
နေပြည်တော် ဖေဖော်ဝါရီ ၁၄
ပြည်တွင်းကြက်သွန်နီ ဈေးနှုန်း တည်ငြိမ်စွာဖြင့် ပြည်ပသို့ တိုးမြှင့် တင်ပို့နိုင်ရေး ညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီ က စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ-၁ ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး တက် ရောက် အမှာစကား ပြောကြား သည်။
တိုးမြှင့်တင်ပို့
ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကြက်သွန်နီ စိုက်ဧက ၁ ဒသမ ၇ သိန်းကျော် ရှိပြီး နှစ်စဉ်တန်ချိန် တစ်သန်း ကျော် ထွက်ရှိပါကြောင်း၊ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ထိုက်သင့်သည့် အကျိုးအမြတ်ရရှိစေရေး၊ စားသုံး သူပြည်သူများ သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး တို့ကို ချိန်ညှိဆောင်ရွက်ရေးနှင့် ပြည်ပနိုင်ငံများသို့ စဉ်ဆက်မပြတ် တိုးမြှင့် တင်ပို့နိုင်ရေးတို့ကို ဟန်ချက်ညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြော ကြားသည်။
ချိတ်ဆက်ဆောင်ရွက်
ထို့နောက် တက်ရောက်လာ ကြသည့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူများက ဈေးကွက် အခြေအနေနှင့် အလားအလာများ၊ ပြည်ပတင်ပို့ရာတွင် ကြုံတွေ့ရ သည့် အခက်အခဲများ၊ ဈေးကွက် တိုးချဲ့ တင်ပို့နိုင်ရေးအတွက် နိုင်ငံတော်မှ ကူညီပံ့ပိုးပေးရန် လိုအပ်ချက်များ၊ ပြည်ပနိုင်ငံ များသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းများမှ လက်ရှိတင်ပို့နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြ ပြီး ကြက်သွန်နီကဏ္ဍ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖိလစ်ပိုင်နိုင်ငံ အပါအဝင် ဈေးကွက်အလားအလာရှိသည့် နိုင်ငံများသို့ တိုးမြှင့်တင်ပို့နိုင်ရေး အစိုးရချင်း ချိတ်ဆက်ဆောင်ရွက် ရေး၊ လိုအပ်သည့် အပင်ပိုးမွှား ရောဂါများ ကင်းရှင်းကြောင်း အသိအမှတ်ပြု လက်မှတ်များ လွယ်ကူစွာ ထုတ်ယူရရှိနိုင်ရေး၊ ကောင်းမွန်သော စိုက်ပျိုး ထုတ်လုပ်မှုကျင့်စဉ်(GAP)စနစ် ဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ် နိုင်ရေးနှင့် တောင်သူပညာပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင် ရေးတို့အပါအဝင် ပြည်ပဈေးကွက် သို့ ကြက်သွန်နီ စဉ်ဆက်မပြတ် တိုးမြှင့် တင်ပို့နိုင်ရေးနှင့် ပြည်တွင်းဈေးကွက် တည်ငြိမ်စေ ရေးတို့အတွက် ဆောင်ရွက်သင့် သည့် အစီအစဉ်များကို ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း ပေးသည်။
တင်ပို့ရောင်းချ
အစည်းအဝေးသို့ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူး ချုပ်များ၊ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စာဖိုဆောင်သုံး သီးနှံများ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်