ပြည်တက္ကသိုလ်စတင်ဖွင့်လှစ်သင်ကြားမှုနှင့်အတူ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

 

ပြည်   ဇန်နဝါရီ   ၆


ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်တက္ကသိုလ်အား ကိုဗစ် - ၁၉ စည်းကမ်းချက်များနှင့်အညီ ဒီဇင်ဘာ  ၆ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားလျက် ရှိကြောင်းနှင့်   ကျောင်းအပ်နှံခြင်းများ   လက်ခံ ဆောင်ရွက်လျက်ရှိသည်။

 


ပြည်တက္ကသိုလ်စတင်ဖွင့်လှစ်ရာ၌ ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်၏ စတုတ္ထနှစ်မှကျန်ရှိနေသည့် (ဒုတိယ နှစ်ဝက်) အတန်းနှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်၏ တတိယနှစ်ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ် သင်တန်း၊ မဟာတန်း(ပထမနှစ်)နှင့်(ဒုတိယနှစ်)အတန်းများ   ဖွင့်လှစ်ခြင်းဖြစ်ပြီး  ဘာသာရပ်အစုံ မေဂျာ ၁၄ ခု ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် စာသင် ချိန်အား ဘာသာရပ်အလိုက် နံနက် ၉ နာရီမှစတင်၍ ပုံမှန်စာသင်ချိန်အတိုင်း သင်ကြားပို့ချဆောင်ရွက် မည်ဖြစ်ကြောင်း   ပြည်တက္ကသိုလ်  ကျောင်းသား ရေးရာဌာနမှ  (မော်ကွန်းထိန်း)    ဦးတင်ထွေးက ပြောသည်။

 


ကျောင်းသား ကျောင်းသူများအား လက်ဆေးရည်၊ လက်သန့်ဆေးရည်နှင့် နှာခေါင်းစည်းများ တပ်ဆင် အသုံးပြု၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင်ပြုမူသွားလာရန်     ညွှန်ကြားထားပြီးဖြစ်   ကြောင်း၊ တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများကို အဆောင်များခွဲခြားထားရှိကာ ကျောင်းသားများကို နဝဒေးအဆောင်တွင် သီးသန့်ထားရှိမည်ဖြစ်ကြောင်း နှင့် ကျောင်းသူများအနက် (စတုတ္ထနှစ်)မဟာအရည်  အချင်းစစ်သင်တန်း    ကျောင်းသူများကို   သန္တာ ဆောင်၌လည်းကောင်း၊ တတိယနှစ်(ဂုဏ်ထူးတန်း)နှင့်  မဟာတန်း(ပထမနှစ်၊ ဒုတိယနှစ်) ကျောင်းသူ များကို  ရတနာဆောင်၌လည်းကောင်း ကိုဗစ်-၁၉ ကာကွယ်ရေး     ကမ်းချက်များနှင့်အညီ     ထားရှိ မည်ဖြစ်ကြောင်း  ၎င်းက ဆက်လက်ပြောကြားပြီး လက်ရှိပြည်တက္ကသိုလ်တွင်  အဆိုပါအတန်းများမှ ကျောင်းသား ကျောင်းသူစုစုပေါင်း ၂၉၆ ဦးရှိကြောင်း သိရသည်။


ကိုဆက်(ပြန်/ဆက်)