ပြည်ထောင်စုဝန်ကြီးဦးကိုကို ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) နှင့် ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာပျူမြို့ဟောင်း သုတေသနပြုလုပ်မှု၊ ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်မှုများ လှည့်လည်စစ်ဆေး

 

နေပြည်တော်    မေ      ၂၉


သာသနာရေးနှင့်    ယဉ်ကျေးမှုဝန်ကြီးဌာန   ပြည် ထောင်စုဝန်ကြီး    ဦးကိုကိုသည်    ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ပဲခူးတိုင်းဒေသကြီး   လူမှုရေးဝန်ကြီး  ဦးအောင်မင်းနှင့်အတူ  ယနေ့တွင်  သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းရှိ ဘွဲ့လွန်အသုံးချရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်း (ပြည်) သို့  ရောက်ရှိပြီး  ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ် ကြီးနှင့်  ကထိကဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကမ္ဘာ့အမွေအနှစ်   သရေခေတ္တရာ   ပျူမြို့ဟောင်း ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အစည်းများ၊ သရေ ခေတ္တရာဌာနစုမှ  ဝန်ထမ်းများကို  သင်တန်းကျောင်း ခန်းမ၌တွေ့ဆုံသည်။  

 


စာများများဖတ်ရန် လိုအပ်


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက   ဝန်ထမ်းများအနေဖြင့် စာဖတ်ကြရန် အထူးလိုအပ် ကြောင်း၊ သင်ယူလေ့လာမှုကြောင့်  တတ်မြောက် ခြင်းသည် အတတ်ပညာတတ်မြောက်ခြင်းသာဖြစ်၍ Wisdom မဖြစ်နိုင်ကြောင်း၊ စာပေလေ့လာဖတ်ရှုမှု များပြားမှသာလျှင်  မိမိကိုယ်တိုင်  ဆင်ခြင်ဉာဏ် တိုးတက်ရင့်သန်ပြီး ဆင်ခြင်စဉ်းစားမှု အားကောင်း လာကာ စစ်မှန်သောအသိပညာရှင် Wisdom ဖြစ်လာ မည်ဖြစ်ပါကြောင်း၊   ထို့ကြောင့်  ပညာရှင်ဖြစ်စေရန်   အဓိက   မှာကြားလိုသည်မှာ စာများများဖတ်ရန် လိုအပ်ပါကြောင်း၊   ရှေးဟောင်းသုတေသနပညာ သည်   မိမိနိုင်ငံနှင့်  လူမျိုး၏   ယဉ်ကျေးမှုအမွေ အနှစ် သမိုင်းအစဉ်အလာကို ဖော်ထုတ်သင့်သဖြင့် ရှေးဟောင်းသုတေသနဝန်ထမ်းများအနေဖြင့် မိမိ အလုပ်ကို လေးစားတန်ဖိုးထားကြရန်နှင့် ပိုမိုတိုးမြှင့် လေ့လာ  သင်ကြားပေးရန်၊ ဘွဲ့လွန်သင်တန်းများ  တိုးချဲ့ဖွင့်လှစ်    သင်ကြားနိုင်ရေး    မှာကြားကာ သင်တန်းကျောင်းရှိ စာသင်ခန်းမနှင့် စာကြည့်တိုက် သို့ ဝင်ရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 

 


ကြည့်ရှုစစ်ဆေး


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  သီရိ ခေတ္တရာပြတိုက်သို့ သွားရောက်ကြည့်ရှု စစ်ဆေး ပြီး  သရေခေတ္တရာပျူမြို့ဟောင်း  (ရှေးဟောင်းဇုန်)အတွင်းရှိ ဘုရားထောင်ဘုရား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၊       ဘောဘောကြီး   စေတီပေါ်တွင် ပေါက်ရောက်နေသော မြက်များနှင့် ညောင်ပင်များ ရှင်းလင်းရေး   ဆောင်ရွက်ရန်၊   တူးဖော်ရေးကုန်း အမှတ် (HMA-53) ကုန်း၊ ရဟန္တာကန်၊ ရဟန္တာမြို့ ဝင်ပေါက်နှင့် သရေခေတ္တရာ နန်းတော်ရာတို့ တူးဖော်  သုတေသနလုပ်ငန်း၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 


ထို့နောက် ရွှေဆံတော်ဘုရားသို့  သွားရောက် ဖူးမြော်ကြည်ညိုကာ   အလှူငွေကျပ်  ၁၀  သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။            

သတင်းစဉ်