ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဦး ရှမ်းပြည်နယ်/ကယားပြည်နယ်ရှိ ဥပဒေအရာရှိများ ဝန်ထမ်းများနှင့် တွေ့ဆုံ

 

နေပြည်တော် ဒီဇင်ဘာ  ၃၀


ပြည်ထောင်စု      ဝန်ကြီးနှင့် ပြည်ထောင်စု     ရှေ့နေချုပ် ဒေါက်တာသီတာဦးသည်   ရှမ်း ပြည်နယ်/  ကယားပြည်နယ်ရှိ ဥပဒေအရာရှိများ၊ ဝန်ထမ်းများ နှင့် ယနေ့မွန်းတည့် ၁၂  နာရီက ရှမ်းပြည်နယ်    တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ တွေ့ဆုံသည်။


 တက်ရောက်


အခမ်းအနားသို့ ဥပဒေရေးရာ ဝန်ကြီးဌာန  ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်    ဒေါက်တာ ထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ရှမ်းပြည်နယ်   ဥပဒေချုပ်၊ ကယားပြည်နယ် ဥပဒေချုပ်၊ ရှမ်း ပြည်နယ်ဥပဒေအရာရှိ၊ ကယား ပြည်နယ်   ဥပဒေအရာရှိ၊    ခရိုင်/ မြို့နယ်    ဥပဒေအရာရှိများနှင့် ဝန်ထမ်းများ   တက်ရောက်ကြ သည်။


ဦးစွာ  ပြည်ထောင်စုဝန်ကြီး နှင့်  ပြည်ထောင်စုရှေ့နေချုပ်က ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် ဥပဒေရုံးများတွင်       တာဝန် ထမ်းဆောင်နေသော    ဥပဒေ အရာရှိများနှင့်  ဝန်ထမ်းများကို တွေ့ဆုံအားပေးရန်   လာရောက် ခြင်းဖြစ်ကြောင်း၊ ရုံးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးမည်   ဖြစ် ကြောင်း၊ ကယားပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်း များအတွက် ဥပဒေရေးရာဝန်ကြီး ဌာနအနေဖြင့် ဝန်ထမ်းများအတွက် လှူဒါန်းငွေနှင့် စားသောက်ဖွယ်ရာ များ လာရောက်ပေးအပ်ခြင်းဖြစ် ကြောင်း၊ လုပ်ငန်းကိစ္စရပ်များနှင့် ဝန်ထမ်းများ နေထိုင်မှုကိစ္စရပ်များ အတွက် ကြိုးပမ်းဆောင်ရွက်ပေး ခဲ့သူများအားလုံးကို ကျေးဇူးတင်ရှိ ကြောင်း ပြောကြားပြီး  ငွေကျပ် သိန်း ၉၀ နှင့် စားသောက်ဖွယ်ရာ များကိုပေးအပ်ရာ ကယားပြည်နယ် ဥပဒေချုပ်က လက်ခံရယူသည်။


ဆက်လက်၍     ကယား ပြည်နယ်   ဥပဒေချုပ်နှင့်    ရှမ်း ပြည်နယ်ဥပဒေချုပ်တို့က ကျေးဇူး တင်စကားများ   ပြန်လည်ပြော ကြားပြီး  ရှမ်းပြည်နယ်    ဥပဒေ အရာရှိ၊ ကယားပြည်နယ်  ဥပဒေ အရာရှိနှင့်     ဝန်ထမ်းများက လုပ်ငန်းပိုင်းဆိုင်ရာ  ကိစ္စရပ်များ ကို ရှင်းလင်းတင်ပြသည်။


ညှိနှိုင်းဆောင်ရွက်ပေး


ထို့နောက်     ဥပဒေရေးရာ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် များက ဝန်ထမ်းများ၏ စီမံရေးရာ ကိစ္စရပ်များ၊ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ တရားစွဲနှင့်အမှုလိုက် ဆိုင်ရာကိစ္စရပ်များကို မှာကြားရာ ဒုတိယဝန်ကြီးနှင့်  ဒုတိယရှေ့နေ ချုပ်က   လုပ်ငန်းလမ်းညွှန်ချက် များအပေါ်      ဖြည့်စွက်မှာကြားခဲ့ ပြီး     ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု    ရှေ့နေချုပ်က ဝန်ထမ်းများတင်ပြသော အခက် အခဲများနှင့်    လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။


ကြည့်ရှုစစ်ဆေး


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ်သည် တောင်ကြီးမြို့ ကံကြီး ရပ်ကွက်၌   ယာယီဖွင့်လှစ်ထား သည့် ကယားပြည်နယ် ဥပဒေချုပ် ရုံးသို့ သွားရောက်၍ လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဥပဒေအရာရှိ များနှင့်ဝန်ထမ်းများကို   အားပေး စကားများ ပြောကြားခဲ့ကြောင်း သိရသည်။              

သတင်းစဉ်