ပြည်တွင်းမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ဦးစားပေး၍ ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးဖြစ်ထွန်းစေ ပြည်တွင်းစီးပွားရေးတိုးတက်ရန်အတွက် လူတစ်စု၏ စီးပွားတိုးတက်ရေးထက် လူအများစီးပွားရေးတိုးတက်ရန်လို

 

နေပြည်တော် ဒီဇင်ဘာ  ၂၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင်         ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ  ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့ များမှ တာဝန်ရှိသူများအား ရန်ကုန်မြို့၊ ကုန်သည် များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ တွေ့ဆုံသည်။

 


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊     ဗိုလ်ချုပ်ကြီး   တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့်     တာဝန်ရှိသူများ၊   ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှုဆောင်များ၊   ညီနောင်အသင်းအဖွဲ့ များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် ကဏ္ဍအလိုက် လိုအပ်ချက်များအား တင်ပြဆွေးနွေး


ဦးစွာ           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု  လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)  ဥက္ကဋ္ဌ   ဦးအေးဝင်းက အသင်းချုပ် စတင်တည်ထောင်ခဲ့မှု၊ အသင်းချုပ်အား ဖွဲ့စည်းထားရှိမှု၊ အသင်းချုပ်၏   ညီနောင်အသင်း အဖွဲ့များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်လက်ခံမှု၊   အသင်းချုပ်၏   လည်ပတ်နေမှု၊ အသင်းချုပ်၏         မူဝါဒများနှင့်   ရှေ့ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် UMFCCI ဒုတိယ ဥက္ကဋ္ဌနှင့်    မြန်မာနိုင်ငံ  ဆန်စပါးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌဖြစ်သူ ဦးရဲမင်းအောင်နှင့် တက်ရောက် လာကြသည့်  ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိ သူများက အသင်းအဖွဲ့အလိုက် ဖွဲ့စည်း ဆောင်ရွက် ထားရှိမှု၊ ကဏ္ဍအလိုက်မှ ပို့ကုန်များကို  ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေး  နိုင်ငံတကာ အသိအမှတ်ပြုဓာတ်ခွဲ ခန်းများ  အဆင့်မြှင့်တင်ဆောင်ရွက်ရန်လိုအပ်မှု၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ နည်းစနစ်များ အသုံးပြုဆောင်ရွက်ရန် လိုအပ်မှု၊ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရင်းအနှီး၊ ကျွမ်းကျင်လုပ်သားများ၊ နည်းပညာ  စသည်တို့တွင်  ကူညီဆောင်ရွက်ပေး စေလိုမှု၊ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများတင်သွင်း ရာတွင် ကုန်ပစ္စည်း အရည်အသွေးပြည့်မီမှု စစ်ဆေး ပေးနိုင်ရန်နှင့်           ကုန်သွယ်ခွန်ကောက်ခံမှုအား သက်သာသောနှုန်းထားဖြင့် ခွင့်ပြုပေးစေလိုမှု၊ စက်မှု လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက်          ကျွမ်းကျင်လုပ်သားနှင့် အတတ်ပညာရှင်လူသားအရင်းအမြစ်များ လိုအပ် မှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်ယူမှုတွင်  ပုဂ္ဂလိကကဏ္ဍအားပေး ကူညီစေလိုမှုနှင့်    လျှပ်စစ်စွမ်းအင်သုံး   သယ်ယူ ပို့ဆောင်ရေးယာဉ်များ နိုင်ငံအတွင်း အသုံးပြုမှုတွင် ကျယ်လာစေရေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်း ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ရရှိရေး ကုန်စည် ပြပွဲများတိုးမြှင့်ဆောင်ရွက်ရန် လိုအပ်မှု၊ ပြည်သူများ အလုပ်အကိုင်ကောင်းမွန်စွာရရှိရေး၊  ပြည်ပပို့ကုန် များ ဈေးကွက် ပိုမိုရရှိရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် အစိုးရနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ  ညီညီညွတ်ညွတ်ဖြင့်   ပူးပေါင်း ကြိုးပမ်းဆောင်ရွက်ရန်   လိုအပ်မှု၊  ICT  ဆိုင်ရာ သွင်းကုန်ပစ္စည်းများ အခွန်နှုန်းသက်သာစွာဖြင့် ရရှိ ရေး     ကန့်သတ်ချက်များ  ဖြေလျှော့ပေးစေလိုမှု၊ ကျောက်မျက်ရတနာရောင်းချပွဲများတွင် နိုင်ငံခြားငွေ ဖြင့် ရောင်းချသည့် ပြပွဲများအပြင် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲများကိုလည်း စီစဉ်ဆောင်ရွက်ပေး စေလိုမှု စသည်တို့နှင့် ပတ်သက်၍ လိုအပ်ချက်များ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

 


ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ 
ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး


ထို့နောက်      တက်ရောက်လာကြသူများ၏ ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့်   ဦးဝင်းရှိန်၊  ဒေါက်တာ ကံဇော်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ ဦးအောင် နိုင်ဦးတို့က နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့်  အလတ်စား  စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမတည်ငွေနှင့် လိုအပ်ချက်များအား  တတ်နိုင်သရွေ့  နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ လိုင်စင်များ နှင့် ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံးရရှိ အောင် ဆောင်ရွက်ပေးလျက်ရှိမှု၊ စိုက်ပျိုး မွေးမြူရေး ကို အခြေခံသည့်  ထုတ်ကုန်လုပ်ငန်းများအတွက် လိုအပ်သည့်   နည်းပညာနှင့်  အရင်းအနှီးများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိမှု၊   လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယာဉ်များ  ဖွံ့ဖြိုးတိုးတက်လာ ရေးအတွက် ဝန်ကြီးဌာနများမှလည်း ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့် စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဆောင်ရွက်နေမှု   စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီး ပြန်လည် ဆွေးနွေး ပြောကြားကြသည်။ 

 


စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက်  


ယင်းနောက်         နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်     စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)သည် ဖွဲ့စည်းတည်ထောင်မှု နှစ်ပေါင်း ၁၀၀ ကျော်ရှိပြီဖြစ်ပြီး အမှီအခိုကင်းသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊   အစိုးရအဆက်ဆက် အနေဖြင့်          နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သကဲ့သို့    မိမိတို့  အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊  ကုန်ထုတ်လုပ်မှုများရှိမှသာလျှင် ရောင်းဝယ်မှုများနှင့်  ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက် ပေးရကြောင်း၊ ထုတ်ကုန်များရရှိရန်အတွက် အသေး စား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)ကိုအခြေခံသည့် လုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့် သည်    ကျေးလက်နေပြည်သူများဖြစ်ပြီး  စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက် ကြကြောင်း၊   ထို့ကြောင့်  စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်                 
ကုန်ထုတ်လုပ်မှု၊  ရောင်းဝယ်မှုများကို  ဆောင်ရွက် ခြင်းသည် အကျိုးများစွာဖြစ်ထွန်းစေပြီး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

 


MSME   လုပ်ငန်းများ၏  ရည်ရွယ်ချက်သည် ပြည်တွင်းစီးပွားရေးအားပေးရန်၊ သွင်းကုန်အစားထိုး ရန်နှင့် ပို့ကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရန်ဖြစ် ကြောင်း၊ ပြည်တွင်းစီးပွားရေးကို အားပေးရန်အတွက် ကုန်ထုတ်လုပ်မှုများကို  ဦးစားပေးဆောင်ရွက်ရန်လို ကြောင်း၊ ဒီမိုကရေစီ ပထမအစိုးရနှင့် ဒုတိယအစိုးရ သက်တမ်းတို့တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုထက် ပြည်ပမှသွင်းကုန်တင်သွင်းမှုကို   ဦးစားပေးခဲ့ခြင်း ကြောင့် ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ ပြည်တွင်း မှ  ထုတ်လုပ်သည့်  ထုတ်ကုန်များကို  ဦးစားပေး၍ ဆောင်ရွက်ခြင်းသည်          ပိုမိုအကျိုးဖြစ်ထွန်းစေ ကြောင်း၊ ပြည်တွင်း စီးပွားရေးတိုးတက်ရန်အတွက် လူတစ်စု၏    စီးပွားတိုးတက်ရေးထက်  လူအများ စီးပွားရေး တိုးတက်ရန်လည်းလိုကြောင်း၊ ထို့ကြောင့် အများစုအကျိုးရှိနိုင်သည့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

 


ဈေးကွက်စီးပွားရေးစနစ် ပိုမိုပီပြင်လာ


ခေတ်အဆက်ဆက်တွင်            နိုင်ငံ့စီးပွားရေး တိုးတက်ရေးအတွက် စနစ်အမျိုးမျိုးဖြင့် ဆောင်ရွက် ခဲ့ကြကြောင်း၊ တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေးစနစ်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်   လျှောက်လှမ်းချိန်၌ ဈေးကွက်စီးပွားရေးစနစ် ပိုမိုပီပြင်လာခဲ့ကြောင်း၊ သို့သော် နိုင်ငံတော်အစိုးရ အနေဖြင့် ပုဂ္ဂလိကမှ မလုပ်နိုင်သည့် အချို့သောစီးပွား ရေးလုပ်ငန်းများကို     ဆက်လက်ဆောင်ရွက်နေရ ကြောင်း၊ မိမိတို့၏   ရည်ရွယ်ချက်မှာ    ပုဂ္ဂလိက စီးပွားရေးကို အားပေးလိုခြင်းဖြစ်ကြောင်း၊ သို့သော် စီးပွားရေးလုပ်ငန်းများ           ဆောင်ရွက်ရာတွင် စည်းကမ်းပိုင်းဆိုင်ရာအရ           အစိုးရတစ်ရပ်၏ ထိန်းကျောင်းမှုဖြင့်လည်း ကင်း၍ ရနိုင်မည် မဟုတ် သောကြောင့်  ယခုမြန်မာနိုင်ငံကုန်သည်များနှင့်  စက်မှု လုပ်ငန်းရှင်များအသင်းအနေဖြင့်လည်း နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်   နိုင်ငံတော်အစိုးရနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း။

 


မိမိတို့နိုင်ငံတွင်   ထုတ်ကုန်ပစ္စည်းနည်းပါးမှု ကြောင့်    ရောင်းဝယ်မှုနည်းပါးခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာဖြင့် အရည်အတွက်   များပြားစွာ  ထုတ်လုပ်နိုင်ရန်လို ကြောင်း၊ ရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များနှင့် သယံဇာတပစ္စည်းများမှ ထုတ်ကုန်ပစ္စည်းများ ကို ထိရောက်စွာအသုံးချ၍  အကျိုးရှိစွာ အသုံးပြု မည်ဆိုပါက   မိမိတို့နိုင်ငံ၏   စီးပွားရေးကဏ္ဍမှာ တိုးတက်လာမည်ဖြစ်ကြောင်း။

 


နိုင်ငံတော်မှထုတ်ချေးပေးသည့်   ချေးငွေနှင့် ပတ်သက်၍  ဖွံ့ဖြိုးရေးအရ  ချေးငွေများရှိသကဲ့သို့ စီးပွားရေးအရ   ထုတ်ချေးပေးသည့်  ချေးငွေများ ရှိကြောင်း၊ နိုင်ငံတော်မှ တတ်နိုင်သမျှ ရင်းနှီးမြှုပ်နှံ ငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ နိုင်ငံအတွင်း ငွေကြေးလည်ပတ်သုံးစွဲမှုများ များပြားမှသာလျှင် စီးပွားရေးလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ နိုင်ငံ တော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း။

 


ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်     သွင်းအားစုများ လိုအပ်သဖြင့်  ရရှိအောင် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊   မိမိတို့နိုင်ငံတွင်  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း စီမံကိန်းများအနက် အချို့မှာ အကြောင်းအမျိုးမျိုးကြောင့်      ရပ်တန့်ခဲ့ရသဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်မှု  မရှိသေးကြောင်း၊ ထို့ကြောင့်   နေရောင်ခြည်စွမ်းအင်သုံး  လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းနှင့်    လေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ကြရန်လိုကြောင်း၊ အလားတူ စပါးခွံလောင်စာသုံး Gastifire ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို လည်း လက်တွေ့အသုံးချနိုင်မည်ဆိုပါက အားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

 


ဓာတ်မြေဩဇာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံများရှိပြီး   အဆိုပါစက်ရုံများ လည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မွေးမြူပြီး  ထွက်ရှိလာသည့်   စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာများအဖြစ်     အသုံးချနိုင်ကြောင်း၊ အလားတူ အီးအမ်ဘိုကာချီကဲ့သို့သော သဘာဝမြေ ဩဇာများကိုလည်း အသုံးပြုဆောင်ရွက်၍ရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ  ဆောင်ရွက်ရာတွင်  မျိုး၊ မြေ၊ ရေ၊ နည်း လေးရပ်စလုံး ပြည့်စုံကောင်းမွန်နေရန် လိုကြောင်း၊ ထို့ကြောင့်  သက်ဆိုင်ရာ အဖွဲ့အစည်း များမှ ကြိုးပမ်းဆောင်ရွက်ပေးမည်ဆိုပါက စိုက်ပျိုး ရေးလုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း။

 


ထို့ပြင်      မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများ    ဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့် မြေနေရာများတွင် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ   မွေးမြူရေးလုပ်ငန်း များကို စနစ်တကျဖြင့် ဆောင်ရွက်ပြီး အကျိုးရှိစွာ အသုံးချကြစေလိုကြောင်း၊   စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ပစ္စည်းများဖြင့်       လူသုံးကုန်ပစ္စည်းနှင့်  စားသောက်ကုန်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများ ကို  အောင်မြင်အောင်  ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက်များကို   ဖြည့်ဆည်းပေးနိုင် မည်ဖြစ်သဖြင့်  နိုင်ငံအတွက်   များစွာအကျိုးရှိမည် ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပြီး ၎င်းထက် ပိုမိုထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း။

 


လူသားအရင်းအမြစ်ကောင်းများ ရရှိရေး


လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍   ပြည်သူများ  ပညာရည်မြင့်မားရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာပညာ ရပ်များအလိုက် ကျွမ်းကျင်ပညာရှင်များ မွေးထုတ် ပေးနိုင်ရေး   ဘာသာရပ်များအလိုက်  သင်တန်း ကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသကဲ့သို့ ပုဂ္ဂလိကအနေဖြင့်လည်း     ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးမည်ဆိုပါက    နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေး အတွက် ရင်းနှီးမြှုပ်နှံမှုသည် များစွာကြီးမားပြီး နိုင်ငံ အတွက်   အကျိုးများစွာ  ဖြစ်ထွန်းနိုင်သည့်  ရင်းနှီး မြှုပ်နှံမှုပင်ဖြစ်ကြောင်း၊  ဘာသာရပ်အလိုက်  ပညာ ရပ်များကို   အမှန်တကယ်  ကျွမ်းကျင်ပိုင်နိုင်သည် အထိ သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း။

 


သယံဇာတများကို အကျိုးရှိရှိ ထုတ်ယူသုံးစွဲ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားပေးဆောင်ရွက်


မိမိတို့နိုင်ငံတွင်   စက္ကူလိုအပ်ချက်များစွာရှိပြီး သစ်နှင့် ဝါးသယံဇာတများကို  စနစ်တကျထုတ်ယူ အသုံးပြု၍ ၎င်းတို့မှ စက္ကူပျော့ဖတ်များ ထုတ်လုပ်၍ ရကြောင်း၊   ပြည်တွင်း၌  စက္ကူပျော့ဖတ်နှင့်  စက္ကူ ထုတ်လုပ်ခြင်းလုပ်ငန်းများကို     ဆောင်ရွက်မည် ဆိုပါက  နိုင်ငံတော်အနေဖြင့်  အားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းမှ ထွက်ရှိ သည့်   ရော်ဘာများဖြင့်  လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရန်လိုကြောင်း၊    အလားတူ   ချည်နှင့် ချည်ထည်များကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရမှုများ ရှိသဖြင့် ပြည်တွင်းဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း များကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင် ရွက်ကြရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်းများနှင့် ပတ်သက်၍    ယခုထက်   ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်း သည်  အမျိုးသမီးများအတွက်  အလုပ်အကိုင်အခွင့် အလမ်းများကို ဖော်ဆောင်ပေးနိုင်ကြောင်း၊ လုပ်သား များ၏ လစာငွေများနှင့် ရပိုင်ခွင့်များကိုလည်း မှန်မှန် ကန်ကန်ရရှိအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်သားများ  ကျွမ်းကျင်မှုရှိစေရေးနှင့်  စက်ပစ္စည်း များ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်လာပြီး   ဝယ်လိုအားမြင့်တက်လာမည် ဖြစ်ကြောင်း။

 


ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများအတွက် လိုအပ်သည့် သံမဏိများထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများရှိပြီးဖြစ်ကြောင်း၊ ပြည်တွင်း၌ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် မည်ဆိုပါက မည်သည့် တိုင်းရင်းသားလုပ်ငန်းရှင်များ ကိုမဆို အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်   လူသုံးကုန်ပစ္စည်းများကို  ပြည်ပမှ အများဆုံးမှာယူသုံးစွဲနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲ မှုများ များပြားလျက်ရှိကြောင်း၊ ထို့ကြောင့် လူသုံးကုန် ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ပြီး ဈေးနှုန်း သက်သာစွာဖြင့်   ဖြန့်ဖြူးရောင်းချမည်ဆိုပါက တိုင်းပြည်အတွက်    များစွာအကျိုးရှိစေနိုင်မည် ဖြစ်ကြောင်း။
ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍   မိမိတို့စတင် တာဝန်ယူချိန်တွင်   အကြောင်းအမျိုးမျိုးကြောင့် ဘဏ်လုပ်ငန်းများ ရပ်တန့်ခဲ့ရကြောင်း၊ သို့သော် ယခုအခါ ဘဏ်လုပ်ငန်းများ ပြန်လည်လည်ပတ်လာ ပြီဖြစ်ကြောင်း၊  ဘဏ်လုပ်ငန်းဆောင်ရွက်သူများ အနေဖြင့်လည်း လုပ်ငန်းများကို မှန်မှန်ကန်ကန်ဖြင့် စနစ်တကျဆောင်ရွက်ကြရန်   တိုက်တွန်းမှာကြား လိုကြောင်း၊    နိုင်ငံအတွက်  ဘဏ်လုပ်ငန်းသည် အရေးကြီးသဖြင့်       ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရကြောင်း။

 


ခရီးသွားလုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီး သွားလုပ်ငန်းကို      အထောက်အကူပြုနိုင်သည့် ရပ်ရွာများ      သန့်ရှင်းသာယာလှပရေးအတွက် အမြဲမပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည် ဆိုပါက   နိုင်ငံအတွက်  များစွာအကျိုးဖြစ်နိုင်မည် ဖြစ်ကြောင်း။ 
မိမိတို့နိုင်ငံတွင်   ဆေးဝါးလိုအပ်မှုများရှိသဖြင့် အချို့သောဆေးဝါးများမှလွဲ၍  ထုတ်လုပ်နိုင်သည့် ဆေးဝါးများကို လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ် နိုင်ရန်လိုကြောင်း၊ အလားတူ မိမိတို့နိုင်ငံမှ ပြည်ပ နိုင်ငံများသို့  သွားရောက်၍ ကျန်းမာရေးစောင့်ရှောက် မှုခံယူသူများ များပြားလျက်ရှိကြောင်း၊ ပြည်တွင်း၌ ပုဂ္ဂလိကဆေးရုံလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက ပြည်သူများအတွက် များစွာအထောက်အကူပြုမည် ဖြစ်၍ ဆောင်ရွက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။

 


နိုင်ငံစီးပွားတိုးတက်ရေးအတွက်          ယခု တက်ရောက်လာကြသည့် အဖွဲ့အစည်းမှ အများဆုံးဆောင်ရွက်နေခြင်းဖြစ်သဖြင့် နိုင်ငံရေးကင်းရှင်းစွာ ဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍ အတူတကွ ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

 


ယင်းနောက်          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ           နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့်      ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) မှ ဗဟိုအလုပ်အမှု ဆောင်များ၊  ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်း ရရှိသည်။                                          

သတင်းစဉ်