
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စက်မှုဇုန်များနှင့် MSME လုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်နိုင်သည့်
နယ်ပယ်ပေါင်းစုံတို့က အရည်အသွေးမြှင့် ပို့ကုန်တိုးတက်ထုတ်လုပ်တင်ပို့နိုင်အောင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်သလို
ဇုန်များအလိုက်လည်း ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရမည်
နေပြည်တော် မေ ၂၃
မြန်မာ အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ် အစည်း အဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း တက်ရောက်အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟို အဖွဲ့ဝင်များဖြစ်ကြသည့် ပြည် ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူ နှင့် ထားဝယ်အထူး စီးပွားရေးဇုန် တို့မှ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြ ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ကြိုးပမ်းဆောင်ရွက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် ယနေ့အစည်းအဝေးသည် ဗဟိုအဖွဲ့အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေး ဖြစ်ပြီး ပြီးခဲ့သည့်နှစ်များ၏ လုပ်ငန်းဆောင်ရွက်ချက် များကိုလည်း သုံးသပ်သွားရန်လိုကြောင်း၊ မြန်မာ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မြန်မာအထူး စီးပွားရေးဇုန်ဥပဒေ(၂၀၁၄) နှင့် နည်းဥပဒေများ အပေါ်အခြေခံပြီး ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် လုပ်ငန်းစဉ်များအားလုံးကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ သွေဖည်မှုမရှိအောင် ဂရုပြုဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အစည်းအဝေးများ ကျင်းပ မှုကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပခြင်း ဖြစ်သည့်အတွက် ရှုထောင့်ပေါင်းစုံမှ တက်ရောက် လာကြသည့် အဖွဲ့ဝင်အားလုံးကလည်း လိုအပ်ချက် များ၊ ဖြည့်စွက်ချက်များကို တတ်နိုင်သမျှ ပါဝင် ဆွေးနွေးပေးကြရန် ပြောကြားလိုကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက် များချမှတ်ပြီး ဆောင်ရွက်ရာတွင် အထူးစီးပွားရေးဇုန် အသီးသီး၏ ရည်မှန်းချက်နှင့် အကောင်အထည် ဖော်မှုများကလည်း နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်များနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ် မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက် ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်များပြားခြင်းသည် အဓိက အရေးပါသည့်အချက်နှစ်ချက်အဖြစ် ပါဝင် ပါကြောင်း၊ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာခဏ တိုက်တွန်းမှာကြားလျက်ရှိသည့် ကုန်ထုတ်လုပ်မှု အပိုင်းနှင့် ပို့ကုန်တိုးမြှင့်ထုတ်လုပ်တင်ပို့နိုင်ရေး ကိစ္စတို့တွင် အထူးစီးပွားရေးဇုန်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးရှိ စက်မှုဇုန်များနှင့် MSME လုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်နိုင်သည့် နယ်ပယ်ပေါင်းစုံတို့က အရည်အသွေးမြှင့် ပို့ကုန် တိုးတက်ထုတ်လုပ်တင်ပို့နိုင်အောင် တစ်ဖက် တစ်လမ်းမှ ဆောင်ရွက်သလို ဇုန်များအလိုက်လည်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ဖွံ့ဖြိုး အောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရမည် ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအပိုင်း၌ အောင်မြင်ပြီး သီလဝါစီးပွားရေးဇုန်နှင့် လုပ်ငန်းစတင်ဆောင်ရွက် နေပြီဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များ ပိုမိုရင်းနှီးမြှုပ်နှံလာအောင် စည်းရုံးဆွဲဆောင်ကြရ မည်ဖြစ်ကြောင်း၊ အလားတူ ထားဝယ်စီးပွားရေးဇုန် နှင့်ပတ်သက်၍လည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြ သည့် Developer များကို နည်းမျိုးစုံဖြင့် ဖိတ်ခေါ် လျက် ရင်းနှီးမြှုပ်နှံမှုအခွင့်အရေးရရှိရေး သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ အထူးစီးပွားရေးဇုန်အလိုက် စီမံခန့်ခွဲမှု ကြီးကြပ်ရေးကော်မတီများက ကြိုးပမ်း ဆောင်ရွက်ကြရန်လိုကြောင်း။
မျက်ခြည်မပြတ်ကြပ်မတ်စီမံဆောင်ရွက်နေ
မိမိတို့နိုင်ငံရှိ အထူးစီးပွားရေးဇုန် သုံးခုအနက် သီလဝါအထူးစီးပွားရေးဇုန်မှာ အောင်မြင်မှုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ကျော်ခန့်ရှိသည်ဆိုသော်လည်း အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ၊ အာရှနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှုပမာဏ နည်းနေသေး၍ ရောက်ရှိသည့် အခြေအနေအပေါ် ကျေနပ်မနေဘဲ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် နည်းလမ်း ပေါင်းစုံဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ ရှိပြီးရင်းနှီးမြှုပ်နှံမှုများကို မဆုံးရှုံးအောင် လည်း မိမိတို့ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်အပေါ် အာဏာအလွဲသုံးမှု၊ တရားမဝင်ကုန်သွယ်မှု၊ ငွေကြေး အလွဲသုံးမှုနှင့် စီမံခန့်ခွဲမှုချို့ယွင်းအားနည်းမှုတို့ မဖြစ်ပေါ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ မျက်ခြည် မပြတ် ကြပ်မတ်စီမံဆောင်ရွက်နေကြရမည် ဖြစ်ကြောင်း။
ထို့ကြောင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ လက်ရှိအောင်မြင် စွာ ဆောင်ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန် တို့ကို ယခုထက် တိုးတက်အောင်မြင်အောင် စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ဗဟိုကော်မတီတွင်ပါဝင် သည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆက်လက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် Free Zone နှင့် Promotion Zone ရှိကြောင်း၊ Free Zone တွင် နိုင်ငံခြားသုံးငွေနှင့်စပ်လျဉ်း၍ အခက်အခဲမရှိ သော်လည်း Promotion Zone တွင် ကုန်ကြမ်း၊ ချေးငွေများနှင့် စပ်လျဉ်း၍ အချို့အခက်အခဲများအား သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌနှင့် နိုင်ငံခြားသုံး ငွေကြီးကြပ်မှုကော်မတီတို့က အတတ်နိုင်ဆုံး အဆင် ပြေအောင် ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း အသိအမှတ်ပြုပါကြောင်း။
အလားတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ အဓိကဆောင်ရွက်ရမည့် မြေလျော်ကြေးကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် မူဝါဒရရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အမြန် ဆုံး ပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်သွား ကြရန် တိုက်တွန်းလိုကြောင်း။
ဥပဒေနှင့်အညီ ပြီးပြတ်အောင် ဝိုင်းဝန်းဆောင်ရွက်
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ညှိုနှိုင်းဆွေးနွေးမှု အောင်မြင်ခဲ့ပြီး Long Stop Date သက်တမ်း ၁၈ လသက်တမ်း ထပ်မံတိုးမြှင့်ရာ ယခုအခါ လေးလကျော် ငါးလရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကာလအတွင်း မိမိတို့အပိုင်းမှ ပြီးပြတ်ရမည့်ကိစ္စ၊ နောက်ပိုင်းမှ လုပ်ဆောင်ပေးရမည့် ကိစ္စများကိုလည်း ဥပဒေနှင့် အညီ ပြီးပြတ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ဆောင်ရွက် ရမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီ၊ အဖွဲ့အစည်းများကလည်း ၎င်းတို့၏ လုပ်ငန်းအစီအမံများပါအတိုင်း ဆောင်ရွက် ရေးကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အရေး ကြီးသည်မှာ Long Stop Date ၁၈ လတာ ကာလ အတွင်း နှစ်ဦးနှစ်ဖက်ဆောင်ရွက်ရန် ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။
ရည်မှန်းချက်ထားဆောင်ရွက်
ဆက်လက်ဆောင်ရွက်ရမည့် အထူးစီးပွားရေး ဇုန်များကိုလည်း မလိုလားအပ်သည့် လုပ်ငန်း ကြန့်ကြာမှု၊ ကိုင်တွယ်မှုများနှင့်ပတ်သက်၍ အခက် အခဲမရှိအောင်နှင့် လုပ်ငန်းအဆင်ပြေချောမွေ့အောင် လုပ်ငန်းပိုင်း၊ နည်းဥပဒေနှင့် ဥပဒေအရပါ သေချာ နားလည်အောင် ရှင်းလင်းပြသပြီး စည်းရုံးဆောင်ရွက် သွားကြရန်လိုကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်းများကို နိုင်ငံခြားမှ တင်သွင်း မှုများရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီ များနှင့် ညှိနှိုင်းဆောင်ရွက်ပေးနေသည်ကို တွေ့ရ ကြောင်း၊ အခက်အခဲသတ်မှတ်ချက် အနည်းဆုံး ဖြစ်အောင် ဆက်လက်စီမံဆောင်ရွက်ပေးကြရန်လို ကြောင်း၊ သီလဝါအထူး စီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်းများကို မိမိတို့နိုင်ငံတွင်ရှိနေသည့် MSME လုပ်ငန်းများမှ ပြည်တွင်း အရည်အသွေးမြင့် ကုန်ကြမ်း များ မှာယူနိုင်သည့် အဆင့်အထိ ရည်မှန်းချက်ထား ဆောင်ရွက်ရန်လိုအပ်ပြီး တစ်ဖက်ကလည်း အထူး စီးပွားရေးဇုန်တွင်ရှိနေသည့် စီမံခန့်ခွဲမှုကော်မတီ များက ညှိနှိုင်းစီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ MSME လုပ်ငန်းရှင်များ၊ အေဂျင်စီများကို သက်ဆိုင်ရာ ဝန်ကြီးချုပ်များက တွန်းအားပေးပြီး ဒေသတွင်း ထုတ်ကုန်များကို အရည်အသွေးမြင့်သည့် ကုန်ကြမ်း အဖြစ် အထူးစီးပွားရေးဇုန်များနှင့် ချိတ်ဆက်ပြီး ပေးသွင်းနိုင်ရေး အထူးစီးပွားရေးဇုန် တစ်ခုလုံး အတွက် လိုအပ်သည့်ကုန်ကြမ်းအားလုံးကို ပြည်ပ သွင်းကုန် အစားထိုးထောက်ပံ့ပေးနိုင်သည်အထိ ရည်မှန်းချက်ထား ဆောင်ရွက်သွားကြရန် ပြော လိုကြောင်း။
လက်တွဲညီညီကြိုးစားသွားရမည်
၂၀၂၄ ခုနှစ်၊ မတ်လစာရင်းအရ MSME လုပ်ငန်းမှ ထွက်ရှိသည့် ကုန်ပစ္စည်းများနှင့် ချိတ်ဆက်ဆောင် ရွက်ပေးနိုင်မှုတွင် မြန်မာကျပ်ငွေ ၂ ဒသမ ၁ ဘီလီယံ ကျော်ရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ယခုထက်ပို၍ အရည်အသွေးကောင်းမွန်သည့် ပို့ကုန်အစားထိုး သွင်းကုန်ပစ္စည်းများ ချိတ်ဆက်ဆောင်ရွက်ပေး နိုင်ရန်အတွက် စီမံခန့်ခွဲမှုကော်မတီအဖွဲ့နှင့် လုပ်ငန်း ကော်မတီအဖွဲ့များ၊ MSME လုပ်ငန်းအဖွဲ့များကပါ လက်တွဲညီညီ ကြိုးစားသွားရမည် ဖြစ်ကြောင်း။
သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အကောက်ခွန်ရရှိမှုမှာ ငွေကျပ် ၃၆၁ ဒသမ ၉၉၀ သန်းကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ဝင်ငွေမှာ ငွေကျပ် ၄ ဒသမ ၆ ဘီလီယံ၊ ကြိုတင်ဝင်ငွေ ခွန် ငွေကျပ် ၇၆၀ ဒသမ ၆၈၀ သန်း ရှိသည်ကို တင်ပြ လာသည့် စာရင်းများအရ သိရှိရကြောင်း၊ မတ်လ အတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၄၉ သန်းဖြစ်ပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၅၂ ဒသမ၂၇၈ သန်း ဖြစ်ကြောင်း၊ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး ကွာခြားချက်များ အား လျှော့ချနိုင်ရန် Promotion Zone တွင်ရှိသည့် ကုမ္ပဏီများကို ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုများ ပိုမိုဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ များနှင့် စီမံခန့်ခွဲမှုကော်မတီက ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
အချိန်တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်
သီလဝါအထူးစီးပွားရေးဇုန်တွင်ရှိသည့် ကုမ္ပဏီ များအနေဖြင့် ၎င်းတို့ကိုယ်ပိုင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှုနှင့် ပတ်သက်၍ အားပေးရမည်ဖြစ်ကြောင်း၊ ဇုန်များတွင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပါက အခြား လိုအပ်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လျှပ်စစ်ဓာတ်အားကို ယခုထက်ပို၍ အချိန်တိုးမြှင့် ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း။
ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ဂျပန်၊ ထိုင်း၊ မြန်မာ စုပေါင်းဖွဲ့စည်းထားသည့် ငွေကြေး စုစည်းထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ SPV (Spe-cial Purpose Vehicle) နှင့်ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းပြီး လုပ်သင့်လုပ်ထိုက်သည်များကို ဆောင် ရွက်သွားကြရန်လိုကြောင်း၊ အလားတူ ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မကြာမီ ဆောင်ရွက်မည့် MOI (Memorandum Of Interest) လက်မှတ်ရေးထိုးမည့်ကိစ္စတွင် ပါဝင်သင့် ပါဝင် ထိုက်သည့် အချက်များကို မိမိတို့နိုင်ငံရှိ ဥပဒေ ပညာရှင်များ၊ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်သူများဖြင့် သေသေချာချာ စိစစ်၍ ပြဋ္ဌာန်းချက်များနှင့်အညီ နှစ်ဦးနှစ်ဖက် Win Win Situation ဖြစ်အောင် ပြင်ဆင်ဆွေးနွေးထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် ရေရှည် ဖွံ့ဖြိုးတိုးတက်ရန် မျှော်တွေးပြီး အလေးထား ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ယနေ့ အစည်း အဝေးတွင် အထူးစီးပွားရေးဇုန်များ ဆောင်ရွက်ပြီးစီး မှုများ၊ ဆက်လက်ဆောင်ရွက်သွားရမည့် အစီအမံ များကို တင်ပြပေးရန်နှင့် တက်ရောက်လာကြသူ များက လိုအပ်သည့် အကြံပြုချက်များကို ဆွေးနွေး တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝန်ကြီး ဦးမင်းမင်းက မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ (၁/၂၀၂၄) ကြိမ်မြောက် အစည်း အဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ထားမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် မြန်မာနိုင်ငံအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး (၁) နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၌ ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အတွင်း ရေးမှူး (၂) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့က မြန်မာအထူးစီးပွားရေးဇုန်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း ၍ ရှင်းလင်းတင်ပြသည်။
အတည်ပြုချက်ရယူ
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးနှင့် သီလဝါအထူး စီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွားရေးဇုန် ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေးသို့ တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြပြီး အတည်ပြု ချက်ရယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အစည်း အဝေးသို့ တက်ရောက်လာကြသူများက အကြံပြု ချက်များနှင့် အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြား တင်ပြအတည်ပြုချက်ရယူသည်။
ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်း ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ သတင်းစဉ်