
လားရှိုး စက်တင်ဘာ ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်အတွင်း လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့နံနက် ပိုင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြည်နယ်အတွင်းရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများကို မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် စိုက်ပျိုးရေးဦးစီးဌာန ဧည့်ရိပ်သာခန်းမတွင် လည်းကောင်း၊ သံယဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် သစ်တောဦးစီးဌာနရိပ်သာ၌လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက် ခိုင်ဝင်းသည် လားရှိုးမြို့ ခုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံခန်းမ၌လည်းကောင်း၊ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးခန်းမ၌လည်းကောင်း သက်ဆိုင်ရာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တွဲဖက်ပြည်နယ် (ပြန်/ဆက်)