
ပျဉ်းမနား ဇူလိုင် ၂၃
ပြည်ထောင်စုနယ်မြေနေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဆီကုန် သည်အသင်းဝင်များဖြင့် ပူးပေါင်း၍ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ဆီပိဿာချိန် ၄၄၀ ရောင်းချ
အဆိုပါရောင်းချမှုတွင် နေပြည်တော် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စောမာလာနွယ်၊ ပျဉ်းမနားမြို့ အာဟာရ သုခဈေးမှ ဆီကုန်သည်အသင်းဝင် ဦးပြည့်ဖြိုးအောင် (ကိုပြည့်ဖြိုးအောင်+မနန်းနေခြည်ဦး)ဆီပွဲရုံမှ ပျဉ်းမနားမြို့နယ် သစ်လေးလုံး ကျေးရွာနှင့် သူဌေးကုန်းကျေးရွာသို့ သွားရောက်၍ ပြည်သူများ အား မီးဖိုချောင်သုံးဆီဈေးနှုန်းသက်သာစွာဖြင့် စားသုံးသူလက်ဝယ် အရောက် ရောင်းချပေးလျက်ရှိရာ စားသုံးဆီတစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် တစ်ဦးလျှင် တစ်ပိဿာနှုန်း ဆီပိဿာချိန် ၄၄၀ ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း (ပြန်/ဆက်)