
နေပြည်တော် နိုဝင်ဘာ ၂၄
နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရား ကောင်းမွန်အဆင်ပြေစွာ ဆောင် ရွက်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိ၊ သစ္စာရှိစွာဖြင့် ဆောင် ရွက်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် နွေးနွေးထွေးထွေး ဆက်ဆံခြင်းနှင့် ဥပဒေရေးရာ ဝန်ကြီးဌာနအနေဖြင့် ဌာန၏ ဝန်ထမ်းများ စည်းလုံးညီညွတ်မှု ရှိသည်ကိုလည်း ဖော်ဆောင်လျက် ရှိကြောင်း ပြသသည့်အနေဖြင့် ဝန်ထမ်းများ၏ နေ့လယ်စာ စားပွဲကို ယနေ့ နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီ ထပ်အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
နေ့လယ်စာ စားပွဲတွင် ပြည် ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး က ဝန်ထမ်းများသည် မိမိတို့ ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်စေရန် အဆင့်အလိုက် ပူးပေါင်းဆောင်ရွက်နေကြသည့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြောင်း၊ ယခုအချိန်၌ ပေးအပ်သည့် တာဝန်များကို တာဝန်ယူစိတ် အပြည့်ထားရှိပြီး တာဝန်ထမ်း ဆောင်နေသည့် အရာထမ်း၊ အမှု ထမ်းများ၏ တာဝန်ကျေပွန်မှု၊ လုပ်ငန်းများကို စည်းကမ်းရှိရှိ၊ ပျော်ပျော်ရွှင်ရွှင်၊ သစ္စာရှိရှိ၊ ရဲရဲဝံ့ဝံ့၊ စိတ်ဝင်တစား လုပ်ဆောင်နေမှု များကို အသိအမှတ်ပြု အလေး ထားပါကြောင်း၊ လပြည့်လကွယ် နေ့ရက်များ၌ ဝန်ကြီးဌာန၏ ဘုရားခန်းတွင် ဦးစီးဌာနအလိုက် ဝတ်ရွတ်ပူဇော်ကြပြီး အရာထမ်း၊ အမှုထမ်းများအား အာဟာရဒါန ကျွေးမွေးခြင်းများကို နွေးထွေး ခင်မင်စွာ အတူတကွ စားသောက် လေ့ရှိကြကြောင်း၊ ယနေ့တွင် လည်း နေ့လယ်စာကို အရာထမ်း၊ အမှုထမ်းများနှင့် အတူတကွ စားသုံးပြီး စိတ်ပင်ပန်းနွမ်းနယ် မှုများ ပြေပျောက်ကာ ကိုယ်ကျန်း မာ၊ စိတ်ချမ်းသာပါစေကြောင်း ဆုမွန်တောင်းစကား ပြောကြား သည်။
ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေ ချုပ်က ဥပဒေရေးရာဝန်ကြီးဌာန ရှိ အရာထမ်း၊ အမှုထမ်းများ နှင့်အတူ နေ့လယ်စာကို အတူ တကွ ရင်းနှီးစွာ သုံးဆောင်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်