ပြည်တွင်းစစ် စတင်ဖြစ်ပွားသည့်အချိန်မှစတင်ကာ ဆီးရီးယား၌ လူသေဆုံးမှုအနည်းဆုံးဖြစ်

 

ဒမတ်စကတ်   ဒီဇင်ဘာ   ၃၁
ဆီးရီးယားပြည်တွင်းစစ်ကြောင့် ၂၀၂၂  ခုနှစ်တွင်      သေဆုံးသူ ၃၈၂၅ဦးရှိခဲ့ရာ ဆယ်စုနှစ်တစ်ခု ကျော်ကြာ ပြည်တွင်းစစ်အတွင်း လူသေဆုံးမှု အနည်းဆုံးဖြစ်သည် ဟု စစ်ပွဲစောင့်ကြည့်ရေးအုပ်စုက   ဒီဇင် ဘာ ၃၁ ရက်တွင် ပြောသည်။ 
၂၀၂၁ ခုနှစ်တွင် ဆီးရီးယား တွင် သေဆုံးသူဦးရေမှာ ၃၇၄၆ဦး ရှိသည်ဟု      ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့် ကြည့်ရေးအုပ်စုက ပြီးခဲ့သည့်နှစ် က ဖော်ပြခဲ့သည်။ သို့သော်လည်း သေဆုံးသူစာရင်းမှာ တိုးလာခဲ့ပြီး ၃၈၈၂ ဦးဟု ပြင်ဆင်ဖော်ပြခဲ့သည်။ ‌ကြောက်မက်ဖွယ်   ဆီးရီးယား ပဋိပက္ခမှာ ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်း သိသိသာသာအရှိန် လျော့ကျလာခဲ့သည်။ ၂၀၂၂ ခုနှစ် တွင် သေဆုံးခဲ့သူများထဲတွင် အရပ် သား ၁၆၂၇ ဦး ပါဝင်ပြီး ကလေး  ၃၂၁ ဦး  ပါဝင်သည်ဟု   လူ့အခွင့် အရေး   စောင့်ကြည့်ရေးအုပ်စု၏ ပြောကြားချက်အရ သိရသည်။ 
အရပ်သားသေဆုံးသူ ၂၀၉ ဦး တွင် ထက်ဝက်ခန့်မှာ ကလေးများ ဖြစ်ပြီး ၎င်းတို့မှာ ဗုံးပေါက်ကွဲမှု သို့မဟုတ် မိုင်းကြောင့် သေဆုံးရ သူများဖြစ်သည်။ အစိုးရလုံခြုံရေး ဝန်ထမ်းများထဲတွင် ၆၂၇ ဦးသေဆုံး ခဲ့သည်ဟု   လူ့အခွင့်အရေးအုပ်စု ၏ ဖော်ပြချက်အရ သိရသည်။ 
လုံခြုံရေးအခြေအနေ ဖရိုဖရဲ ဖြစ်မှုများကြောင့်   သေဆုံးမှုများ၊ အစ္စရေးဘက်မှ   ပစ်ခတ်တိုက်ခိုက် မှုများနှင့်    ဆီးရီးယားကန္တာရ အတွင်း  အိုင်အက်စ်အုပ်စုများ၏ တိုက်ခိုက်မှုများကြောင့်   ဖြစ်သည် ဟု      စောင့်ကြည့်ရေးအုပ်စုမှ ညွှန်ကြားရေးမှူး    ရာမီ အဗ္ဗဒယ် ရာဟမ် က  အေအက်ဖ်ပီသို့   ပြော သည်။  ဆယ်စုနှစ်ကျော်   ကာလ အတွင်း    စစ်ကြောင့်   လူသန်း တစ်ဝက် နီးပါးမှာ အသက်ဆုံးရှုံးခဲ့ ရပြီးဖြစ်သည်။        အေအက်ဖ်ပီ