
နေပြည်တော် ဖေဖော်ဝါရီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်း နောင်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်တို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ရွာလတ် ကျေးရွာ ဇလင်းတောင်ရွာ ပတ်ဝန်းကျင်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာနမှ တူးဖော်ပြီး သည့် ရိုးခြားကန်၊ ညောင်ကန်၊ ထောက်ရှာ ကန်၊ ဇလင်းတောင်ကန်နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တူးဖော်ပြီးသည့် ဖိုးချုပ်ကန်၊ ဖောင်ရှိုးကန်တို့ကို ကြည့်ရှု စစ်ဆေးပြီး အဆိုပါကန်များကို ရေရှည် အသုံးပြုနိုင်ရေး ကန်များသန့်ရှင်းစေရေး သက်ဆိုင်ရာဌာနများ၊ ဒေသခံပြည်သူ များ ပူးပေါင်းဆောင်ရွက်ရန် မှာကြားကြ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ သည် ရွာလတ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအနီးရှိ ပေ ၇၀၀ စက်ရေတွင်း တူးဖော်ထားရှိမှု၊ ရေပေးဝေရန် စီစဉ် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိ သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ကြသည်။
မြကန်ပြုပြင်ထိန်းသိမ်း
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ညောင်ဦးမြို့နယ်ရှိ မြကန်ပြုပြင်ထိန်းသိမ်း နေမှုများကို ကြည့်ရှုစစ်ဆေးကြရာ မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးက နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်အရ ပုဂံကမ္ဘာ့ အမွေအနှစ်ဒေသတွင် ရေကြီးရေလျှံခြင်း နှင့် ရှေးဟောင်းအဆောက်အအုံများ၏ တံတိုင်းအတွင်းနှင့် အနီးပတ်ဝန်းကျင် နေရာများတွင် ရေဝပ်မှုထပ်မံမဖြစ်ပေါ်စေ ရေးတို့အတွက် ပုဂံခေတ်ရေအရင်းအမြစ် စီမံခန့်ခွဲမှုစနစ် သုတေသနပြုချက်အရ ရှေးဟောင်းရေလမ်းကြောင်းများ ပြန်လည် ဖော်ထုတ်ခြင်းနှင့် ရှေးဟောင်းရေကန် များ ပြန်လည်ဆယ်ယူထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိမှု မြကန်ပြုပြင် ထိန်းသိမ်းမှုများကို ရှင်းလင်းတင်ပြသည်။
ထိန်းသိမ်းစောင့်ရှောက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး များနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ သည် ညောင်လက်ဖက်ကန်၊ ရွှေနန်းရင် တောကန် - ၁ (ထိန်ကန်)၊ အလံပုဂံကန် (အလံပြကန်) တူးဖော်မှုကို ကြည့်ရှု စစ်ဆေးကြပြီး ပြည်ထောင်စုဝန်ကြီးများ က အဆိုပါကန်များသည် ပုဂံခေတ် ရေအသုံးချမှုတွင် အရေးပါခဲ့သော ရှေးဟောင်းရေကန်များ ဖြစ်သည့်အပြင် ပုဂံခေတ်မှ ယနေ့အထိ အသုံးပြုခဲ့ပြီး ဒေသခံများ၏ သောက် သုံးရေ၊ စိုက်ပျိုးရေ တို့တွင် အထောက်အကူဖြစ်၍ ရေရှည် အသုံးပြုနိုင်ရေး ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိသူများကို မှာကြားကြသည်။
ဆက်လက်၍ ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန် ၁ဝ၆ ကန်အနက် ၉၁ ကန်ကို အပိုင်း နှစ် ပိုင်းခွဲခြား၍ ပထမအဆင့် ၄၆ ကန်နှင့် ဒုတိယအဆင့် ၄၅ ကန် သတ်မှတ်ထားပြီး ပထမအဆင့် ၄၆ ကန်အနက် ပထမ ဦးစားပေး ၁၁ ကန်၊ ဒုတိယဦးစားပေး ၁၁ ကန်၊ တတိယဦးစားပေး ၁၂ ကန်၊ စတုတ္ထ ဦးစားပေး ၁၂ ကန်တို့ကို ဦးစားပေး အလိုက် ဆယ်ယူထိန်းသိမ်းသွားမည့် အခြေအနေ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ပုံငွေဖြင့် ရှေးဟောင်းရေကန် (၆) ကန်၊ နယ်စပ် ရေးရာဝန်ကြီးဌာနမှ ရှေးဟောင်းရေကန် (၅)ကန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရှေးဟောင်း ရေကန် (၆)ကန်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွှေနန်းရင်တောကန် (၃)ကန်၊ လှရတနာဆရာတော် ဘဒ္ဒန္တနာရဒါ ဘိဝံသက ရှေးဟောင်းရေကန် တစ်ကန်၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး(ငြိမ်း) သူရဦးမြင့်မောင်မိသားစုက ရှေးဟောင်း ရေကန် တစ်ကန်၊ ဦးမင်းညီ၊ ဒေါ်ဇင်မြင့်မောင် မိသားစုက ရှေးဟောင်း ရေကန် တစ်ကန်၊ ဦးအောင်ကိုဇော်မိသားစု က ရှေးဟောင်းရေကန် တစ်ကန်၊ ဒေါက်တာ လှဝင်းအောင်က ရှေးဟောင်းရေကန် တစ် ကန် စုစုပေါင်းရှေးဟောင်းရေကန် ၂၅ ကန်ကို ဆယ်ယူထိန်းသိမ်းမည့်အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ရန်ပုံငွေဖြင့် တူးဖော် ထိန်းသိမ်းမည့် တောင်ကျောင်းကန် (တောရကျောင်းကန်)နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တူးဖော်ထိန်းသိမ်းဆောင် ရွက်ပေးမည့် ဖျောက်ဆိပ်ပင်ကန် (၁)၊ (၂)၊ (၃) တို့ကို ကြည့်ရှု၍ ပုဂံခေတ် ရေအသုံးချမှုတွင် မြကန်ရေပိုလွှဲမှ စီးဆင်း လာသောရေများကို ဒေသတွင်း ရေဝပ် ရေလျှံမှုမရှိစေရန် ရေသွယ်မြောင်းများဖြင့် စနစ်တကျသွယ်ယူခဲ့ပြီး ဒေသခံများ သောက်သုံးရေ၊ စိုက်ပျိုးရေအသုံးပြုနိုင်ရန် ယခုလို ကန်များ ဆယ်ယူသိုလှောင် ထိန်းသိမ်းခဲ့ကြောင်း၊ အဆိုပါရှေးဟောင်း ရေကန်များကို ဆက်စပ်ဝန်ကြီးဌာနများ အကူအညီဖြင့် စနစ်တကျ ဖော်ထုတ် ဆယ်ယူ၍ ဒေသခံများအတွက် သောက် သုံးရေ၊ စိုက်ပျိုးရေရရှိအောင် စီမံဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင် ရွက်မှုကုန်ကျစရိတ်များ လေလွင့်မှု မရှိ စေဘဲ အရည်အသွေးကောင်းမွန်သပ်ရပ် အောင် ဆယ်ယူထိန်းသိမ်းဆောင်ရွက် သွားရန် တာဝန်ရှိသူများကို မှာကြားကြ သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက တူးဖော်ထိန်း သိမ်းမည့် ရွှေနန်းရင်တောကန်(၃)ကန်နှင့် သန့်ရှင်းရေး ဆောင်ရွက်လျက်ရှိသော Area E တွင် ပါဝင်သည့် ရွှေနန်းရင်တော ဘုရားအစု သန့်ရှင်းရေးဆောင်ရွက်ထားမှု တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးကြ သည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် ဧရိယာ (၁၁) ပိုင်းခွဲ၍ ပေါင်းမြက်၊ ချုံနွယ်၊ ညောင်ပင်၊ ကန္တာရပင်များ ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ စုစုပေါင်း စေတီပုထိုး ဂူဘုရားပေါင်း ၁၇၃၁ ဆူ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆက်ကပ်လှူဒါန်း
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး များနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ သည် လောကနန္ဒာစာသင်တိုက်သို့ သွားရောက်၍ နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင် လောကနန္ဒာစာသင်တိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုပြီး ညောင်ဦးမြို့ရှိ စာသင်တိုက် (၃) တိုက် အတွက် ဥပ္ပါတသန္တိကျမ်းစာအုပ် ၃၃၉ အုပ်နှင့်လှူဖွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက် အာနန္ဒာဘုရားသို့ ရောက်ရှိပြီး ရွှေသင်္ကန်းကပ်လှူပူဇော် ပြီးစီးမှုအခြေအနေ၊ ရွှေဆံတော်ဘုရားတွင် မိုးကြိုးလွှဲတပ်ဆင်ထားမှုနှင့် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက တူးဖော် ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်လျက် ရှိသည့် ဆွေတော်မျိုးတော်ကန်နှင့် ရွှေထီး ကန်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်