ပျဉ်းမနားမြို့နယ်၌ လူဦးရေစာရင်းများ ကွင်းဆင်းကောက်ယူလျက်ရှိ

 

ပျဉ်းမနား ဇန်နဝါရီ  ၁၁
နေပြည်တော် ပျဉ်းမနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ  ဦးစီးမှူးရုံးက မြို့နယ်အတွင်းရှိ    ရပ်ကွက်/ ကျေးရွာများ၌   အိမ်ထောင်စု စာရင်းမြေပြင်   ကွင်းဆင်းစာရင်း ကောက်ယူခြင်း  လုပ်ငန်းများ ဆောင်ရွက်နေမှုကို နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် နှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၀ ရက်က    လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ (ယာပုံ)
ပျဉ်းမနား      မြို့နယ်အတွင်း  မြေပြင်     ကွင်းဆင်းစာရင်း ကောက်ယူနိုင်ရေး   လုပ်ငန်းစဉ် တစ်ရပ်လုံး  ပြီးမြောက်အောင်မြင် စေရေးအတွက်   နေပြည်တော် ကောင်စီအဖွဲ့ဝင်၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးအောင်ကိုဦး၊ ခရိုင်     လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး  ဦးမောင်မောင် နှင့်  တာဝန်ရှိသူများက  မင်္ဂလာ ရပ်ကွက်နှင့် ရွာကောက်ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုများတွင် လူတစ်ဦးချင်းစီ၏    ကိုယ်ရေး အချက်အလက်များ    မှန်ကန်စေ ရေး၊    မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး၊  လူဦးရေ ဆိုင်ရာ    စာရင်းအချက်အလက် များနှင့်  မသန်စွမ်းငါးမျိုးစာရင်း  တစ်အိမ်တက်ဆင်း    ကောက်ယူ နေသည့်     အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး   လိုအပ်သည် များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ သည်။
ပျဉ်းမနား   မြို့နယ်အတွင်းရှိ အခြား ရပ်ကွက်/ကျေးရွာများတွင် လည်း စာရင်းကောက်ယူရေးအဖွဲ့ များက တစ်ပြိုင်တည်း   ကွင်းဆင်း ဆောင်ရွက်လျက်    ရှိကြောင်းနှင့်  စာရင်း      ကောက်ယူနေမှုများကို မြေပြင်        ကွင်းဆင်းစာရင်း ကောက်ယူရေး         ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ဇန်နဝါရီ ၃၁ ရက်    နောက်ဆုံးထား၍ ဆောင်ရွက်မည်ဖြစ်ကြောင်း  သိရ သည်။        
မျိုးသီဟ(ပြန်/ဆက်)