ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး အဆင့်တိုးမြှင့်ဓာတ်အားပို့လွှတ်ပေး

 

ပျဉ်းမနား   ဖေဖော်ဝါရီ    ၁၁


(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အား  ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ  နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းရှိ  လျှပ်စစ်ဓာတ်အားသုံးစွဲသူ   ပြည်သူများ  လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်အင်ဂျင်နီယာ ရုံးရှိ 33/11kv(10+5)MVA အား 33/11,kv(10+10) MVA သို့ အဆင့်တိုးမြှင့် ဓာတ်အားပို့လွှတ်နိုင်ရန်  ဓာတ်အားချိတ်ဆက် ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 


ပျဉ်းမနားမြို့နယ် မြို့နယ်လျှပ်စစ်မှူးရုံးအနေဖြင့်  လျှပ်စစ် အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင် ရေး၊ လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျှော့ချနိုင်ရေးနှင့် တရား မဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရေးအတွက် မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးသက်ထွန်းကျော်နှင့် ဝန်ထမ်းများက 11 kv, 0.4 kv ဓာတ်အားလိုင်းများနှင့်  မလွတ်ကင်းသော   သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့်  လျှပ်စစ်မီတာ  စစ်ဆေးခြင်းများ ကိုလည်း မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက် လျက်ရှိပြီး ယခုအခါ ပျဉ်းမနားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှိ 33/11kv(10+5)MVA ကို 33/11,kv(10+10) MVA သို့ အဆင့်  တိုးမြှင့်ဓာတ်အားပို့လွှတ်နိုင်ရန်      ဓာတ်အားချိတ်ဆက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။      

ဇော်ဘီ