
ပျဉ်းမနား အောက်တိုဘာ ၁၆
ပျဉ်းမနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂၀၂၀-၂၀၂၁ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်က ကျင်းပရာ နေပြည်တော် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး အေးမင်း(ငြိမ်း)က အမှာစကားပြောကြားပြီး မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူး သန်းအောင်(ငြိမ်း)က နှစ်ပတ် လည် လုပ်ငန်းကဏ္ဍကြီး(၅)ရပ် ဆောင်ရွက်ထားရှိမှုအခြေအနေကို တင်ပြကြသည်။
ထို့နောက် အမှုဆောင်သစ်ရွေးကောက်တင်မြှောက်ခြင်း ပြုလုပ်ပြီး ဥက္ကဋ္ဌအသစ် ဗိုလ်မှူး ဇော်မင်းထွန်း(ငြိမ်း)က အမှာစကားပြောကြား၍ တက်ရောက်လာသော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ ကြေးများ ပေးအပ်ကြောင်း သိရသည်။
ကိုကိုနေ