ပြည်တွင်း၌ ဘိလပ်မြေစက်ရုံများ  ဆက်လက်တည်ဆောက်နိုင်ရေး ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်လျက်ရှိ

 

 

နေပြည်တော်   ဇွန်   ၆
စက်မှုဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည်     ယမန်နေ့      နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်ရှိ Max ဘိလပ်မြေစက်ရုံသို့  သွားရောက်ကြည့်ရှုစစ်ဆေး သည်။
ထိုသို့   ကြည့်ရှုစစ်ဆေးစဉ်  စက်ရုံတာဝန်ခံနှင့် တာဝန်ရှိသူတို့က စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံ ဆိုင်ရာအချက်အလက်များနှင့်    လုပ်ငန်းလည်ပတ် အကောင်အထည်ဖော်          ဆောင်ရွက်နေမှုတို့ကို   ရှင်းလင်းတင်ပြရာ  ပြည်ထောင်စုဝန်ကြီးက Max ဘိလပ်မြေစက်ရုံသည်  အစိုနည်းစဉ်  (Wet Process) မှ အခြောက်နည်းစဉ် (Dry Process)သို့ ပြောင်းလဲ၍        ကုန်ထုတ်လုပ်မှုလုပ်ငန်းများ  ဆောင်ရွက်နေမှုကို ကြည့်ရှုရန် လာရောက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော် ဝန်ကြီးချုပ်ကလည်း   ပြည်တွင်းဘိလပ်မြေစက်ရုံ များကို   စက်စွမ်းအားပြည့် လည်ပတ်ရန်  လမ်းညွှန်မှု    ပြုထားပါကြောင်း၊ ပြည်တွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း  အားပေးလျက် ရှိပါကြောင်း။
 ပြည်တွင်း၌  ဘိလပ်မြေစက်ရုံများ  ဆက်လက် တည်ဆောက်နိုင်ရေးအတွက်    ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို    ဖိတ်ခေါ်လျက်ရှိပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင် ဘိလပ်မြေများသည်   မရှိမဖြစ်   လိုအပ်သဖြင့် ဘိလပ်မြေထုတ်လုပ်သည့် နည်းပညာများပိုမိုဖွံ့ဖြိုး ပြန့်ပွားအောင်  ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ စက်ရုံအနေဖြင့်    လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များကိုလည်း  အစီအမံများ ချမှတ်၍ စဉ်ဆက်မပြတ် လေ့ကျင့်ပြုစုပျိုးထောင် ပေးစေလိုကြောင်း၊   မိမိနိုင်ငံရှိ   ပညာရှင်များကို ကုန်ထုတ်လုပ်မှုလုပ်ငန်းများ    ဆောင်ရွက်နိုင်ရန် အတွက်    စက်ရုံများကို   ကိုယ်ပိုင်ဒီဇိုင်းဆွဲ၍ တည်ဆောက်နိုင်သည်အထိ  လေ့ကျင့်ပြုစုပျိုးထောင် နိုင်ရေး စီမံထားရမည်ဖြစ်ကြောင်း။
စက်ရုံရှိ    အင်ဂျင်နီယာ   ပညာရှင်များကို အတိုင်ပင်ခံအင်ဂျင်နီယာများ ဖြစ်အောင် ပြုစု ပျိုးထောင်မွေးမြူရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်း များ   ဖွံ့ဖြိုးတိုးတက်မှသာ  ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ   ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်း၊  ထို့ကြောင့်   စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်          အစိုးရနှင့် ပုဂ္ဂလိက   လုပ်ငန်းရှင်များ  ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ စက်ရုံ အနေဖြင့် သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ    ဆောင်ရွက်နေ၍  ယခုထက် ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက် ကြရန်နှင့်  သဘာဝပတ်ဝန်းကျင်ပျက်စီးမှု မရှိစေရေး အလေးထားဆောင်ရွက်ကြရန်  မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကုန်ကြမ်း ထုံးကျောက်များ ထုတ်ယူခဲ့မှု(ဝဲပုံ)နှင့်  လုပ်ငန်း လည်ပတ်မှုနှင့်    ဘိလပ်မြေထုတ်လုပ်မှု      နည်းစဉ် အဆင့်ဆင့်တို့ကို        ကြည့်ရှုစစ်ဆေးခဲ့ကြောင်း     သတင်းရရှိသည်။
သတင်းစဉ်