
နေပြည်တော် ဒီဇင်ဘာ ၆
သီလဝါဆိပ်ကမ်းဒေသကြီးရှိ Denko Terminal ၊ Max Terminal ၊ MMTM Terminal ၊ Brighter Energy Terminal ၊ PSW Terminal ၊ Regency SPC Terminal များအပြင် သာကေတမြို့နယ်ရှိ PT Power Terminal နှင့် လှိုင်သာယာမြို့နယ်ရှိ Denko Terminal များမှ စက်သုံးဆီများအား ဆီသယ်ယာဉ် များဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်း ဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် များသို့ စက်သုံးဆီသယ်ယာဉ် (Bowser) များဖြင့် နေ့ညမရွေး အဆက်မပြတ် ဖြည့်တင်းသယ်ယူ ပို့ဆောင်ဖြန့်ဖြူးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၅ ရက် တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် နိုင်ငံတစ်ဝန်း ရှိ စက်သုံးဆီအရောင်းဆိုင် ၃၃၉၁ ဆိုင်သို့ ဆီသယ်ယာဉ် (Bowser) ၁၇၂၉ စီးဖြင့် 92 Ron ဂါလန် ၉ သိန်း ၇ သောင်းကျော်၊ 95 Ron ဂါလန် ၂ သိန်း၅ သောင်းကျော်၊ ဒီဇယ်ဆီ ဂါလန် ၆ သိန်း ၅ သောင်းကျော်၊ ပရီမီယမ် ဒီဇယ်ဆီ ၈ သိန်း ၃ သောင်းကျော်ကို ပို့ဆောင် ဖြန့်ဖြူးနိုင်ခဲ့ပြီး ယနေ့တွင်လည်း အဆိုပါ Terminal များမှ စက်သုံးဆီများကို ဆီတင် ယာဉ်များဖြင့် အဆက်မပြတ် ဖြည့်တင်း ပို့ဆောင်ပေးလျက်ရှိသည်။
ထို့အပြင် ပြည်ပမှဆီတင်သင်္ဘော ၁၀ စင်း သည် ပင်လယ်ဝတွင်လည်းကောင်း၊ ဆီတင် သင်္ဘော သုံးစင်းသည် သီလဝါဆိပ်ကမ်းဒေသရှိ Jetty များတွင်လည်းကောင်း အသင့်စောင့် ဆိုင်းလျက်ရှိပြီး သက်ဆိုင်ရာ Terminal များသို့ အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
လက်ရှိအခြေအနေတွင် အများပြည်သူ များအနေဖြင့် ကောလာဟလသတင်းများ ကြောင့် စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးနှုန်း ကြီးမြင့်လာမည်ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ် ပြီး ပုံမှန်ပြည်တွင်းသုံးစွဲမှု ပမာဏထက် ပိုမိုများပြားစွာ ဝယ်ယူနေကြသဖြင့် စက်သုံး ဆီ အရောင်းဆိုင်များ၏ ဖြည့်တင်းပေး နိုင်မှု စွမ်းအားနှင့်အညီ ပုံမှန်သုံးစွဲမှု ပမာဏ အတိုင်း စဉ်ဆက်မပြတ် စိတ်အေးချမ်းသာ စွာ ဝယ်ယူနိုင်ကြောင်းနှင့် မိမိတို့ လိုအပ်သည် ထက် ပိုမိုဝယ်ယူရန် မလိုအပ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်