ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်

 

ရန်ကုန်   ဒီဇင်ဘာ    ၃


အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးဝင်းရှိန် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဆပ်သွားတော ကျေးရွာအုပ်စု     ရှမ်းကုန်းကျေးရွာ    အမှတ်(၅၁၄)ရှိ   Aye   Lin  Latt   Htut  Training  Center  သို့    သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 


ထိုသို့စစ်ဆေးစဉ်  သင်တန်းကျောင်းတာဝန်ခံများ က      သင်တန်းကျောင်း     အစည်းအဝေးခန်းမတွင် သင်တန်းကျောင်း    ဖွဲ့စည်းပုံ၊     ဦးစီးဌာနသင်တန်း ကျောင်းအဖြစ်   အသိအမှတ်ပြုထားမှု၊  သင်ကြား ခဲ့သည့်  ကျွမ်းကျင်မှုသင်တန်းများ၊ လက်ရှိဖွင့်လှစ်နေ သည့် သင်တန်းများ၊ ထပ်မံဖွင့်လှစ်မည့်  သင်တန်းများ ကို ရှင်းလင်းတင်ပြသည်။

 


တင်ပြချက်များအပေါ်       ဒုတိယဝန်ကြီးက သင်တန်းကျောင်းတည်နေရာသည်  ဆပ်သွားတော ကျေးရွာအုပ်စုတွင် တည်ရှိနေ၍   ကျေးရွာနေလူငယ် များ  အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ရေး များစွာ အထောက်အကူဖြစ်စေကြောင်း၊ ကိုဗစ်-၁၉  ကာလ အတွင်း  သင်တန်းရပ်နားခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ပြန်လည်ဖွင့်လှစ်ခဲ့မှုအတွက်       အသိအမှတ်ပြုပါ ကြောင်း၊  မော်တာစက်နင်း ကျွမ်းကျင်သင်တန်းနှင့် တစ်ကြောင်းစက်၊    ဓားစက်ကျွမ်းကျင်     သင်တန်း များကို NSSA ၏ ကျွမ်းကျင်မှု  “စံ”  သင်ရိုးညွှန်းတမ်း နှင့်အညီ   လေ့ကျင့်သင်ကြားနိုင်ရန်   နည်းပြများကို စဉ်ဆက်မပြတ်     စွမ်းဆောင်ရည်မြှင့်တင်ပေးရန်လိုကြောင်း။

 


သင်တန်းဆင်းလူငယ်များအနေဖြင့်    သင်တန်း ကာလတွင် အမှန်တကယ်တတ်မြောက်ရန်  ကြိုးစား သင်ယူပြီး    သင်တန်းဆင်းသည်နှင့်   လုပ်ငန်းခွင် အတွင်း     အဆင်ပြေချောမွေ့စွာ    လုပ်ကိုင်နိုင်ရေး အာရုံစိုက်ထားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းခွင်ရောက် ရှိပါက      လုပ်ငန်းခွင်     တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက်  ကြီးကြပ် သူများနှင့်       ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ အလုပ်ရှင်၊       အလုပ်သမား     အပြန်အလှန်ယုံကြည် ကိုးစားမှုသည်     လုပ်ငန်းတိုးတက်    အောင်မြင်ရေး အတွက်  များစွာအထောက်အကူဖြစ်စေသဖြင့် ခံယူ ချက်ကောင်းမွန်ရန်လိုကြောင်း မှာကြားသည်။

 


မွန်းလွဲပိုင်းတွင်  ဒုတိယဝန်ကြီးသည် ရန်ကုန် တိုင်းဒေသကြီး     ယုဇနဟိုတယ်တွင်    ကျင်းပသည့် ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ  ဝန်ဆောင်မှုလုပ်ငန်း ရှင်များအသင်း    အလုပ်အမှုဆောင်အဖွဲ့   ရွေးချယ် တင်မြှောက်ပွဲသို့   တက်ရောက်၍   အမှာစကားပြော ကြားရာတွင်    အလုပ်အကိုင်ရှာဖွေသူ၏    အသက် အရွယ်၊   စွမ်းအားနှင့်သင့်လျော်သည့်  အလုပ်အကိုင် ရွေးချယ်ရေး၊    အလုပ်အကိုင်ရရှိရေး၊     အလုပ်ခွင် တည်မြဲရေးနှင့်    ကျွမ်းကျင်မှု   တိုးတက်ရေးအတွက် ကူညီပေးရန်နှင့် လုပ်ငန်းခွင်နှင့်  ကိုက်ညီသင့်လျော် သည့်  အလုပ်သမားများရရှိရေးအတွက်  အလုပ်ရှင် များကို  ကူညီပေးရန်   ဝန်ကြီးဌာနအနေဖြင့်   အလုပ် အကိုင်နှင့်  အလုပ်သမားရှာဖွေရေးရုံးများကို  နိုင်ငံ တဝန်း      ဖွင့်လှစ်၍      အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိ ကြောင်း။

 


ထို့ပြင်  အလုပ်အကိုင်ရှာဖွေနေသူများကို အခမဲ့ ဝန်ဆောင်မှုပေးသော    ပုဂ္ဂလိက   ပြည်တွင်းအလုပ် အကိုင်စုဆောင်းရေး    အကျိုးဆောင်ကုမ္ပဏီများကို ခွင့်ပြုချက်ပေး၍         ပြည်တွင်းအလုပ်အကိုင်အခွင့် အလမ်းများ     ဖန်တီးပေးနိုင်ရေး၊    အလုပ်လုပ်ကိုင် လိုသူများကို      အလုပ်အကိုင်     ရရှိစေခြင်းဖြင့်   အလုပ်လက်မဲ့များနည်းပါးစေရေး     အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ   ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း။   

 


တိုင်းဒေသကြီး၊   ပြည်နယ်၊  ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအလိုက်   ပြည်တွင်းအလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်အသင်းများ    တည်ထောင် နိုင်ရေး  ဝန်ကြီးဌာနမှလိုအပ်သည်များ  ပံ့ပိုးကူညီပေး မည်ဖြစ်ပြီး  သက်ဆိုင်ရာရင်းနှီးမြှုပ်နှံမှုနှင့်   ကုမ္ပဏီ များ   ညွှန်ကြားမှုဦးစီးဌာနသို့  ချိတ်ဆက်ဆောင်ရွက် ရန်နှင့်    အသင်းမှ      တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့  ကွင်းဆင်း၍  အသိပညာပေးဆွေးနွေး ခြင်းနှင့်     အလုပ်ရုံဆွေးနွေးပွဲများ     စဉ်ဆက်မပြတ် ဆောင်ရွက်စေလိုကြောင်း။ 

 


အသင်း၏    ရည်မှန်းချက်နှင့်    လုပ်ငန်းတာဝန် များကို  ကောင်းစွာသိရှိနားလည်ပြီး  ဌာနမှထုတ်ပြန် သည့်  လိုင်စင်စည်းမျဉ်းစည်းကမ်း၊  ညွှန်ကြားချက် များကို     လိုက်နာဆောင်ရွက်ကာ   ကောင်းမွန်သည့် လုပ်ဆောင်ချက်များဖြင့် အသင်း၏ဂုဏ်ကို မြှင့်တင် ပေးရန်လိုကြောင်း မှာကြားခဲ့သည်။

 


အခမ်းအနားသို့           ရန်ကုန်တိုင်းဒေသကြီး  တိုင်းရင်းသားရေးရာဝန်ကြီးနှင့်      ပြည်တွင်းအလုပ် အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များ၊  အသင်း ဝင်မန်နေးဂျင်းဒါရိုက်တာများ       တက်ရောက်ကြ သည်။                              

သတင်းစဉ်