ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး

နိုင်ငံစီးပွားရေးတိုးတက်ရေးအတွက် သမာအာဇီဝနည်းဖြစ်သည့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးခြင်း၊  ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အားပေးခြင်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရောင်းကုန်ပစ္စည်းများ အချိန်နှင့်တစ်ပြေးညီ တင်ပို့ရောင်းချ နိုင်ရန်အတွက် ဈေးကွက်လိုအပ်ချက်ရှိသည့်ပစ္စည်း၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းဖြစ်ရန်လိုကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်း များ ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များ နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။    


(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၇-၈-၂၀၂၁ ရက်နေ့တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၃/၂၀၂၁) ၌ ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)