘက်အသင်း၏ ဂိုးကန် သွင်းချက်များကိုသာ ပွဲချိန်အများစု ကာကွယ်ရှင်းထုတ်ခဲ့ရသည်။ 


အာဆင်နယ်     အသင်းသည် နော်တင်ဟမ်အသင်းကို အနိုင်ရရှိ ခဲ့သည့်အတွက်    ၂၂  ပွဲကစားပြီး ရမှတ် ၄၆ မှတ်ဖြင့် ဦးဆောင်သူ လီဗာပူးအသင်းကို    ဖိအားပေး လျက်ရှိသည်။   အသင်းအတွက် သွင်းဂိုးတစ်ဂိုး        ရရှိခဲ့သော တိုက်စစ်ကစားသမား ဂျေဇူးသည် ပရီမီယာလိဂ်တွင် ၎င်းယှဉ်ပြိုင် ကစားခဲ့သည့် အသင်း ၃၁ သင်း အနက်   ၂၉  သင်းကို     သွင်းဂိုး သွင်းယူထားနိုင်ပြီ ဖြစ်သည်။ 


အာဆင်နယ်အသင်းအတွက် သွင်းဂိုးများကို ဂျေဇူးနှင့် ဆာကာ က သွင်းယူပေးပြီး နော်တင်ဟမ် အသင်းအတွက်       သွင်းဂိုးကို အယိုနီယီက သွင်းယူပေးခဲ့သည်။ အာဆင်နယ်ကို     ရှုံးနိမ့်ခဲ့သော နော်တင်ဟမ်     အသင်းသည် တန်းဆင်းဇုန်အသင်းနှင့်   ရမှတ် ကွာဟမှု ကျဉ်းမြောင်းလာပြီဖြစ် သောကြောင့်  တန်းမဆင်းရရေး အတွက် လက်ကျန်ပွဲစဉ်များတွင် မဖြစ်မနေ ရလဒ်ကောင်းရရှိရေး ကြိုးပမ်း   အားထုတ်ရတော့မည် ဖြစ်သည်။ 


ပရီမီယာလိဂ်ပွဲစဉ်    (၂၂)  မှ အခြားသော ပွဲစဉ်ရလဒ်များတွင် လူတန်က    တိုက်စစ်ထက်မြက် သည့်   ဘရိုက်တန်ကို   လေးဂိုး-ဂိုးမရှိ၊   ပဲလေ့စ်က   ရှက်ဖီးလ်ကို သုံးဂိုး-နှစ်ဂိုး၊     နယူးကာဆယ် က    အက်စ်တွန်ဗီလာကို   သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဖူလ်ဟမ် နှင့်  အဲဗာတန်အသင်းပွဲစဉ်မှာ ဂိုး မရှိ သရေကျခဲ့သည်။

အောင်ဇော်