ပြည်ထောင်စုဝန်ကြီးများ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဝန်ထမ်းများနှင့် တွေ့ဆုံ

 

မြစ်ကြီးနား   စက်တင်ဘာ   ၁၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်း လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများသည် ယနေ့ နံနက်ပိုင်း တွင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပြည်နယ်အတွင်းရှိ ဦးစီးဌာန များမှ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက်မှုများ ကို မှာကြားသည်။


ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည်  ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးလှမိုးသည် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံး၌ လည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြည်နယ် သစ်တောဦးစီးဌာန  ဧည့်ရိပ်သာ၌  လည်းကောင်း၊  ကျန်းမာရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး  ဒေါက်တာသက်ခိုင်ဝင်းသည် မြစ်ကြီးနားမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံသည် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီး  ဌာနရုံး၌ လည်းကောင်း သက်ဆိုင်ရာဝန်ကြီးဌာနအောက် ဦးစီးဌာန များမှ ဌာနဆိုင်ရာအကြီးအကဲများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။        

(ပြည်နယ် ပြန်/ဆက်)