
နေပြည်တော် စက်တင်ဘာ ၃၀
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ (၁/၂၀၂၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ သတင်းနှင့် ပြန်ကြားရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် အဖွဲ့ဝင်များ တက် ရောက်ကြသည်။
ထောက်ပံ့ကူညီမှုများလည်းရှိ
ရှေးဦးစွာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က အဖွင့် အမှာစကား ပြောကြားရာတွင် အကြောင်း အမျိုးမျိုးကြောင့် ယာယီခိုလှုံရာ စခန်းများတွင် ရောက်နေကြသော တိုင်းရင်းသား ပြည်သူများအတွက် စခန်းများ တွင် နေထိုင်စဉ်မိသားစု စားဝတ် နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက ဆောင်ရွက် ပေးနေကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းက ထောက်ပံ့ကူညီမှု များလည်းရှိကြောင်း၊ ၎င်းတို့ကို မူလနေထိုင်ရာ အရပ်ဒေသများသို့ ပြန်လည်ရောက်ရှိပြီး နေထိုင် စားသောက်ခြင်းနှင့် အသက်မွေး ဝမ်းကျောင်း အဆင်ပြေမှုရှိစေရန် ဆောင်ရွက်ပေး နေကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရများက ၎င်းတို့၏ မူလဒေသတွင် ပျက်စီးနေသော နေအိမ်များ အသစ်ဆောက်လုပ် ပေးခြင်း၊ ပြန်လည်ပြုပြင်ပေး ခြင်း၊ ရိက္ခာထောက်ပံ့ပေးခြင်း၊ အသုံးအဆောင်ပစ္စည်း ထောက်ပံ့ ပေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ထိုသို့ဆောင် ရွက်ပေးနေမှုများကို သက်ဆိုင်ရာ ကာယကံရှင်များ၊ ဒေသခံပြည်သူ များနှင့် နိုင်ငံတကာကပါ သိရှိ အောင် သတင်းပြန်ကြားရေး ဆောင်ရွက်ပေးရန် အရေးကြီး ကြောင်း၊ ပြည်တွင်း/ ပြည်ပမှ သိရှိစေရန်နှင့် မဟုတ်မမှန် ထုတ်လွှင့် ဖော်ပြနေကြသည့် အတွက် သတင်းမီဒီယာများက မိမိတို့၏ အမှန်တကယ်လုပ်ကိုင် ဆောင်ရွက်နေမှုများကို သိရှိစေ ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် သတင်းနှင့်ပြန်ကြား ရေး လုပ်ငန်းကော်မတီ အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များက ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း ရေးဆိုင်ရာ သတင်းများ ရယူ ထုတ်ပြန်နိုင်ရေး၊ အသိပညာပေး အစီအစဉ်များ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နိုင်ရေး၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများနှင့် စပ်လျဉ်း ၍ ရှင်းလင်းတင်ပြကြပြီး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
သတင်းစဉ်