ပြည်တွင်းစက်သုံးဆီ ဖူလုံစေရေးအတွက် စက်သုံးဆီများ ပုံမှန်တင်သွင်းနိုင်ရေး စီမံဆောင်ရွက်လျက်ရှိ

 

စက်သုံးဆီ    တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေး ကော်မတီသည်       ပြည်တွင်း  စက်သုံးဆီဖူလုံမှုရှိစေရေးအတွက် စက်သုံးဆီ      အမျိုးအစားများ အလိုက်     ပုံမှန်စိစစ်တင်သွင်း ဆောင်ရွက်လျက်ရှိရာ  အောက်တို ဘာ    ၃  ရက်က   ရန်ကုန်တိုင်း ဒေသကြီး      သီလဝါဆိပ်ကမ်းရှိ Terminal  တွင်    MT YU HAI သင်္ဘောမှ   ဓာတ်ဆီ     92 Ron  ဂါလန် ၁ ဒသမ ၈၇ သန်းနှင့် ပရီမီ ယံဒီဇယ်ဆီ  ဂါလန်   ၃ ဒသမ ၁၈  သန်း      ဆီချလုပ်ငန်း    စတင် ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီ လက်ကျန်အခြေအနေအရ စက် သုံးဆီဖူလုံမှုရှိကြောင်း  တွေ့ရှိရ သည်။

 


ယခု  ရက်သတ္တပတ်အတွင်း စက်သုံးဆီ    ဈေးနှုန်းများတွင် ဓာတ်ဆီဈေးနှုန်းမှာ   တဖြည်း ဖြည်း  ကျဆင်းလာသော်လည်း ဒီဇယ်ဈေးနှုန်းမှာ ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာမှုကြောင့် အနည်းငယ် မြင့်တက်လာသည်ကို တွေ့ရှိရသည်။ 
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် အချို့စက်သုံးဆီအရောင်းဆိုင်များ၌ သတ်မှတ် ရည်ညွှန်းဈေးနှုန်းထက် ပိုမိုရောင်း ချသည့်    စက်သုံးဆီအရောင်း ဆိုင်များအား   စိစစ်၍    ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ (၂၀၁၇)  အရ   အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းအရင်းအမြစ် - စီးပွား/ကူးသန်း