ပြည်တွင်းစက်သုံးဆီဈေးကွက် ပြတ်လပ်မှုမရှိဘဲ ပုံမှန်ရောင်းချသွားနိုင်ရန်ကြိုးပမ်းနေ


 

 

နေပြည်တော်   ဧပြီ   ၁၉
စက်သုံးဆီ   ဈေးကွက်အတွင်း ပြည်တွင်းစက်သုံးဆီ   ပြတ်လပ်မှုမရှိ  လုံလောက်စွာ  ရောင်းချပေးမည်ဖြစ်ကြောင်း ပြည်သူများစိုးရိမ်မှုမရှိစေရန်အတွက်   အရောင်းဆိုင်များ နှင့်  တာဝန်ရှိသည့်   ဌာနများက  ယနေ့ပြန်လည်ဖြေရှင်းကြသည်ကို   မြင်တွေ့ ရသည်။
လူမှုကွန်ရက်များတွင်    သီလဝါဆီ သိုလှောင်ကန်စခန်းများအတွင်း စက်သုံး ဆီများ     လက်ကျန်လျော့နည်းလျက်ရှိ ကြောင်း    ကောလာဟလသတင်းအမှားများ  ယမန်နေ့က   စတင်ပျံ့နှံ့ခဲ့ပြီး    စိုးရိမ်မှု များဖြင့်   ယနေ့နံနက်ပိုင်းမှ   စတင်ကာ စက်သုံးဆီဆိုင်များတွင်          အလုအယက် ဝယ်ယူမှု    များပြားခြင်းကြောင့်  အခြေခံ  အဆောက်အအုံများနှင့်    ဝန်ထမ်းအင်အား အခြေအနေများအရ   တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြမှုများ၊  ဆိုင်ခေတ္တပိတ်ထား ရမှုများ         ဖြစ်ပေါ်ခဲ့ရသည်ကိုလည်း       မြင်တွေ့ရသည်။
“ယနေ့ သီလဝါသိုလှောင်ကန်စခန်း များအပါအဝင်    ပြည်တွင်းဆီလက်ကျန်     ဓာတ်ဆီနဲ့ဒီဇယ်ဆီ    အလုံအလောက်ရှိပါ တယ်။ လက်ရှိ  ဆိပ်ကမ်းမှာ ရောက်ရှိပြီး သင်္ကြန်ပိတ်ရက်ကြောင့် ဆီမချရသေးတဲ့   သင်္ဘောနှစ်စင်းလည်း ရှိပါတယ်။
ဒါကြောင့်  ပြည်တွင်း စက်သုံးဆီ   ပြတ်လပ်မှုမဖြစ်ပေါ်နိုင်ပါဘူး” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန   ရေနံထွက်ပစ္စည်း    ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ      ယနေ့ သတင်းထုတ်ပြန်ထားသည်။
ထို့ပြင်          မီဒီယာအချို့က ဖော်ပြသည့်  တရုတ်နိုင်ငံကနေ သီရိလင်္ကာနိုင်ငံ         မှတစ်ဆင့် ကြားခံပြီး       တင်သွင်းနေသည် ဆိုခြင်းမှာလည်း        မဟုတ်မှန် ကြောင်း   လျှပ်စစ်နှင့်   စွမ်းအင် ဝန်ကြီးဌာနမှသိရှိရပြီး ပြည်တွင်း သို့   စက်သုံးဆီများကို  စင်ကာပူ နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယား နိုင်ငံများမှ အဓိကတင်သွင်းနေ ခြင်းဖြစ်ကြောင်း သိရသည်။
ရေနံထွက်ပစ္စည်း   ကြီးကြပ် စစ်ဆေးရေး        ဦးစီးဌာနအပြင် သက်ဆိုင်ရာကော်မတီ၊ ဆက်စပ် ဝန်ကြီးဌာနများ၊ စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း တို့နှင့်ပူးပေါင်း၍  ပုံမှန်အခြေအနေ အတိုင်း  စက်သုံးဆီများ ပြန်လည် ရောင်းချ      ပေးနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်းနှင့် ဖြစ် သင့်သည်    ရည်ညွှန်းဈေးများ နေ့စဉ်ထုတ်ပြန်ခြင်း၊      အရည် အသွေး၊ အခြင်အတွယ်  မှန်ကန် စွာဖြင့်   လွတ်လပ်၍  မျှတသော ဈေးကွက်    ယှဉ်ပြိုင်မှုအတွင်း        ဖြစ်သင့်ဖြစ်ထိုက်သည့်     ဈေးနှုန်း များဖြင့် ပြည်သူများ  ဝယ်ယူနိုင် ရေးအတွက်    စဉ်ဆက်မပြတ် ကြပ်မတ်    ဆောင်ရွက်လျက်ရှိ ကြောင်း ထုတ်ပြန်ချက်အတွင်း ထည့်သွင်းထားသည်။
ထို့အတူ  ယနေ့မွန်းလွဲပိုင်း တွင်   စီးပွားရေးနှင့်  ကူးသန်း ရောင်းဝယ်ရေး      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ ပြည်ပမှ    စက်သုံးဆီတင်သွင်း ဖြန့်ဖြူးခြင်း     လုပ်ငန်းစဉ်များ အဆင်ပြေ          ချောမွေ့စေရေး အတွက် ဒုတိယဝန်ကြီး၊ ကုန်သွယ် မှုနှင့်      ကုန်စည်စီးဆင်းမှုများ  မှန်ကန်မြန်ဆန်စေရေး       ဗဟို ကော်မတီဝင်များ၊   သက်ဆိုင်ရာ ဌာနများ၊  မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ  ဖြန့်ဖြူးရေး အသင်းမှ   တာဝန်ရှိသူများနှင့် စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီ များမှ       ကိုယ်စားလှယ်များနှင့် အတူ   ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး စက်သုံးဆီအရောင်းဆိုင်များတွင် ရည်ညွှန်းဈေးနှုန်းဘောင်အတွင်း အကန့်အသတ်မရှိဘဲ     သုံးစွဲသူ ပြည်သူများ       ဝယ်ယူရရှိနိုင်ရေး အမြန်ဆုံး   ဆောင်ရွက်ကြရန် သဘောတူညီမှုရရှိခဲ့သည်။
ဌာနဆိုင်ရာများ၊ အဖွဲ့အစည်း များ၏  ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် ယနေ့ညနေပိုင်းမှ  စတင် ၍      စက်သုံးဆီဆိုင်များတွင် လိုသလောက် ပြန်လည်ရောင်းချ ပေးမည်ဖြစ်ကြောင်း    ပုဂ္ဂလိက ဆီဆိုင်များဖြစ်သည့်  Denko ၊ မြတ်မေတ္တာမွန်၊ ရွှေဗျိုင်းဖြူ၊ ဘီအိုစီ အစရှိသည့် စက်သုံးဆီ အရောင်း ဆိုင်များက     ပြန်လည်သတင်း ထုတ်ပြန်ခဲ့ကြသည်     ကိုလည်း မြင်တွေ့ရသည်။ ထို့အတူ ဈေးနှုန်း ပေါက်ဈေးများကိုလည်း   မြန်မာ နိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ            နေ့စဉ် ဖော်ပြ     ထုတ်ပြန်ပေးလျက်ရှိ သည်။
ယနေ့  ဈေးကွက်ပေါက်ဈေး များအဖြစ်         ကမ္ဘာ့ရေနံစိမ်း အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၀၄  ရှိပြီး   ပြည်တွင်းဈေးကွက် အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ယမန်နေ့ကထက် ငွေကျပ် ၅၀ မှ ၈၀ အထိ  ဈေးနှုန်းမြင့်တက်လျက် ရှိသည်။ 
ခင်ရတနာ၊ ဓာတ်ပုံ-မင်းထက်