ပြည်ထောင်စုဝန်ကြီးများ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို ကြည့်ရှုအားပေး

 

နေပြည်တော်   ဇန်နဝါရီ   ၂၃


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏  တက္ကသိုလ် ပေါင်းစုံ အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း၊   အားကစားရုံများ၌    အားကစားနည်းများအလိုက်  ဆက်လက် ကျင်းပလျက်ရှိသည်။ 


ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန      ပြည် ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်း ကျော်၊   အားကစားနှင့်  လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အား ကစားနှင့်  လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့ သည် ဝဏ္ဏသိဒ္ဓိအားကစား ကွင်း (C)   ရုံတွင်    ကြက်တောင် ပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှု နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး၊      ဒုတိယ ဝန်ကြီးများသည်   (A)   ရုံတွင်  စားပွဲတင်တင်းနစ် ယှဉ်ပြိုင်ကစား နေမှုများကို  လှည့်လည်ကြည့်ရှု အားပေးပြီး   ပြိုင်ပွဲများအပြီးတွင် ကျောင်းသား အားကစားသမား များကို   ရင်းရင်းနှီးနှီး   နှုတ်ဆက် အားပေးစကား ပြောကြားသည်။


ဝဏ္ဏသိဒ္ဓိ     အားကစားကွင်း အမှတ် (၃) ၌ အုပ်စု(ဃ) ပွဲစဉ်ဖြစ်  သော    ရန်ကုန်အရှေ့ပိုင်းဇုန်နှင့်  တောင်ကြီးဇုန်မှ ဘောလုံးအသင်း တို့  ယှဉ်ပြိုင်ကစားကြရာ   ယင်း ပွဲစဉ်တွင် တောင်ကြီးဇုန်က ရန်ကုန် အရှေ့ပိုင်းဇုန်ကို      ခြောက်ဂိုး- ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိသည်။   ညနေပိုင်းတွင်  ကွင်းအမှတ် (၁) တွင်  အုပ်စု (က) ပွဲစဉ်ဖြစ်သော ရန်ကုန်      အနောက်ပိုင်းဇုန်နှင့်   ဘားအံဇုန်တို့ ယှဉ်ပြိုင်ကစားကြ ရာ ဘားအံဇုန်က ရန်ကုန်အနောက် ပိုင်းဇုန်ကို   လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ညနေပိုင်းတွင်         ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ကွင်းအမှတ် (၃) တွင် အုပ်စု(က) ပွဲစဉ်ဖြစ်သော ပုသိမ်ဇုန်နှင့် ပြည်ဇုန်တို့ ယှဉ်ပြိုင် နေမှုများကို       ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ၊ အုပ်ချုပ်သူ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစား သမားများ ကြည့်ရှုအားပေးသည်။  အဆိုပါ ပြိုင်ပွဲတွင် ပုသိမ်ဇုန်နှင့် ပြည်ဇုန်တို့ အကြိတ်အနယ်ကစား ကြရာ တစ်ဂိုးစီ သရေပွဲဖြစ်သည်။ ပွဲစဉ်အပြီးတွင်        ဒုတိယဝန်ကြီး ဒေါက်တာ     အောင်ဇေယျ     က အားကစားသမားများကို ရင်းရင်း နှီးနှီးနှုတ်ဆက်ပြီး အားပေးစကား များ   ပြောကြားခဲ့ကြောင်း   သိရ သည်။                    

သတင်းစဉ်