ပြည်တွင်းစက်သုံးဆီ ဖူလုံစေရေးအတွက် ပြည်ပမှ စက်သုံးဆီများကို စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ပုံမှန်တင်သွင်းဆောင်ရွက်လျက်ရှိ

 

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း     လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့်   စက်သုံးဆီအမျိုးအစားအလိုက်   ဖူလုံမှုရှိစေရေး   စိစစ်တင်သွင်းဆောင်ရွက်လျက်ရှိရာ  စက်သုံးဆီတင်သွင်းမှု အခြေ အနေမှာ  ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းရှိ  Terminal များ တွင် ဓာတ်ဆီ  92 Ron ၁ ဒသမ ၆၀၃ ဂါလန်သန်း၊ ဓာတ်ဆီ  95  Ron  ၀ ဒသမ ၈၈ ဂါလန်သန်းနှင့် ရိုးရိုးဒီဇယ်ဆီ  ၁ ဒသမ ၆၂၂ ဂါလန်သန်း တင်ဆောင်လာသည့် MT Yu Dong သင်္ဘောသည် ဆီချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး   ပရီမီယံဒီဇယ်ဆီ  ၂  ဒသမ ၆၇ ဂါလန်သန်း တင်ဆောင်လာသည့် MT Intan  Premier  သင်္ဘော၊   ရိုးရိုးဒီဇယ်ဆီ  ၁ ဒသမ ၉၂၂ ဂါလန်သန်းနှင့် ပရီမီယံဒီဇယ်ဆီ ၂ ဒသမ ၁၃၆ ဂါလန် သန်း တင်ဆောင်လာသည့် MT YU YI သင်္ဘောတို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ရန်ကုန်၊ သီလဝါဆီလှောင်ကန်လက်ကျန်များ၊ စက်သုံးဆီ အရောင်းဆိုင်များနှင့်   ဖြန့်ဖြူးမှုလက်ကျန်အခြေအနေများအရ  စက်သုံးဆီဖူလုံမှုရှိကြောင်း စိစစ်တွေ့ရှိရသည်။

 


စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခုရက်သတ္တပတ်တွင် ဓာတ်ဆီ ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး  ဒီဇယ်ဆီဈေးနှုန်း   အနည်းငယ် ကျဆင်းကြောင်း တွေ့ရှိရပါသည်။
 

သတင်းအရင်းအမြစ် - စီးပွား/ကူးသန်း