ပြည်တွင်း ပြည်ပခရီးသွားတို့အတွက် မြိတ်ကျွန်းစု အပန်းဖြေခရီးစဉ်တွင် ဝန်ဆောင်မှုကောင်းများဖြင့် ပြင်ဆင်ထား

 

၂၀၂၂ ခုနှစ် နှစ်သစ်ကူးခရီးသွားရာသီ၌ မြိတ်ကျွန်းစုအပန်းဖြေခရီးစဉ် များတွင် မြိတ်ကျွန်းစုရှိ ဟိုတယ်၊  မိုတယ်များအနေဖြင့် ပြည်တွင်း ပြည်ပခရီးသွားများ အပန်းဖြေအနားယူနိုင်ရန် ဝန်ဆောင်မှုကောင်း များ ကြိုတင်ပြင်ဆင်ထားကြကြောင်း  သိရသည်။
ပင်လယ်ပြင်နှင့်   ကျွန်းစုများ ၏   သဘာဝအရင်းအမြစ်   ရှုခင်း အလှတို့ကို   ပိုင်ဆိုင်ထားသည့် တနင်္သာရီတိုင်းဒေသကြီး       မြိတ် ခရိုင်ရှိ          ကျွန်းစုများတွင် ဆောင်းရာသီ ခရီးသွားကာလ၌  စိတ်အေးချမ်းသာစွာ   အပန်းဖြေ အနားယူနိုင်ရန် ဟိုတယ်များနှင့် ခရီးသွားလုပ်ငန်းတို့က ပြည်တွင်း ပြည်ပ     ခရီးသွားများအတွက် ဝန်ဆောင်မှု ကောင်းများ   အပြိုင် အဆိုင်ပေးနိုင်ရန် ကြိုတင်ပြင်ဆင် လျက်ရှိသည်။
တနင်္သာရီတိုင်းဒေသကြီး၌ ကျွန်းပေါင်း  ၈၀၀    ကျော်ရှိပြီး မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၂၀၀ ကျော်ရှိ၍  မြိတ်ကျွန်းစုပင်လယ် ပြင်ခရီးစဉ်များတွင်      လူကြိုက် အများဆုံး   နေရာများဖြစ်သော ကျွန်းဘုရင်(ခေါ်) လေးကျွန်းနှင့် စမတ်ကျွန်း(ခေါ်)ပါပကျွန်း၊ သမီး လှကျွန်း၊ ဒုံးရေတံခွန်၊ ဒုံးညောင် မှိုင်း(CBT)၊ တောင်ပံကြီးကျွန်းနှင့် ဘေလီကျွန်းတို့သည်  မြိတ်ကျွန်းစု ၏အလှကို      အထူးဖော်ဆောင် လျက်ရှိရာ နိုင်ငံခြားခရီးသွားများ အထူးနှစ်ခြိုက်စွာ လည်ပတ်သော ကျွန်းစုများအဖြစ် ဂုဏ်တင့်လျက် ရှိသည်။
“နှစ်သစ်ကူး  အခါသမယမှာ ပျော်ရွှင်စွာ   အပန်းဖြေ   အနားယူ နိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက် ထားကြပါတယ်။   အုပ်စုလိုက်လာ ချင်သူတွေ၊ မိသားစုတွေ၊  ကုမ္ပဏီ လုပ်ငန်းရှင်နဲ့        ဝန်ထမ်းတွေ အတွက် အပန်းဖြေလာမယ်ဆိုရင် အထူးစျေးနှုန်းတွေနဲ့ အဆင်ပြေ အောင်  အတတ်နိုင်ဆုံး     စီစဉ် ပေးထားပါတယ်။    ကမ်းခြေမှာ မီးပုံပွဲတွေနဲ့     ဆိုကြ၊   ကကြဖို့ စီစဉ်ပေးတဲ့အပြင် ဒီရေတောတွေ မှာလည်း    ကနူးလှေစီးတာ၊ အမှတ်တရ   ဒီရေတောသစ်ပင် စိုက်မယ်ဆိုလည်း    အုပ်စုလိုက်၊ အဖွဲ့လိုက်      သစ်ပင်စိုက်နိုင် အောင်နဲ့ ဒီရေတောထိန်းသိမ်းတာ တွေ     စီစဉ်ပေးထားပါတယ်။ အပျော်တမ်းငါးမျှားတာ၊  ဆလုံရွာ တွေကို သွားရောက်လည်ပတ်ပြီး သူတို့ရဲ့ရိုးရာယဉ်ကျေးမှု၊ ဘာသာ စကား၊   ရိုးရာဓလေ့၊    ကိုးကွယ် ယုံကြည်မှုနဲ့  ဆလုံတိုင်းရင်းသား တို့ရဲ့     လူနေမှုဘဝပုံရိပ်တွေကို သဘာဝအတိုင်း     လေ့လာနိုင် အောင်လည်း     စီစဉ်ပေးထား ပါတယ်။   လူငယ်စုံတွဲတွေ Pre Wedding    နဲ့    Anniversary အတွက်လည်း ပင်လယ်ပြင်ကြီးနဲ့ ကျွန်းပေါ်မှာ   Romantic Trip အမှတ်တရလေးတွေ    လုပ်နိုင် အောင်လည်း     ဝန်ဆောင်မှုတွေ ပေးထားပါတယ်။ ပြီးတော့ Virgin Island ပေါ်မှာ သီးသန့်အဖွဲ့လိုက် Adventure   Tour နဲ့    Survival Trips တွေလည်း    လူငယ်တွေ အနေနဲ့ ထူးထူးခြားခြား  စွန့်စား ခရီးသွားလာနိုင်အောင် Special Package တွေ    စီစဉ်ပေးထား ပါတယ်။   စိတ်အေးချမ်းမှုနဲ့ အတူပျော်ရွှင်ကြည်နူးဖွယ်ခရီးစဉ်တွေကို မြိတ်ကျွန်းစုက    ဟိုတယ်တွေ က ဝန်ဆောင်မှုကောင်းများစွာနဲ့ ပြင်ဆင်ထားပြီး      ပြည်တွင်း ပြည်ပခရီးသွားတွေကို     ကြိုဆို နေပါတယ်”ဟု Blue Ocean Star Resort & Travel Co.,Ltd. ​မှ CEO ဖြစ်သူ ဦးကျော်မိုးက ပြောသည်။
မြိတ်ကျွန်းစုတွင်  ပင်လယ်ရေ အောက်မှ သန္တာကျောက်တန်းများ နှင့်    ငါးမျိုးစိတ်များကို     ကြည့်ရှု လေ့လာနိုင်ပြီး      ဝေလငါးနှင့် လင်းပိုင်     ငါးအုပ်များကိုလည်း  လေ့လာနိုင်သည့်အပြင်      ကျွန်းစု များတွင်ရှိသည့်      ပင်လယ် လိပ်ပြာနှင့် အောက်ချင်းငှက်များ အပါအဝင် ငှက်မျိုးစိတ်များစွာကို လည်း လေ့လာနိုင်မည်ဖြစ်သည်။ ထို့ပြင် ပင်လယ်လိပ်နှင့် ပင်လယ် ဖျံများ၏  သဘာဝအတိုင်း နေထိုင် မှုကို စောင့်ကြည့်လေ့လာနိုင်ပြီး     ဆေးဖက်ဝင်      မလိငှက်သိုက်နှင့်    ဇီဝဇိုးငှက်များ၏    သဘာဝ   အလေ့အထကိုလည်း           လေ့လာ နိုင်ရန်  ဝန်ဆောင်မှုများ  ပေးထား သည်။
     မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းကို ၂၀၁၄ ခုနှစ်တွင် စတင်အကောင် ထည်ဖော်ဆောင်ခဲ့ရာ ၂၀၁၅ ခုနှစ် မှစတင်၍ ၂၀၁၉   ခုနှစ်တို့တွင် ခရီးသွားလုပ်ငန်း အထူးတိုးတက် ကောင်းမွန်ခဲ့ပြီး      ရက်ရှည်ရုံး ပိတ်ရက်တို့တွင်    လာရောက် လည်ပတ်သူ    ပိုမိုများပြားခဲ့၍ တစ်နေ့လျှင်    ခရီးသွား ၂၀၀မှ ၃၀၀ အထိ ရှိခဲ့ကြောင်း သိရသည်။ ကိုဗစ်- ၁၉  ရောဂါကြောင့် ခရီး သွားလုပ်ငန်း  ယာယီရပ်တန့်သွား ရာမှ ၂၀၂၂ ခုနှစ်၏ သီတင်းကျွတ် လပြည့်နေ့မှစတင်၍   ခရီးသွား များပြန်လည်   ဝင်ရောက်လာခဲ့ သည်။ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရှိ      ကျွန်းစုများကို လေ့လာ       လည်ပတ်နိုင်ရန်နှင့် အပန်းဖြေ  ခရီးသွားလုပ်ငန်းကို ၂၀၂၂ ခုနှစ်  အောက်တိုဘာတွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ရာ  ရပ်ရွာ အခြေပြု  ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်း၊   ဧည့်လမ်းညွှန် များလုပ်ငန်း၊   ရေယာဉ်မောင်းသူ များနှင့် မြိတ်ခရိုင်အတွင်းရှိ ဒေသခံ များ အလုပ်အကိုင်အခွင့်အလမ်း များစွာ    ရရှိလျက်     စီးပွားရေး အခွင့်အလမ်းများစွာ     ပွင့်လန်း စေခဲ့သည်။
မြိတ်ကျွန်းစုများတွင်ပြည်တွင်း ပြည်ပခရီးသွားများ    အဆင်ပြေ လွယ်ကူစွာ        သွားလာနိုင်ရန် Speet Boat များ၊ အမြန် ရေယာဉ် များ   စနစ်တကျ ပြေးဆွဲလျက် ရှိပြီး  ဧည့်လမ်းညွှန်များကလည်း ခရီးသွားများ အန္တရာယ်မဖြစ်စေ ရေးနှင့်    သဘာဝပတ်ဝန်းကျင်   ပျက်စီးမှု မရှိစေရန် သက်ဆိုင်ရာ ဌာနများ၏ ညွှန်ကြားချက်များနှင့် အညီ      လိုက်နာဆောင်ရွက်မှုဖြင့်    တနင်္သာရီတိုင်း      ဒေသကြီး၏       ခရီးသွားလုပ်ငန်း      ပိုမိုဖွံ့ဖြိုး တိုးတကစေရန် ဝိုင်းဝန်းပူးပေါင်း  ဆောင်ရွက်လျက်ရှိသည်။  မြန်မာ့ ပင်လယ်ပြင် အလှနှင့် သဘာဝ အလှတို့     စုဝေးရာ မြိတ်ကျွန်းစုရှိ ကျွန်းစုများ၏ သဘာဝရှုခင်းများ က ပြည်တွင်း ပြည်ပခရီးသွားများ အား      ဆွဲဆောင်လျက်ရှိပြီး ဟိုတယ်၊    မိုတယ်များနှင့် ခရီးသွား ဝန်ဆောင်မှု      လုပ်ငန်းများက နှစ်သစ်ကူး    ကာလခရီးသွားတို့ အတွက်       ဝန်ဆောင်မှုကောင်း များဖြင့်  နွေးထွေးပျူငှာစွာ ကြိုဆို လျက်ရှိကြောင်း သိရသည်။
ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ - ကနူး