ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့မှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့

 

နေပြည်တော်  မေ   ၁၁


ပြည်ထောင်စုနယ်မြေ      နေပြည် တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် နှင့်      လယ်ဝေးမြို့နယ်တို့တွင်  မေ ၁ ရက်နှင့် ၃ ရက်က   လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့်  နေအိမ်များနှင့်      ဘာသာရေး အဆောက်အအုံနှစ်လုံးတို့အတွက်   ထောက်ပံ့ငွေ၊ ရိက္ခာနှင့်ကယ်ဆယ် ရေးပစ္စည်း ၁၇ မျိုးတို့ကို   လူမှု ဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနက ထောက်ပံ့ပေးအပ်ခဲ့သည်။

 


ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲကို မေလ ပထမပတ်က   ပျဉ်းမနားမြို့နယ်   စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး     အစည်းအဝေးခန်းမ၌     ကျင်းပရာ   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင် တက်ရောက်       အမှာစကား ပြောကြားသည်။  

 


ယင်းနောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌက လေဘေးသင့် ပြည်သူများအား   အိမ်ဆောက် ပစ္စည်းဖိုး နှင့် ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ရာ လေဘေးသင့်ပြည်သူ များကိုယ်စား  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ      ဦးမောင်မောင် သန်းက လက်ခံခဲ့ပြီး နေပြည်တော် ကောင်စီ        အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊   ဦးမြင့်စိုး တို့က  အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများကို  လေဘေး သင့်   ပြည်သူများထံ  ထောက်ပံ့ ပေးအပ်ကြသည်။ 

 


အဆိုပါ    အခမ်းအနားတွင်  ပျဉ်းမနားမြို့နယ်      အတွင်းရှိ ကျေးရွာအုပ်စု ငါးစုတို့မှ အမိုးလန် နေအိမ်  ၃၁  လုံး၊   ပြိုလဲနေအိမ် ၁၆ လုံး၊ စုစုပေါင်း ၄၇ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး   ငွေကျပ် ၂၈၃၅၀ဝဝ၊ ဘာသာရေးအဆောက် အအုံ    တစ်လုံးအတွက်   ငွေကျပ် ၉၀၀၀၀၊   လေဘေးသင့်ပြည်သူ  ၂၀၉  ဦးအတွက်    ဆန်ရိက္ခာဖိုး ငွေကျပ်  ၄၃၈၉၀၀၊   စုစုပေါင်း ငွေကျပ်   ၃၃၆၃၉၀၀   နှင့်     ပြိုလဲ နေအိမ်  ၁၆  လုံးအတွက်    အိမ် ထောင်စုတစ်စုလျှင်    ငွေကျပ်   ၄၆၃၆၄  တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း    ၁၇  မျိုးကို   ထောက်ပံ့ ပေးအပ်ခဲ့သည်။

 


ဆက်လက်၍      နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည်  လယ်ဝေးမြို့  လေ့ကျင့်ရေး အားကစားခန်းမသို့  သွားရောက် ၍    လယ်ဝေးမြို့နယ်အတွင်းရှိ လေဘေးကြောင့် ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု      ခုနစ်စုတို့မှ အမိုးလန်နေအိမ်  ၄၉  လုံး၊  ပြိုလဲ နေအိမ် ၁၃ လုံး စုစုပေါင်း ၆၂ လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ်  ၂၈၂၃၅၀ဝ၊  ဘာသာရေး အဆောက်အအုံ တစ်လုံးအတွက် ငွေကျပ် ၉၀၀၀၀၊ လေဘေးသင့် ပြည်သူ ၂၆၃ ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေကျပ် ၅၅၆၅၀၀၊ စုစုပေါင်း ငွေကျပ်   ၃၄၇၀၀၀၀  နှင့်    ပြိုလဲ နေအိမ်   ၁၂  လုံးအတွက်    အိမ် ထောင်စုတစ်စုလျှင်    ငွေကျပ် ၄၆၃၆၄ တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုးတို့ကို ထောက်ပံ့ ပေးအပ်ရာ လေဘေးသင့် ပြည်သူ များကိုယ်စား     လယ်ဝေးမြို့နယ်    စီမံအုပ်ချုပ်ရေးအဖွဲ့     ဥက္ကဋ္ဌ  ဦးမြင့်ဆောင်က  လက်ခံခဲ့ကြောင်း သိရသည်။    

 

ဇော်ဖြိုး (ပြန်/ဆက်)