
ပန်းတောင်း ဧပြီ ၇
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ကရင်စုအုပ်စု၊ ရွာသာယာအုပ်စု၊ ဘူးဘက်အုပ်စု၊ ညောင်ခြေထောက်အုပ်စု၊ ဖောင်းကန်ရပ်ကွက်၊ စမ်းဝအုပ်စု၊ မြောင်အုပ်စု၊ ထုံးဘိုအုပ်စုများတွင် ဆေးထိုးရန်ကျန် အသက်(၁၈)နှစ် အထက် ကျေးလက်နေပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ နိုင်ရေးအတွက် ကျေးရွာများအရောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူမှုရေးအသင်းအဖွဲ့များပါဝင်သော ကြီးကြပ်ရေးအဖွဲ့များ က ကျေးရွာများအရောက် ဆေးထိုးစုရပ်ပြု၍ ယမန်နေ့ နံနက် ၉ နာရီက စတင်ကာ နေ့စဉ်ဆေးထိုးနှံပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ တာဝန်ကျဌာနဆိုင်ရာများက ကျေးရွာများ အရောက် လှည့်လည်ကြည့်ရှုအားပေးပြီး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် ကြရာ ကရင်စုအုပ်စု ၁၉၁ ဦး၊ ရွာသာယာအုပ်စု ၃၃ ဦး၊ ဘူးဘက်အုပ်စု ၁၅၁ ဦး၊ ညောင်ခြေထောက်အုပ်စု ၄၃ ဦး၊ ဖောင်းကန်ရပ်ကွက်၊ စမ်းဝ ကျေးရွာ၊ မြောင်ကျေးရွာ၊ ထုံးဘိုကျေးရွာတို့တွင် လူဦးရေ ၁၀၀ ကျော်တို့ကို ဆေးထိုးစုရပ်ပြုလုပ်၍ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသည့်သူများကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)