ပရီမီယာလိဂ်ပွဲစဉ် (၂) မှ ဩဂုတ် ၂၄ ရက် ည ၆ နာရီ က ယှဉ်ပြိုင်ကစားခဲ့သည့် ဘရိုက်တန်နှင့် မန်ယူ အသင်းပွဲစဉ်တွင် ဘရိုက်တန်အသင်းက အကြိတ် အနယ်ကစားပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဘရိုက်တန်အသင်းသည် မန်ယူအသင်းထက် သာလွန်သည့် ကစားဟန်နှင့် ထက်မြက်သည့် တိုက်စစ်ကိုပြသနိုင်ခဲ့ပြီး အရေးပါသည့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် မီတိုမာ၏ ဖန်တီးမှုကို ဝဲလ်ဘတ် အဆုံးသတ်သွင်းယူနိုင်ခဲ့ သည့်အတွက် ဘရိုက်တန်အသင်း ဦးဆောင်ဂိုးရရှိခဲ့ သည်။
ထို့နောက် မန်ယူအသင်းကလည်း ချေပဂိုးရရှိရေး ကြိုးစားလာခဲ့ရာ ပွဲချိန် မိနစ် ၆၀ တွင် ရရှိခဲ့ပြီး ဒီယယ်လိုက သွင်းယူပေးနိုင်ခဲ့သည်။ ပွဲချိန် မိနစ် ၇၀ တွင် မန်ယူအသင်းမှ လူစားဝင် တိုက်စစ်ကစားသမား ဇီဇီး ဂိုးသွင်းယူနိုင်ခဲ့ သော်လည်း ဗွီအေအာရ်ပြန်လည်ကြည့်ရှုစစ်ဆေးပြီးနောက် ပယ်ဖျက်ခဲ့သည့်အတွက် နစ်နာခဲ့ရသည်။ ဘရိုက်တန်အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန်ပြည့် ခါနီးတွင်ရရှိခဲ့ပြီး ပက်ဒရိုကသွင်းယူပေးခဲ့သည်။
လာမည့် ပွဲစဉ်တွင် အီးအက်ဖ်အယ်ဖလား ပြိုင်ပွဲအဖြစ် ဘရိုက်တန်အသင်းက ခရော လေးအသင်းနှင့် ဩဂုတ် ၂၈ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ပြိုင်ဘက် မန်ယူ အသင်းက အသင်းကြီး လီဗာပူးအသင်းနှင့် စက်တင်ဘာ ၁ ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
အခြားပွဲစဉ်များတွင် မန်စီးတီးက အစ်ဆွစ်ချ်ကို လေးဂိုး - တစ်ဂိုး၊ စပါးက အဲဗာတန်ကို လေးဂိုး - ဂိုးမရှိ၊ ပဲလေ့စ်ကို ဝက်စ်ဟမ်းက နှစ်ဂိုး - ဂိုးမရှိ၊ ဖူလ်ဟမ်က လက်စတာကို နှစ်ဂိုး - တစ်ဂိုး၊ ဆောက်သမ်တန် ကို နော်တင်ဟမ်က တစ်ဂိုး - ဂိုးမရှိတို့ဖြင့် အနိုင်ရသည်။
အောင်ဇော်