ပြည်တွင်းသဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ သက်တမ်းပြည့်ပြီး CNG Cylinder အိုးများ အသစ်လဲလှယ်ပေးနိုင်ရေးစီမံဆောင်ရွက်

 

ရန်ကုန်  ဒီဇင်ဘာ   ၃၀  


စက်သုံးဆီ    တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး   ဦးသန့်စင် သည်  တာဝန်ရှိသူများနှင်အတူ ယနေ့တွင်   ရန်ကုန်တိုင်းဒေသ ကြီး အင်းစိန်မြို့နယ်ရှိ မော်တော် ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာန နှင့် မော်တော်ယာဉ်သုံး   သဘာဝ ဓာတ်ငွေ့    အရောင်းဆိုင်အမှတ် (၀၃၂) တို့ကို   သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 


ရှင်းလင်းတင်ပြ


ရှေးဦးစွာ     ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်အဖွဲ့အား   အထွေ ထွေမန်နေဂျာ (CNG) က  ရန်ကုန် တိုင်းဒေသကြီးအတွင်း    CNG အရောင်းဆိုင် ၄၁ ဆိုင်၊ ယာဉ်စီးရေ ၂၆၉၇၃ စီး၊ မန္တလေးတိုင်းဒေသကြီး တွင် CNG အရောင်းဆိုင် နှစ်ဆိုင်၊ ယာဉ်စီးရေ ၇၄၂ စီး၊   မကွေးတိုင်း ဒေသကြီးတွင် CNG အရောင်းဆိုင် ၃ ဆိုင်၊ ယာဉ်စီးရေ ၅၈၆ စီး၊ CNG အရောင်းဆိုင်စုစုပေါင်း ၄၆ ဆိုင်မှ CNG  ယာဉ်စီးရေ    စုစုပေါင်း ၂၈၃၀၁ စီးကို နေ့စဉ် ကုန်းတွင်းနှင့် ကမ်းလွန်မှ   ထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀ ခန့်အား  ထိန်းညှိဖြန့်ဖြူးပေးနေ သည့်အခြေအနေများ၊ ရန်ကုန်မြို့ ရှိ သဘာဝဓာတ်ငွေ့အရောင်းဆိုင် များတွင် CNG ယာဉ်များ  တန်းစီ စောင့်ဆိုင်း ဝယ်ယူဖြည့်သွင်းခဲ့ရ သည့်   အခြေအနေများနှင့်   လ အလိုက်   တန်းစီစောင့်ဆိုင်းရမှု လျှော့ချ  ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများကို    ရှင်းလင်း တင်ပြသည်။ 


တင်ပြချက်များနှင့်စပ်လျဉ်း၍ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ပြည်တွင်းသဘာဝ ဓာတ်ငွေ့   တိုးမြှင့်ထုတ်လုပ်နိုင် ရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိရာ     သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်များသို့ ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်မည်ဆိုပါက ပြည်ပ မှတင်သွင်းနေရသော စက်သုံးဆီ သုံးစွဲမှုကို လျှော့ချနိုင်သဖြင့် နိုင်ငံ ခြားငွေသုံးစွဲမှု လျော့နည်းသက်သာ စေသည့်အပြင် ခရီးသွားပြည်သူ များအတွက်လည်း ယာဉ်စီးနင်းခ ဈေးနှုန်း   သက်သာစေမည်ဖြစ် ကြောင်း၊  ယခင်က   ရန်ကုန်မြို့ ရှိ  CNG   အရောင်းဆိုင်များတွင် မော်တော်ယာဉ်များ     တန်းစီ စောင့်ဆိုင်းဝယ်ယူ   ခဲ့ကြရသော် လည်း   ယခုအချိန်တွင်   တန်းစီ စောင့်ဆိုင်းရသည့်မော်တော်ယာဉ် စီးရေ   သိသိသာသာ   လျော့နည်း လာစေရန်    ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အထွေထွေ မန်နေဂျာနှင့်     ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ပြည်သူများ    ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် CNG ယာဉ် များတွင် တပ်ဆင်အသုံးပြုသည့် CNG Cylinder အိုးများ သတ်မှတ် ထားသည့်  ကာလများအတိုင်း စနစ်တကျ စမ်းသပ်စစ်ဆေးသွား နိုင်ရေးနှင့်   သက်တမ်းပြည့်ပြီး CNG Cylinder အိုးများ   အသစ် လဲလှယ်ပေးနိုင်ရေး အလေးထား စီမံဆောင်ရွက်သွားကြရန် ဖြစ်ပါ ကြောင်း     မှာကြားပြီး   အများ ပြည်သူများ အန္တရာယ်ကင်းရှင်း စွာသုံးစွဲနိုင်ရန် ခေတ်မီစက်ကိရိ ယာများဖြင့် CNG အိုးများစမ်းသပ် စစ်ဆေးနေသည့်  CNG   Retest Factory အလုပ်ရုံကို   ကြည့်ရှု စစ်ဆေးသည်။


ကြည့်ရှုစစ်ဆေး


ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့  အရောင်းဆိုင် အမှတ် (၀၃၂) သို့   ရောက်ရှိရာ တာဝန်ရှိသူများ လုပ်ငန်းဆောင် ရွက်နေမှုများနှင့်    နှစ်အလိုက် စက်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း များ    ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြကြရာ   ဒုတိယ ဝန်ကြီးက     လုပ်ငန်းခွင်ဘေး အန္တရာယ်   ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ်      ကြိုတင် ကာကွယ်နိုင်ရေးအတွက် ရေးဆွဲ ထားသည့် Standard Operating Procedure  (SOP)   များအား အလေးထား လိုက်နာဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊    စက်များ ကြံ့ခိုင်ကောင်းမွန်စေရေး ပြုပြင် ထိန်းသိမ်းခြင်း    လုပ်ငန်းများကို ဘဏ္ဍာငွေ    ခွင့်ပြုရရှိမှုအပေါ် မူတည်ပြီး နှစ်အလိုက်ဆောင်ရွက် နိုင်ရေး    စီမံဆောင်ရွက်ရန်ဖြစ် ကြောင်း မှာကြားပြီး  CNG    သုံး မော်တော်ယာဉ်များ     ဓာတ်ငွေ့ ဖြည့်တင်းနေမှု၊ Computer စနစ် ဖြင့် ဓာတ်ငွေ့ရောင်းချနေမှု၊ CNG စက်ပစ္စည်းများ     ထိန်းသိမ်း မောင်းနှင်မှု၊   Daughter   CNG အရောင်းဆိုင်များတွင် အသုံးပြု ရန်အတွက် Jumbo Tube တွဲများ ဓာတ်ငွေ့ဖြည့်တင်းနေမှုများနှင့် ဓာတ်ငွေ့ဖြည့်တင်းနေသော ခရီး သည်တင်    YBS   ယာဉ်များကို  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း   သိရ သည်။                    

သတင်းစဉ်