
Realme 9i ကို နိုင်ငံတကာဈေးကွက်မှာ ဇန်နဝါရီလကုန်ပိုင်းကတည်းက စရောင်းခဲ့ပေမယ့် ပြည်တွင်း ဈေးကွက်မှာတော့ မတ် ၂၅ ရက်ကမှ တရားဝင် စတင်ရောင်းချတာဖြစ်ပါတယ်။ ထူးခြားတဲ့နည်းပညာသစ်တွေ မပါဝင်ပေမယ့် Chipset ပိုင်း၊ RAM ပိုင်း၊ ဘက်ထရီပိုင်းတွေမှာ ဈေးနှုန်းနဲ့ အရည်အသွေးပိုင်း ထိုက်တန်မှုရှိလို့ ပြည်တွင်းက အလယ်အလတ်တန်းဖုန်းဈေးကွက်ထဲမှာ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဖုန်းမော်ဒယ်တစ်ခု ဖြစ်ပါတယ်။ အသံပိုင်းမှာ စတီရီယိုစပီကာတွေ ပါဝင်တာနဲ့ Finger print sensor ဟာ ဘေးဘက် ပါဝါ ခလုတ်ပေါ်မှာ ရှိနေတာတွေကလည်း ဒီဖုန်းကို လူကြိုက်များစေတဲ့အချက်တွေဖြစ်ပါတယ်။ Realme 9i စမတ်ဖုန်းရဲ့အဓိကကျတဲ့အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။
ဈေးနှုန်းက ကျပ် ၃၉၉၉၀၀ ဖြစ်ပြီး ယခုရက်ပိုင်း စတင်ရောင်းချချိန်ကနေ ဧပြီလကုန်အထိအတွင်းမှာ အပိုလက်ဆောင် အစီအစဉ်တွေနဲ့ ရောင်းချနေ ပါတယ်။
ကျော်ဇင်ဦး